Friday, November 30, 2012

မုံရွာမြို့သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း


မုံရွာမြို့သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း   PDF Print
Friday, 30 November 2012 15:36
AddThis Social Bookmark Button
ဒေါ်အောင်ဆန်းစုကြည် ၀င်းယူနတီဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းနေစဉ်
thn-30-11-12-1လက်ပံတောင်းအရေးနှင့် ပတ်သက်၍ မုံရွာမြို့သို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် သူမ တည်းခိုရာ ၀င်းယူနတီဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။     
                               
အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ် အောင်ဆန်းစုကြည်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးနှင့်ပတ်သက်၍ ''ကျွန်မကတော့ အဆင်ပြေ စေချင်ပါတယ်။အာဃာတတွေ၊ အမုန်းတရားတွေကို အခြေခံပြီးအလုပ်လုပ်သွားလို့ မဖြစ်ပါဘူး။ ပြဿနာဖြစ်လာလို့ရှိရင် ဒီပြသနာတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့လိုပါတယ်။ကျွန်မ အမှန်အတိုင်းပြောရမယ်ဆိုရင် ရွာသူရွာသားတွေဟာ အာ ဃာတမရှိပါဘူး။အခြေအနေအရ မိမိတို့ရဲ့ဒေသကို ကာကွယ်ချင်တာ။ စောင့်ရှောက်ချင်တာ။တိုးတက်ချင်တာ။ဒါအင်မတန်မှ သဘာဝကျပါတယ်။ရှိသင့်ရှိထိုက်တဲ့ စိတ်ထားပါပဲ။
အဲဒီအတိုင်းပဲ ကျွန်မတို့အားလုံး ကြိုးစားသွားပါမယ်။ လွှတ်တော်ကနေပြီးတော့ ကော်မရှင်တစ်ခုကို အမြန်ဆုံးဖွဲ့ဖို့ အတည်ပြုပြီးပါပြီ။ ဒီအထဲမှာ ပါသင့်ပါထိုက်တဲ့သူတွေ၊ရွာသူရွာသားတွေရဲ့ ကိုယ်စားလှယ်တွေထည့်ပြီးတော့ ဖွဲ့စည်းပါမယ်။ ဖွဲ့စည်းပြီးတော့ ဒီဒေသအတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်ဆိုတာ ကျွန်မစဉ်းစားရမယ်။ အခုပါဝင်နေတဲ့ နိုင်ငံကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်ပါတယ်။ ကျွန်မရှင်းရှင်းလင်းလင်းပဲ ပြောပါမယ်။ကျွန်မတို့အနေနဲ့ တရုတ်ပြည်သူ့သမ္မနိုင်ငံကို ကျေးဇူးရှင်နိုင်ငံအနေ နဲ့ မမြင်ပါဘူး။ဒါပေမယ့်ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံပဲ။အိမ်နီးနားချင်းဆိုတာ မိတ်ဆွေတွေလိုပဲ ကျွန်မတို့ ပေါင်းသင်းချင်ပါတယ်၊ မိတ်ဆွေအနေနဲ့ ဆက်ပြီး လုပ်သွားရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့် ရဲ့အိမ်နီးအနေနဲ့ ခွဲခွာဖို့ဆိုတာ ဘယ်လိုမှမရပါဘူး။ ကမ္ဘာတည်သရွေ့ ဒီလိုပဲနေသွားကြရမှာပဲ။ ကျွန်မတို့ အရင်တုန်းကလည်း တရုတ်နိုင်ငံနဲ့မိတ်ဖြစ်ဆွေဖြစ် နေခဲ့ဖူးပါတယ်။ တော်တော်ကြာကြာကို ။ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေတဲ့အခါမှာ တရုတ်နိုင်ငံက ကွန်မြူနစ်စနစ်ကို ကျင့်သုံးနေပေမယ့်လည်းကျွန်မတို့နိုင်ငံကြားမှာ ချစ်ကြည်ရေးဆိုတာ ရှိခဲ့ပါတယ်။ ဒီလိုပဲ နောင်လည်း ရှိနေစေချင်ပါတယ်။ တရုတ်နိုင်ငံတင် မကပါဘူး။အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေဖို့ မိတ်ဆွေကောင်းတွေလို ရပ်တည်ဖို့ဆိုတာ ကျွန်မတို့လိုလားတယ်။ ဒီလိုဖြစ်အောင်လည်း ကျွန်မတို့ ကြိုးစားသွားရမယ်'' ဟု ပြောကြားသွားခဲ့သည်။
ထို့ပြင် စီမံကိန်းနှင့်ပတ်သက်၍ ''ဟိုဘက်ဒီဘက် နားလည်မှုယူရမှာပေါ့။ ဟိုဘက်ဒီဘက် နားလည်မှုယူ ရရှိရေးအတွက်လည်း ကော်မရှင်က အများကြီးကူညီဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ မြန်မာ့ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေကလည်း ရွာသူရွာသားတွေနဲ့ အဆင်ပြေရေး ကိစ္စအားလုံး တတ်နိုင်သ မျှ ကျေနပ်မှုရရှိနိုင်ရေး ကိစ္စတွေမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်ထမ်းဆောင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။အခုရထားတဲ့ သဘောတူညီချက်အရ လက်ပံတောင်းတောင်စီမံကိန်းကို ရပ်လိုက်ဖို့ဆိုတာက လွှတ်တော်ရဲ့ အဆိုထဲမှာ မပါပါဘူး။စီမံ ကိန်းကို မရပ်မှလည်း စီမံကိန်းရဲ့အနေအထားကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။
ဒီလိုလုပ်ပုံကိုင်ပုံတွေက စီမံကိန်းကို အကောင်အထည်ဖော်ပုံတွေက ဒေသကိုထိခိုက်နိုင်သလားဆိုတာကို သိဖို့ဆိုတာကိုတော့ အလုပ်တွေလုပ်နေတာကိုတော့ ကျွန်မတို့ သုံးသပ်ဖို့လိုပါတယ်။ရွာသူရွာသားတွေရဲ့ ကိုယ်စားလှယ်တွေကပါ ပါဝင်ပြီးတော့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။ အားလုံးအတွက် အဆင်ပြေမယ့် အခြေအနေတစ်ခုလို့ ကျွန်မမြင်ပါတယ်။ အဲဒီတော့ ဒီဟာကိုဝိုင်းပြီးထောက်ခံပေးဖို့၊ ၀ိုင်းပြီး ဖြစ်မြောက်အောင်လို့အောင်မြင်အောင်လို့ လုပ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာဆိုရင် တကယ်ပဲ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ဆိုရင် မတူညီတဲ့ သဘောတရားတွေကို ညှိနှိုင်းပြီးတော့ သဘောတူညီမှုတစ်ခု ရအောင်လို့ ကျွန်မတို့ ကြိုးစားရမှာ ဖြစ်ပါတယ်'' ဟု ဆိုခဲ့သည်။
ထို့ပြင် လက်ပံတောင်းအရေးတွင် အင်အားသုံးနှိမ်နင်းမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က'' လုပ်တာက တာဝန်ရှိတဲ့ ရဲတွေလုပ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပေမယ့် ဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းရမှာပေါ့။ ဒီလိုဖြစ်တယ်ဆိုတာ ဘယ်သူကမှ စိတ်မချမ်းသာပါဘူး။ ဒါတွေကို ပြေလည်အောင် ကျွန်မတို့ လုပ်သွားရမှာပဲ။အကြောင်းအရာတွေက ဘယ်လိုလဲဆိုတာ အမြန်ဆုံးတော့ ဖော်ထုတ်ရမယ်။ နောက် သံဃာတော်တွေကို တောင်းပန်ဖို့တော့ လိုမယ်လို့ ထင်ပါတယ်။အဖမ်းခံထားရတဲ့သူတွေ ရှိတယ်ဆိုရင် အမြန်ဆုံးလွှတ်ပေးပါလို့ ကျွန်မပြောပြီးသားပါ။ အဖမ်းခံထားရတဲ့သူတွေ မရှိပါဘူးတဲ့။ ရှိရင်လည်း လွှတ်ပေးဖို့ကိစ္စကို ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ ကျွန်မတာဝန်ယူပါတယ်။ တကယ်ဖမ်းတာဆီးတာရှိလို့ရှိရင် ကျွန်မကိုပြောပါ။ ကျွန်မရှင်းပေးပါ့မယ်။သက်ဆိုင်ရာလူကြီးတွေကလည်း မဖမ်းပါဘူးလို့ ပြောပါတယ်။ တကယ်လို့ ဖမ်းတယ်ဆိုရင်လည်း ကျွန်မ တာဝန်ယူပါ့မယ်'' ဟု ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် မုံရွာမြို့၊အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် မိန့်ခွန်းပြောကြားခဲ့ပြီး သူမတည်းခိုရာဟိုတယ်၌ စစ်ကိုင်းတိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့် ပတ်သက်သော အဓိကရွာများဖြစ်ကြသည့် ၀က်မှေး၊ ဆည်တည်း၊ ဇီးတောနှင့် ကံကုန်းရွာများမှ ရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ထို့နောက် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲအချိန် တွင် မုံရွာမြို့မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။
 

