အမေရိကန် သမ္မတအဖြစ် အိုဘားမား ပြန်အရွေးခံရ
နောက်ထပ် ၄ နှစ် သက်တမ်း သမ္မတ တာဝန် ထမ်းဆောင် ရမှာ ဖြစ်ပါတယ်
ရွေးကောက်ပွဲ စည်းရုံးရေး ကာလတွေမှာ ကြိုတင် စစ်တမ်းတွေ အရ
တဘက်နဲ့ တဘက် အပြတ် အသတ် အနိုင်ရဖို့ မရှိဘဲ အကြိတ် အနယ် ရှိမယ်လို့ ဟောကိန်းတွေ ထုတ်ခဲ့တဲ့ ၊ တကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ၂၀၁၂ ရွေးကောက်ပွဲကြီး ကနေ အခုတော့ သမ္မတ အိုဘားမား လက်ထဲကို နောက်လေးနှစ် ရာထူး ထပ်ပေးလိုက်ပါပြီ။
ရွေးကောက်ပွဲ မဲပေးမှု တွေ ပြည်နယ် အများစုမှာ ပြီးဆုံးသွား ချိန်မှာ၊ သမ္မတ အိုဘားမားဟာ အရေးပါတဲ့ ကြားပြည်နယ် နှစ်ခုဖြစ်တဲ့ ဝစ္စကွန်ဆင်နဲ့ နယူးဟမ့်ပ်ရှိုင်းယား မှာ အနိုင်ရ လိုက်တာကြောင့် မဲ ၂၇၅ နဲ့ ရရှိပြီး ရွေးကောက်ပွဲမှာ နိုင်သွားတာ ဖြစ်ပါတယ်။
မစ်တ် ရွမ်နီ အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့ မစ်ချီဂန် နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ အိုဘားမား အနိုင်ရသွားတာပါ။
ရှေးရိုးစွဲတွေ ပိုများတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာတော့ ထုံးစံ အတိုင်း ရီပါဘလစ်ကန်က မစ်တ် ရွမ်နီ အနိုင်ရခဲ့ပုံ ပေါ်ပါတယ်။
ဒီနှစ်မှာ မဲဆန္ဒရှင် အများအပြား လာရောက်မဲ ပေးကြရာ၊ သတင်းထောက်တွေရဲ့ ယေဘုယျ ခန့်မှန်းချက်ကလည်း ဒီမိုကရက် အိုဘားမားကို ထောက်ခံသူ များတယ်လို့ ဆိုခဲ့တာပါ။
No comments:
Post a Comment