Monday, November 19, 2012

မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား



မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား  
PDF Print
Monday, 19 November 2012 12:12
AddThis Social Bookmark Button
မြန်မာနိုင်ငံ မင်္ဂလာပါ......
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက် လာခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေ ခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့် ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။

သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန် ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။ လွတ်လပ်မှုရဲ့ အသံကို မျော်လင့်နေတဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေ၊ ကျောင်းသားတွေရဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှာ အဆက်အသွယ်မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပသွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။ " ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော်သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ အံ့အားသင့်ဖို့တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်တစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက်ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ်မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။
အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး''လို့ ပြောခဲ့ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။
အမေရိကန်ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အားရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက်ထိန်းချုပ်မှုအောက်မှာပဲရှိရပါမယ်။ သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့် ဆန္ဒအတိုင်းလွှမ်းမိုးလို့မရပါဘူး။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လိုတရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ အနာဂတ်တစ်ခု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။ အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။
နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။ အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှမယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။
အမေရိကန်မှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေအတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။

ကျေးဇူးတင်ပါတယ်...။
 

Comments 

0 #27 liger 2012-11-20 14:02
Hi Shweyoelatt
I saw the updated script/ translation now. That's the way to go. I'm not a Rohinger/Bengali advocate but people need tolerate different opinions and views. Appreciating diversity and differences will, as per Mr Obama, move this country forward.
+8 #26 Shweyoelatt 2012-11-20 01:29
Dear Liger, Minwai87, . . .

EMG ဖြတ်ညှပ်တာ မဟုတ်ပါ။ ခေါင်းစဉ်ကို update မလုပ်ရတာပဲရှိမှာပါ (သို့) update အလုပ်လွဲတာပါ။
အခု page မှာတင်ထားတဲ့ စာမူက အိုဘာမား မိန့်ခွန်းမပြောခင်ကတည်းက နေ့လည်ပိုင်းကတည်းက EMG site မှာ ကြိုတင်ဖော်ခဲ့တဲ့ (မိန့်ခွန်းမူကြမ်း) ပါ။ EMG ဘယ်လို ကြိုရလာမှန်းတော့ မသိဘူးလို့ နေ့လည်ကတောင် အံ့သြနေတာ။

