Thursday, November 15, 2012

ဝန်ကြီးဌာန ၁၅ ခုကိုစစ်ဆေးရာတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသဘောဖြင့် ဆောင်ရွက်မှုကြောင့် နစ်နာဆုံးရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ပေးသွင်းရမည့် နစ်နာငွေကျပ် ကျပ်သန်းငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်ရှိခဲ့သဖြင့် အရေးယူမှုများပြုလုပ်ခဲ့



ဝန်ကြီးဌာန ၁၅ ခုကိုစစ်ဆေးရာတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသဘောဖြင့် ဆောင်ရွက် မှုကြောင့် နစ်နာဆုံးရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ပေးသွင်းရမည့် နစ်နာငွေကျပ် ကျပ်သန်း ငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်ရှိခဲ့သဖြင့် အရေးယူမှု များပြုလုပ်ခဲ့  
PDF Print
Thursday, 15 November 2012 03:09
AddThis Social Bookmark Button
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အရေးကြီးစစ်ဆေးတွေ့ရှိချက်အဖြစ် ၀န်ကြီးဌာန ၁၅ ခုတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသော သဘောဖြင့် ဆောင်ရွက်မှုကြောင့်  နိုင်ငံတော်မှနစ်နာဆုံး ရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်းငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်း ကျော်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေပေးထားသော ဘဏ္ဍာ ငွေများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ထူးခြားသော စစ်ဆေးပေါ်ပေါက်ချက်များနှင့် အရေးယူဆောင်ရွက်ချက်များအရ စာရင်းစစ်ချုပ်ရုံးအနေဖြင့် ၂၀၁၁ ခုနှစ်ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း ၂၅ ခုမှ အရေးကြီးသောစစ်ဆေးတွေ့ရှိချက် (စာရင်းစစ်ကန့်ကွက်ချက်)ပါ နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့်ငွေများ အပြည့်အ၀ ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေးယူမှုပြုလုပ်ခြင်း၊ ကြပ်မတ်ထိန်းသိမ်းမည့် အစီအမံများပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ ၀န်ကြီးဌာန ၁၅ ခု ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း ၄၇ ခုတို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်း ၅၈၃၉၈ ဒသမ ၈၁၀ နှင့် အမေရိကန်ဒေါ်လာ ၂၃၂၉၇၇ ဒသ မ ၃၁၀ စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါငွေများအနက် ကျပ်သန်း ၁၇၄၂၆ ဒသမ ၇၇၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉၀မှ ပြန်လည် ပေးသွင်းပြီးကြောင်း၊ ပေးသွင်းရန်ကျန်ရှိ ငွေမှာ ကျပ်သန်း ၄၀၉၇၂ ဒသမ ၀၃၈ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသ မ ၀၂၀ ရှိကြောင်း သိရသည်။
ယင်းပေးသွင်းရန် ကျန်ရှိငွေမှ  ကျပ်သန်း ၄၀၈၂၈ ဒသမ ၁၂၂ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ တို့မှာ ပုဂ္ဂလိကထံမှရရန် အကြွေးများဖြစ်ပြီး ၀န်ထမ်းများ၏ မှားယွင်း မှုနှင့် အလွဲသုံးစားမှုကြောင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့်ငွေမှာ ကျပ် သန်း ၁၄၃ ဒသမ ၉၁၆ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သို့ ပေးသွင်းရမည့် ပုဂ္ဂလိကထံမှ ရရန်အကြွေးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃ ဒသမ ၇၀၇ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀၊  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကျပ်သန်း ၄၈၁၅ ဒသမ ၀၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၈၈ ဒသမ ၄၆၅ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကျပ် သန်း ၂၇၀ ဒသမ ၉၅၀ တို့ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှု နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ငွေကျပ်သန်း ၁၄၃ ဒသမ ၉၁၆ တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၁၇ ဒသမ ၇၀၁၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျပ် သန်း ၇ ဒသမ ၁၅၈၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကျပ်သန်း ၁၉ ဒသမ ၀၅၇ တို့ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့သော ၀န်ကြီးဌာန ၁၅ ခုမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနတို့ ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စုစာရင်း စစ်ချုပ်ဦးသိန်းထိုက်က ထိုသို့ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဦးသိန်းထိုက်သည် ယခင်က သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာနသည် လက်ရှိတွင် ဌာန၏အလွဲသုံးစားမှုသတင်း ကိုဖော်ပြခဲ့သည့် ပြည်တွင်းထုတ်ဂျာနယ် တစ်ခုဖြစ်သော The Voice  ဂျာနယ်နှင့် တရားရင်ဆိုင်လျက်ရှိသည်။

ဝန်ကြီးဌာနအလိုက် ထူးခြားသောငွေကြေးဆိုင်ရာပေါ်ပေါက်ချက်များ

ဝန်ကြီးဌာန ဖြစ်စဉ်အရေအတွက် နိုင်ငံတော်နစ်နာငွေကျပ်သန်း ကန်ဒေါ်လာ
(၁) လျှပ်စစ်စွမ်းအား ၂၅၅ .၉၄၁
(၂) ကျန်းမာရေး ၁၈၉ .၂၂၁
(၃) သိပ္ပံနှင့်နည်းပညာ ၁၆ .၂၇၀
(၄) မွေး/ရေ ၄၂၃၇၀ .၈၂၃ ၂၃၂၉၇၇ .၃၁
(၅) ပြန်ကြားရေး ၄၁၁ .၃၆၂
(၆) စက်မှု ၆၀ .၈၀၂
(၇) စီးပွား/ကူးသန်း ၈၁၅ .၇၅၃
(၈) သစ်တော ၂၃ .၇၆၂
(၉) သမ၀ါယမ ၉၀ .၀၀၀
(၁၀)လယ်/ဆည် ၇၄၈ .၆၆၅
(၁၁)ပညာရေး ၅ .၅၅၂
(၁၂)ဘဏ္ဍာ/အခွန် ၈၆ .၁၇၂
(၁၃)ဟိုတယ်/ခရီး ၁၂၈၀၆ .၀၈၁
(၁၄)မီးရထား ၂၈၆ .၈၅၁
(၁၅)ဆက်သွယ်ရေး ၂၃၁ .၅၅၅
 