Comments 

+2 #2 NyanHtet 2012-11-30 16:22
အိမ်အပြန်ကိုတော့
ရာသီဥတု နဲ့ အမေစီးမဲ့ လေယာဉ်ကို အထူးဂရုစိုက်ပါ...
လောလောဆယ် ရာသီဥတု မကောင်းဘူးလို့ သိရလို့ပါ...
မြန်မာပြည်မှာ ပြည်သူပြည်သားတွေကို အနူးညံ့ဆုံးနဲ့ နားလည်
သဘောပေါက်အောင် ပြောနိုင်တာ အမေတစ်ယောက်ဘဲရှိပါတယ်။
အပြန်ခရီး ဘေးမသီ ရန်မခပါစေနဲ့။
 
-17 #1 Nobody 2012-11-30 15:57
Daw Suu Farts.

According to source very closed to 88gs, Min Ko Naing and Ko Ko Gyi will go to Lep Pa DAung to fart like DAw Suu (see the facebooks of those very closed to 88gs)

:lol:
:D ;-) :-) :P

The same facebooks have been circulating in the beginning of the event that the demonstrators were manipulated by media/outsiders who dislike 88g in US and financed by outsiders.
And the same facebooks are saying now that suport ASSK/88gs because otherwise small liberalism we saw in regime will disappear and a military coup is possible.
Therefore, they must support ASSK even if what she is doing is "farting"
The same facebooks closed to 88gs are teling people in order to avoid military coup , we must not support Let Pa daung demonstrators at all.

Source: 88gs friends facebooks

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။