http://news-eleven.com/index.php?option=com_content&view=article&id=16464:2012-11-19-18-46-59&catid=42:2009-11-10-07-36-59&Itemid=112 မှာ မိန့်ခွန်း အပြည့်အစုံ ဘာသာပြန်ရောက်နေပါပြီ။ ဂျာနယ်ထွက်လာရင်လည်း ရှင်းသွားပါမယ်။ EMGကို အပြည့်အ၀ ယုံကြည်မှုပေးအပ်ထားပါတယ်။
EMG ကော၊ နိုင်ငံအနေနဲ့ကော တရားဝင်အသိအမှတ်မပြုတဲ့ identity စကားလုံး ရိုဟင်ဂျာ ကိုတောင် အိုဘာမားပြောသွားတဲ့ အတိုင်းပဲ သုံးပေးထားပါတယ်။ လေးစားပါတယ် EMG. မြန်မာ မီဒီယာများအနေနဲ့ (if possible, International media as well) ဘင်္ဂါလီဆိုတဲ့ အသုံးကိုသာ ဆက်လက်သုံးစွဲပေးသွားမယ်လို့ မျှော်လင့်ပါတယ်။
+20 #25 shwebamar1 2012-11-19 23:13
သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။
ရိုဟင်ဂျာကစ္စနဲ့ပတ်သက်ပြီး အိုဘားမားပြောတာတွေသည် ရခိုင်တိုင်းရင်းသားတွေအတွက် မျှတမူကင်းမဲ့တယ်လို့ ခံစားရပါသည်။
ဘင်္ဂလားလူဦးရေပေါက်ကွဲမူသည်ငြင်းမရပါ။ ခိုးဝင်မူတွေရှိနေတာလဲ ယခုတိုင် ချင်းပြည်မှတဆင့်ပတ်ဝင်နေသည် ငြင်းမရ။ လ.၀.က လာဘ်စားတာလဲငြင်းမရ။ ရခိုင်တွေသာ ရိုဟင်ဂျာအိမ်တွေကို အစတည်းက မီးရို့နေရင် ကုလားဦးရေ ၈သိန်းလည်းရှိမလာနိုင်ပါ။ မသီတာထွေးလို မှဒိမ်းကျင့် အသတ်ခံရမူလည်းမဖြစ်နိုင်ပါ။
နိုင်ငံသားဖြစ်ပြီးသား မူဆလင်တွေရဲ့ မူဆလင်ဘာသာရေးစိတ်ဓါတ် ခေါ် ဂျီဟတ်ကြောင့်လည်းအကြမ်းဘက်မူများပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၊ အော်စီနူင့် အင်္ဂလန်လို ဥပဒေစိုးမိုးသော တိုင်းပြည်တွေမှာ ဖြစ်ခဲ့သောမူဆလင်ဆန္ဒပြပွဲတွင် ခေါင်းဖြတ်သတ်ဖြတ်ရန် လူံဆော်သောပိုစတာတွေကို ဘယ်လို လူအခွင့်အရေးအဖွဲ့မျက်စိမှိတ်နေသလဲ။ ဂျီဟတ်ကို လူအခွင့်အရေး ဘယ်သူတွေ သွားတောင်ဝံ့သလဲ? ။ ဂျီဟတ်ကိုနိုင်တာ အစ္စရေးသာရှိသည်။ ဒါကြောင့်အစ္စရေးကို မြန်မာ မူဆလင် ဆိုသူတွေလဲ မုန်းကြသည်။ တကမ္ဘာလုံးက မူဆလင်တွေလည်း မုန်းကြသည်။
ယနေ့ မျက်မှောက် အစ္စရေး- ပါလက်စတိုင်း ကိုကြည်ရင်သိသာစွာမြင်နိုင်သည်။ သေချာတာ မူဆလင်မှာ နိုင်ငံမရှိကြပါ။
+10 #24 Nobody 2012-11-19 21:16
I appreciate his visit but so far do not appreciate this paragraph:

Today, we look at the recent violence in Rakhine State that has caused so much suffering, and we see the danger of continued tensions there. For too long, the people of this state, including ethnic Rakhine, have faced crushing poverty and persecution. But there is no excuse for violence against innocent people. And the Rohingya hold themselves -- hold within themselves the same dignity as you do, and I do.

Hopefully ASSK will be realistic not follow Obama's sayings in this area otherwise she will fall quicker than she thinks
+50 #23 GADGETEER 2012-11-19 19:49
]အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ I Like It . Nobody Above The Law In America . Somebody Above The Law In Myanmar .
+22 #22 liger 2012-11-19 19:27
Dear EMG
You have been the leading media to push forward the freedom of press, and freedom from censorship. Now I see you are Hypocrites! You clearly censored the 'Rohinger' part in the Speech of arguably the most powerful person in the world! He came to this country to show how Democracy works in US and the importance of tolerance among people living in the country and you CENSORED his speech. You disappoint me in this bit completely.
+25 #21 minwai87 2012-11-19 18:41
Hell EMG...what happened? The Speech of Obama is being edited. Is it called media ethic..If you can not face the right things, you can not move forward..Beside, you might gonna be reversed.
+67 #20 salamander 2012-11-19 17:08
Quote:
ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။


