မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ
ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ
ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
၎င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင်
နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော
ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း
တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများအား
တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ
ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။
"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ
ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ
သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ
မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။
ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး
ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့်
အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို
မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့ အောင်မြင်မှု
တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော
အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့်
ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့်
ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့
ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့
အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော
ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ
ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း
တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ
ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး
စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး
သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ
ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့
ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို
ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့
နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ
အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက
ပြောကြားခဲ့ပါသည်။ |
Comments
Ko Myo Chit = Kyaunt Phut or U Aung Thaung or U Kyaw San
Jealousy! Jealousy! Jealousy!
Based on jealousy, you try very hard to discredit Daw Aung San Su Kyi.
It is obvious. You should better shut up otherwise, you discredit yourself.
You better learn how to behave as global citizen. If you are too conservative you are not welcoming democracy, rather you sound like so called dictator (regime). Your comments does not help our country or our people. Therefore, if you are really Ko Myo Chit (Patriot), open your eyes, your ears and be Myo Chit.
မင်းအဘ ဗိုလ်ချုပ်တွေက တကယ့်အပြောင်းအလဲလုပ်ပေးမယ်ထင်လို့လား။ စိတ်ကူးယဉ်မနေနဲ့။ သူတို့စားခွင်တွေကို လက်လွတ်ခံမှာမဟုတ်ဘူးကွ
(As u add ur comment here as well, I also add my response quote here again.)
So called- Ko Myo Chit,
Firstly, let me say shame on you as you took the name 'Ko Myo Chit- Mr. Patriot' but, with very narrow minded. You might be some person who just has mere Jealousy. Or moreover, some destructive art person who has mission to spoil the relationship between our leader mother Daw Su and our president U Thein Sein.
Both of them played important roles as the leaders of our country's journey towards democracy, development, peace. People with common sense know that.
And it seems you want to try to split them (Praising one person and condemning another). NO WAY, guy (or some group), NO WAY. They are far more matured than your silly tricks.
You also tried criticizing mother Daw Su and US president greeting manner. So what? Every common sensed people know that it is just 'sincere, honest, polite, cultural greetings'. There are very few ladies who make the country and people to be proud of by promoting Myanmar traditional dress than our mother Daw Su. Myanmar dress is popular among international now. Myanmar traditional is attractive area now. Where were you then that time? Sleeping, or trying to find out points to criticize others, how to do destructive counters?
Today, we- real Myanmar people are proud of mother Daw Su, our president U Thein Sein, and our friends US president and co. General Aung San will be proud of her daughter, proud of his country.
Mother, pls go on to lead us. President U Thein Sein, pls go on with your trying for the country. Pls build on the unity. We all are standing by you- as good followers.
{ Right ! } Please Q ( Queue ) Everywhere And Every Service In The Whole Myanmar ,
ဒါပေမယ့် ဒို့အမေ့ ပါး နမ်းသွားတာတော့ အသဲနာလှ၇ဲ့
we can hope bright future for our country.
Did your father (Our Bogyoke) teach you how to behave or meet a stranger (not your husband) with hugs and kisses? Is it your FAMILY culture or custom to hug and kiss in front of cameras and public reporters? You are the next in line for our country’s leadership and you set an example to show your Myanmar citizen people to hugs and kisses to a foreigner.
In addition, you even worshipped “ lat oak chi kan talk tal” to a person that you barely knows in your whole life. Neither is he your father nor your teacher nor a person older that you NOR definitely our PRESIDENT.
May I asked you that when was your last time “lat oak chi kan talk tal” to your late parents and teachers even we are currently at the end of Buddish Lent if you call yourself a traditional Buddish Myanmar Lady.
You are what you are because of our president U Thein Sein. He gave you the diginity becoming the women of the your stature. Besides, whatever you may be.. you are not the head of state of Myanmar. please do not overstep the line. If you really care about respect, honour and freedom as a Myanmar Citizen.. then you should have worshipped to our current president, U Thein Sein, who makes a pathway for you to become the stature at you are now. You shall thank him NOT Obama.
You are just a “symbol” of democracy in Myanmar, Not the activator. It is President U Thein Sein and his cabinet who are the active participants of democratization. You are nothing but a person who warship and kiss a foreigner in public. It is definitely your father (our bogyoke) will be ashamed of your behavior and absolutely not his or our culture to be kissed or licked by foreigner men other than your hubby Michael Aris.
ဈေးဝယ်ရင်တန်းမစီကြားဖြတ်ချင်တာကအစ၊ ရသမျှခိုးချင်ကြတဲ့အကျင့်ဆိုးတွေဖျောက်ကြမှတိုင်းပြည်တိုးတက်ရေးရှေးရှုနိုင်မှာပါ။
သမ္မတကြီးကိုလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရွှေရည်မစိမ် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ရဲရဲကြီးသာ ဆက်လျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီလိုဆိုရင် နဂိုက ရေခံမြေခံ ဘာသာတရားအခြေခံ ကောင်းပြီးသား ကျနော်တို့နိုင်ငံဟာ အလှပေါ်အယဉ်ဆင့်လို့ ကမ္ဘာ့အလယ် တင့်တယ်မှာ မလွဲဧကန်ပါဗျာ။
မ္မတ ဦးသိန်းစိန်ကိုတော့ power တင်ပေးလိုက်ပြီ ဦးသိန်စိန်က
နောက်ကွယ်ကလက်မဲကြီးတွေလက်ကနေ ရှူန်းထွက်ပြီ ပြည်သူတွေ
အမှန်တစ်ကယ်လိုချင်တဲ့ တရားမျှတမှု ငြိမ်းချမ်းသာယာမှုတွေ စစ်
မှန်တဲ့ ဒီမိုကရေစီ အနှစ်သာ၇တွေကို ယူဆောင်ပေးနိုင်မဲ့ သူတစ်
ယောက်ဖြစ်မဖြစ်ကို စောင့်ကြည့် ရမဲ့အချိန်ပါ ခုချိန်ထိတော့ ဦးသိန်းစိန်ခမျာလဲ လက်မဲကြီးတွေလက်ညှိုးညွှန်ရ်ာလျောက်နေ
ရသေးတဲ့ ဘ၀ပါ..