ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် အချိန်အပြောင်းအလဲမရှိ
ကော့သောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန်ပြင်ဆင်ထားသည့် နဖူးစည်းစာတန်းကို ဒီဇင်ဘာ ၂၀ရက်က တွေ့ရစဉ်
7 Day News Journal, 2012 —- ကော့သောင်း၊ ဒီဇင်ဘာ – ၂၁ဒီဇင်ဘာ ၂၂ ရက် နံနက် ၇ နာရီတွင် ရန်ကုန်လေဆိပ်မှ ကော့သောင်းမြို့သို့ ထွက်ခွာရန် ကြိုတင် လက်မှတ်စီစဉ်ထားသော အဆိုပါ ခရီးစဉ်တွင် လေယာဉ်သည် လေးနာရီခွဲခန့် အချိန်နောက်ဆုတ်ပြီးမှ ထွက်ခွာမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ညှိနှိုင်းမှုများ အဆင်ပြေသွားပြီ ဖြစ်သောကြောင့် မူလစီစဉ်ထားသည့်အတိုင်းပင် ဆက်လက်ထွက်ခွာမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အဖွဲ့သည် ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၂၂ မှ ၂၄ အထိ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် လာရောက်မည့် ကော့သောင်းမြို့တွင်လည်း ၎င်းအား ထောက်ခံအားပေး သူများက ကြိုဆိုပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး ကော့သောင်းမြို့ လမ်းဆုံလမ်းခွများ၌ ကြိုဆိုသည့် ဗီနိုင်းဘုတ်များ၊ NLD အလံများ ဆိုက်ထူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
No comments:
Post a Comment