ဒီမိုကရေစီရဲ. စံနှုန်းကို တိုင်းတာနိုင်တာ ဒါပါပဲ။ သူတို.မှာကတော့ ပြောတဲ့အတိုင်း တကယ်ပါပဲ။ သာတူညီမျှပါပဲလေ။
ဒီမှာကတော့ "ဥပဒေအထက်အတွင် မည်သူမျှမရှိ" လို.ကြွေးကြော်လာတာ ဆယ်စုနှစ်ပေါင်းများစွာကြာပါပြီ။ ဒါပေမယ့် အခုအချိန်အထိ ဒီစကား တကယ်ဟုတ်မဟုတ် ဆိုတာ မြန်မာနိုင်ငံသူနိုင်ငံသားတွေ သိပါတယ်။ မဝေးတော့ တချိန်မှာ မြန်မာနိင်ငံသည်လည်း အိုဘားမားပြောတဲ့အတိုင်း ဖြစ်လာနိုင်ပါစေလို. .......
+21 #19 Sora 2012-11-19 17:05
EMG, the translation is not so smooth! Anyway, this is a really good speech! His style and manners during speech is excellent. All Myanmar officials should learn from it. They are looking at the prepared speech all the time, looking down at the paper during the whole speech. No doubt, President Obama and his advisers also think and prepare the speech in advance most of the time but he improvise during the speech, not just reading word by word (verbatim) in the paper which myanmar official always do which is really boring.
+94 #18 zeroworld 2012-11-19 17:02
သမ္မတ အိုဘားမားကတော့ ဒီမိုကရေစီ နိုင်ငံအဖြစ်ရောက်အောင် အကူအညီပေးမယ်လို့ အာမခံချက်ပေးသွားပါပြီ၊
မြန်မာလူမျိုးတွေရဲ့ အချိန်မလေးစားခြင်း၊ ကိုယ်ခြင်းစာမှုမရှိခြင်း၊ လမ်းမပေါ်ကွမ်းတတွေး ထွေးခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ စည်းကမ်းမလိုက်နာခြင်း၊ ကတိကိုမစောင့်ထိန်းခြင်း စတာတွေကို မပြင်သ၍ ဒီမိုကရေစီ နဲ နီးဖို့ရာ မမြင်
ကူညီတဲ့သူ ကုသိုလ်ရအောင် တစ်ဦးခြင်းပြင်ကြပါစို့။
+104 #17 Old Cranium 2012-11-19 17:00
သမ္မတအိုဘားမားပြန်တာ နှစ်နာရီမပြည့်ခင်မှာဘဲ သူ့မိန့်ခွန်းက ဖြတ်ကတ်ညှပ်လုပ်ခံနေရပါပြီ။ မိနစ် ၄၀ စာမိန့်ခွန်းကြီးက ဒီလောက်ကလေးဘဲလို့ ထင်ရအောင်ဘာလို့ ဖြတ်ကပ်လုပ်ချင်ရတာလဲ။ သတ္တိရှိရှိ မိန့်ခွန်းအပြည့်အစုံကို မီဒီယာသမားတွေမရေးသေးသရွေ့ အိုဘားမားမကလို့ ဘယ်သူပဲလာလာ မြန်မာပြည်ဘာမှ မပြောင်းပါဘူး။ ဘယ်ကိုမှမရွေ့ပါဘူး။ တင်မယ်ဆိုရင် တစ်ကြောင်းမကျန် အပြည့်တင်ပေးကြပါ။ ဘာသာမပြန်တတ်တဲ့သူတွေကို ဖြတ်ကပ်ညှပ် version တွေမပေးကြပါနဲ့။ EMG ကိုဆော်တာမဟုတ်ပါ။
+39 #16 ဇော်ကြီး 2012-11-19 16:50
Quoting tntun:
Quote:
သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။

ဒီတစ်ခုကတော့ အမှန်တရားနဲ့ ဆန့်ကျင်နေပါတယ်။
ဒါကလည်း အမှားဘက်က ၀ါဒဖြန့်မှု လွှမ်းမိုးအားကောင်းခဲ့တာကြောင့်ဖြစ်မှာပါ။
ကျွန်တော်တို့ကိုယ်တိုင်တောင် ငယ်ငယ်က “ရခိုင်ရိုဟင်ဂျာတွေကို စစ်အစိုးရက
နှိပ်စက်သတ်ဖြတ်နေတယ်” ဆိုတဲ့သတင်းတွေနားထောင်ပြီး ဘာမသိ၊ ညာမသိနဲ့
ဒေါသတွေဖြစ်ခဲ့ရသေးတယ်။
နောက်ပြီး သူတို့နိုင်ငံအနေအထားမျိုးနဲ့တွက်ပြီး“အိမ်ရှင်ကို ဧည့်သည်ကစော်ကားတယ်”
ဆိုတာဘယ်လိုမှ ယုံနိုင်မှာမဟုတ်ဖူးလေ။ ကိုယ်တွေမှာသာ လက်တွေ့ခံနေရတာ။

