မြန်မာ၌ ရင်းနှီး မြုပ်နှံရန် ထိုင်း မျက်စိကျ၊ လုပ်ငန်း ရှင်များ သွားရောက် လေ့လာမည်
ရွှေဟင်္သာသတင်းဌာန. ၁၁ရက်နေ့ ဒီဇင်ဘာ ၂၀၁၂ —- ထိုင်း စီးပွားရေး ရင်းနှီး မြုပ်နှံ သူများ အနေနှင့် မြန်မာ နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်း အမျိုးအစား (၁၆) မျိုး၌ ရင်းနှီး မြုပ်နှံရန် စိတ်ဝင် စားလျက် ရှိသည်ဟု ထိုင်းကုန်သည် ကြီးများ အသင်းမှ ယမာန် နေ့က ဆိုပါသည်။
အဆိုပါ ကဏ္ဍ များမှာ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ကျောက်မျက် ရတနာ၊ ဆန်တင်ပို့မှု၊ ငါးနှင့် ရေထွက် ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်း၊ ဖြန့်ဖြူးရေး လုပ်ငန်း၊ အချိုရည်နှင့် ယမကာ လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ ပညာရေးနှင့် မီဒီယာနှင့် သက်ဆိုင်သည့် စီးပွားရေး လုပ်ငန်းတို့ ဖြစ်သည်ဟု ဆိုပါသည်။
လာမည့် အပတ် တနလာင်္နေ့ ၌လည်း ထိုင်းစီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ မြန်မာ နိုင်ငံသို့ ရင်းနှီး မြုပ်နှံမှု ပြုနိုင်မည့် အနေ အထားများ ကို သွားရောက် လေ့လာ ဖွယ်ရှိပြီး ၄င်း ထိုင်း စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ် အဖွဲ့အား ထိုင်းကုန်သည် ကြီးများ အသင်း ဥက္ကဋ္ဌ Phongask Assakul ဦးဆောင် သွားမည်ဟု ဆိုပါသည်။
“အဲဒီ ကဏ္ဍတွေမှာ ရင်းနှီး မြုပ်နှံမှု ပြုဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကို သွားရောက် လေ့လာ ပြီးတော့ ဆွေးနွေး ကြဖို့ ရှိပါတယ်” ဟု ထိုင်း ကုန်သည် ကြီးများ အသင်း၏ ယမာန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြ ထားပါသည်။
မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို အတည်ပြုပြီး နောက်ပိုင်းတွင် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီး မြုပ်နှံမှု ပြုရန် ပိုမို စိတ်ဝင်စားမှု ရှိလာသည်ကို မြင်တွေ့ ရသည်။
“ သံရုံးကို တစ်နေ့ဆိုရင် ထိုင်းစီးပွားရေး လုပ်ငန်းရှင် လေးဖွဲ့၊ ငါးဖွဲ့လောက် နေတိုင်း ရောက်လာ ကြပါတယ်” ဟု မြန်မာ နိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ် Pisanu Suvanajata မှ ဆိုပါသည်။
ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မြန်မာနိုင်ငံနှင့် ဆက်စပ် လုပ်ဆောင် နိုင်မည့် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေလျက် ရှိသည်။
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုနှင့် အာဆီယံ မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုမှာ ထိုင်းလုပ်ငန်းရှင် များအား မြန်မာ နိုင်ငံ၌ ရင်းနှီး မြုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင် နိုင်သည့် အချက် များလည်း ဖြစ်သည်။
Written by ရွှေဟသာင်္သတင်းဌာနာ
ကိုးကား – The Nation
No comments:
Post a Comment