[Quoting tntun:

Quote:
သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။

ဒီတစ်ခုကတော့ အမှန်တရားနဲ့ ဆန့်ကျင်နေပါတယ်။
ဒါကလည်း အမှားဘက်က ၀ါဒဖြန့်မှု လွှမ်းမိုးအားကောင်းခဲ့တာကြောင့်ဖြစ်မှာပါ။
ကျွန်တော်တို့ကိုယ်တိုင်တောင် ငယ်ငယ်က “ရခိုင်ရိုဟင်ဂျာတွေကို စစ်အစိုးရက
နှိပ်စက်သတ်ဖြတ်နေတယ်” ဆိုတဲ့သတင်းတွေနားထောင်ပြီး ဘာမသိ၊ ညာမသိနဲ့
ဒေါသတွေဖြစ်ခဲ့ရသေးတယ်။
နောက်ပြီး သူတို့နိုင်ငံအနေအထားမျိုးနဲ့တွက်ပြီး“အိမ်ရှင်ကို ဧည့်သည်ကစော်ကားတယ်”
ဆိုတာဘယ်လိုမှ ယုံနိုင်မှာမဟုတ်ဖူးလေ။ ကိုယ်တွေမှာသာ လက်တွေ့ခံနေရတာ။
မှန်ပါတယ်ဗျား...ဒီစကားကြောင့် အမေရိကန်သမ္မတကြီးဟာ ဘယ်သူတွေက ဘယ်သူတွေကို စော်ကားနေတယ်ဆိုတာ သေသေချာချာမသိဘူးဆိုတာ ခန့်မှန်းမိပါတယ်။
+31 #15 myint thein 2012-11-19 16:43
ဒီမိုကရေစီစံနစ်ရဲ့ အနှစ်သာရနဲ့ ယုံမှားစရာမရှိတဲ့ အကျိုးအာနိသင် ကောင်းကျိုးတွေ ကို ထောက်ပြသွားတာပါ။ ဒီမိုကရေစီစံနစ်သည် very humane and very beneficial ဖြစ်ပါသည်။
+46 #14 myint thein 2012-11-19 16:32
အားလားလား။ လွန်စွာ့လွန်စွာ လွန်စွာအဆင့်မြင့်တဲ့ သဘောတရား၊ အမြင်၊ အယူအဆ၊ အတွေးအခေါ်၊ Logic, Theory, တွေကိန်းဝပ်နေတဲ့ မိန့်ခွန်း ကြီးပါလား။ ဘုရား ဘုရား ဘုရား၊ ဒါကြောင့်တကမ္ဘာလုံးက ပညာသည် Scholar တွေ အားကြိုးမန်တက် သူ့ထက်ငါမနှေး အမေရိကန်ပြည်သို့ ပညာတော်သင် အဖြစ်သော်လည်းကောင်း၊ ဘာဘဲဖြစ်ဖြစ်သော်လည်းကောင်း၊ ပညာသွားသင်ချင်ကြတာကိုး။ အမေရိကန်ပြည်က Science, High Tech, Philosophy, Sociology, Law တွေတင်မကဘူး၊ Human Outlook ကအစ သည်လောက်ရှေ့တန်းရောက် တိုးတက်မြင့်မားနေတာကိုး။ ကျွန်တော်တော့ သမ္မတကြီးကို ကိုယ့်မျက်စေ့ရှေ့မှာ မြင်တွေ့နေရသလို အံ့အားသင့် ရင်သပ်ရှုမော အံ့သြရပါပြီ။
Thank you very much for your invaluable speech, and for your sincere wishes towards our country. You are our sincere and real friend indeed.
Thank you esteemed President.
+42 #13 lin.universe 2012-11-19 16:17
Freedom of Worship နဲ့ ပတ်သက်ပြီး ပြောစရာတွေရှိပေမဲ့ ခြုံပြောရရင် လေးနက်တဲ့မိန့်ခွန်းလို့ ယူဆရမှာ ဖြစ်ပါတယ်
+58 #12 mgmg81 2012-11-19 15:50
နိုင်ငံ ကောင်းစားအောင် ၀ိုင်းဝန်းကြိုးစားသင့်တဲ့ အချိန်ပါပဲ...
အကြမ်းဖက်သမားတွေကို တော့..အမြန်ဆုံး တိုက်ထုတ်သင့်ပါပြီ..
-112 #11 zawkind 2012-11-19 15:36
မင်း ငါ့ ဆယ်တန်းကျောင်းသားဆိုယင် စာစီစာကုံး ပထမဆုပေးမယ်... အကောင်းဆုံး မိန့်ခွန်းဘဲ... ဟဲဟဲ...
+95 #10 ကျောင်းသားကြီး 2012-11-19 15:13
ခုလောက်ဆို တရုတ် ပေါက်ဖေါ်ကြီး အတွင်းခံဘောင်းဘီမပါပဲ ဒူးရင်းသီးပေါ်ဖင်ခုထိုင်မိသလို ဖြစ်နေလောက်ပြီး ပျော်လိုက်တာ..ဟားဟား.
+49 #9 MZ Aye 2012-11-19 14:45
Quote:
အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှမယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။
I don't believe this word...Amerian still theratened by Islamic terrorists...
+73 #8 smart_grid 2012-11-19 13:37
“အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊
ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊
စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့
အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။”
သူ့ ဘက်က သူ လုပ်ပေးလို့ရတာအတွက် အသင့် ဖြစ်နေပြီ ဆိုတဲ့ လက်ကမ်းပေးလိုက်တာပါပဲ။
 +106 #7 tntun 2012-11-19 13:21
Quote:
သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။
ဒီတစ်ခုကတော့ အမှန်တရားနဲ့ ဆန့်ကျင်နေပါတယ်။
ဒါကလည်း အမှားဘက်က ၀ါဒဖြန့်မှု လွှမ်းမိုးအားကောင်းခဲ့တာကြောင့်ဖြစ်မှာပါ။
ကျွန်တော်တို့ကိုယ်တိုင်တောင် ငယ်ငယ်က “ရခိုင်ရိုဟင်ဂျာတွေကို စစ်အစိုးရက
နှိပ်စက်သတ်ဖြတ်နေတယ်” ဆိုတဲ့သတင်းတွေနားထောင်ပြီး ဘာမသိ၊ ညာမသိနဲ့
ဒေါသတွေဖြစ်ခဲ့ရသေးတယ်။
နောက်ပြီး သူတို့နိုင်ငံအနေအထားမျိုးနဲ့တွက်ပြီး“အိမ်ရှင်ကို ဧည့်သည်ကစော်ကားတယ်”
ဆိုတာဘယ်လိုမှ ယုံနိုင်မှာမဟုတ်ဖူးလေ။ ကိုယ်တွေမှာသာ လက်တွေ့ခံနေရတာ။
 
+26 #6 Shweyoelatt 2012-11-19 13:17
Brilliant Speech. Thanks for your sharing, Myanmar's friend Mr. President.

Lets go on Win-Win mutual supportive relationship between Myanmar-USA, lets strive on for development and peace of world.
 
+92 #5 KO KYAW - BUTALIN 2012-11-19 13:01
ဒီမိန့် ခွန်းကတွေးစရာတွေအများကြီးပဲ
ကျနော်တို လိုတိုင်းရင်းသားသွေးချင်းများဆိုတဲ့ညီအကိုတွေလို့ နာမည်တပ်ပြီးနေတဲ့နိုင်ငံက နိုင်ငံအမျိုးမျိုးလူအမျိုမျိုဘာသာစကားကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိတဲ့အမေရိကန်လိုအင်အားအကြီးဆုံးနိုင်ငံနှင့်နှိုင်းယှဉ်ကြည့်ယင် လူမျိုးစုတွေများလို့ နှစ်ရှည်လများမညီမညွတ်တိုက်ခိုက်နေကြရတာပါဆိုတဲ့ဆင်ခြေဟာရယ်စရာလိုဖြစ်မနေဘူးလား။ လူကိုလူချင်း တန်းတူညီမျှမှု နိုင်ငံသားတိုင်းဥပဒေအရညီမျှတဲ့အခွင့်အရေးနှင့်ဥပဒေရဲ့ စောင့်ရှောက်မှု တဦးနှင့်တဦးအပြန်အလှန်လေးစားမှုတွေမရှိသမျှဒီလိုပဲဆင်ခြေလိုက်ရှာနေကြရဦးမှာပါပဲ။ တိုင်းပြည်ကြီးငြိမ်းချမ်းသာယာပြီး မြန်မာပြည်တနံတလျား တခါးမရှိ ဓါးမရှိလူတိုငိးနိုင်ငံသားလွတ်လွတ်လပ်လပ်သွားလာနိုင်ကူးသန်းရောင်းဝယ်နိုင် အေးအေးချမ်းချမ်းနေထိုင်နိုင်အောင်လူတိုင်းနိုင်ငံသားတိုင်းဆန္ဒစွဲဝါဒစွဲတွေလျော့ပြီး သူများနိုင်ငံတွေလိုပဲ တို့ နိုင်ငံလည်းဖွံ့ ဖြိုးတိုးတက်အောင်ကြံဆောင်သင့်ကြပြီး။ ဒီလောက်ရေခံမြေခံကောင်းတဲ့နိုင်ငံဒီလိုနောက်ကျနေရတာတော် တော်ကိုရှက်စရာကောင်းပါတယ်။
 +52 #4 smart_grid 2012-11-19 12:59
ဒီ မိန့်ခွန်းမူကြမ်း အတိုင်းသာ ဒီမိုကရေစီ တန်ဘိုးတွေ ပြည့်စုံတဲ့ မြန်မာနိုင်ငံ ဖြစ်လာခဲ့မယ် ဆိုရင်တော့ အရှေ့အိမ်က ဦးဆွေမျိုး ဆိုသူ တော့ ခဲညှပ်နေတော့မှာပဲ။
 
+78 #3 kyaw Maung 2012-11-19 12:39
သိပ်ကောင်းတဲ့ အကြောင်းအရာတွေပဲ။
လူတန်းစားကွာဟမူကို တွန်းအားပေးသော အကျင့်ပျက်ချစားမူ တိုက်ဖျက်ပေး၇န် တိုက်တွန်းစေချင်တယ်။
#2 Mr.talkative11 2012-11-19 12:34
Quote:
မျော်လင့်ချက်တွေ ခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။ " ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော်သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ အနာဂတ်တစ်ခု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။ နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်

BRAVO! ပြီးပြည့်စုံလှတဲ့ အဖိုးတန်မိန့်ခွန်းဗျာ။ အကုန်ပါတယ်။
+192 #1 aung ning 2012-11-19 12:28
အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးလို့မပြောရဘူး ကောင်းလိုက်တဲ့မိန့်ခွန်းဗျာ။ တကယ်ပါဒီလောက်အင်အားဖြစ်စေတဲ့မိန့်ခွန်းမျိုး မကြားဖူးပါဘူး။ ကိုယ်မြန်မာနိုင်ငံသားတွေလဲ အမျိုးသားရေးအမြင်ကျဉ်းလို့မရတော့ဘူး တနိုင်လုံးမှာရှိတဲ့ ဘယ်လိုလူမျိုးနဲ့ ဘယ်ဘာသာဝင်မဆို နိုင်ငံကောင်းစားဖို့အတွက် ဝိုင်းပြီးကြိုးစားရတော့မယ်ဆိုတာသိလောက်ပြီထင်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။