Comments 

+3 #42 a myin hman 2012-11-16 10:20
ကြေးနီ တန် ၃၀၀ ခိုးထုတ် တဲ့ သိတင်း ဖတ်လိုက်ရတယ်၊ အဲဒီ သိတင်း ခု ဘယ်ရောက် သွာြး­ပီ လဲ။

+6 #41 u naing 2012-11-16 09:06
တစ်နှစ်စာခိုးတဲ့ ပမာဏပဲရှိသေးတယ်နော် နှစ်ဆယ့်လေးနှစ်စာဆိုတော့
……………………ရတဲ့ပမာဏကို တစ်ရာနဲ့မြှောက်ကြည့်မှ အတိအကျုဖြစ်မယ်
……………………………………………………………………………………………
+10 #40 Telos 2012-11-16 08:33
စာရင်းစစ်ချုပ်အရင်ကလုပ်ခဲ့တဲ့ သတ္တုတွင်း က စာရင်းထဲမပါဘူးနော်။
+26 #39 ကျောင်းသားကြီး 2012-11-16 07:00
Quoting khitlunay:
သူတို့က ခိုးခွင့်ရလို့ ခိုးကြတာ ခင်ဗျားတို့ အဲဒီနေရာရောက်လည်း
သူတို့ထက်မသာရင်တောင် သူတို့ထက်မလျော့ဘူး ခိုးမှာပဲ
ခိုးတာတို့ ယူတာတို့ဆိုတာမြန်မာပြည်ရဲ့ ယဉ်ကျေးမှုဖြစ်နေပါပြီ
ခင်ဗျားပြောတာ ပုံပြင်ထဲက သူခိုးနှစ်ယောက်လိုဖြစ်နေပြီး
သူခိုးနှစ်ယောက်မီးခိုးခေါင်းတိုင်ထဲကအိမ်ထဲဝင်ခိုးတာ သူခိုးတစ်ယောက်မျက်နှာမှာ အိုးမဲပေပြီး ကျန်တစ်ယောက်မပေဘူး။ ဒါပေမဲ့ အိုးမဲ မပေတဲ့ တစ်ယောက် ကအပြေးလွှားမျက်နှာသွားသစ်ပြီး ပေနေတဲ့ တစ်ယောက် မသစ်ပဲနေတယ်။ ဘာလို့ လဲ ဆိုတော့ ငါလဲ သူ့ လို ပဲ အိုးမဲ ပေမှာပဲဆိုပြီးထင်တာလေ။ ခင်ဗျားပြောပုံက အိုးမဲမပေပဲ မျက်နှာသစ်တဲ့ သူခိုလိုပဲ သူများကြည့်ပြီး ကိုယ့်ကိုယ်ကိုမလုံဘူးဖြစ်လို့ ဆင်ခြေပေးချင်တယ။် ဘယ်လို့ကြောင့်ပဲ ခိုးခိုး ခိုးရင် အပြစ်ပဲ ဒါပဲ။ သူလဲ ငါ့ လို့ပဲ ဖြစ်မှာပဲ ဆိုပြီး ဆင်ခြေပေးလို့ မရဘူး။ နေ၀င်းပြောဘူးတယ် မင်းတို့ အောင်ဆန်းလဲ ငါ့ နေရာ ခုရောက်ရင် ငါ့လိုပဲ ပျက်စီးမှာပဲတဲ့။ အဲဒါစစ်တပ်ထဲ ဦးနေ၀င်း ၁၉၈၈ ပြီးပြောတာ။ သူမသိတာက ဗီုလ်အောင်ဆန်းသာ သူ့ လို စိတ်ဓါတ်ရှိရင် လွတ်လပ်ရေးမတောင်းဘူး အင်္ဂလိပ်တွေ ပေးတဲ့ ဘုရင်ခံရာထူးနဲ့ နေလိုက်ရုံပဲ။ အမှန်သိကြပါစေ.
+26 #38 ကျောင်းသားကြီး 2012-11-16 06:51
နိုင်ငံတော်စာရင်းစစ်က ကျေးဇူးပြုပြီး မြန်မာသံရုံးတွေကို လဲ စာရင်းစစ်ပါ။ အထူးသဖြင့် စင်ကာပူရှိမြန်မာသံရုံးက ၀င်ငွေ နဲ့ ထွက်ငွေ အသုံးစားရိတ်ကို စာရင်းစစ်ပေးပါ။ နိုင်ငံသားတွေဆီက အခွန်တွေနင်းကန် လည်ပင်းညှစ်ကောက်တယ်။ စင်ကာပူမှာ မြန်မာနိုင်ငံသား နှစ်သောင်းလောက်အလုပ်လုပ်နေကြတယ်။
တစ်ယေက်ကို ဒေါ်လာ ၆၀ တစ်လ ဆို နှစ်သောင်းတွက် စင်ကာပူရှိ မြန်မာသံရုံးရဲ့ အခွန်ဝင်ငွေစာ တစ်လ ကို ဒေါ်လာ တစ်သန်းနှစ်သိန်းရှိနေပြီး အဲဒါဘယ်ရောက်ကုန်လဲ သိချင်တယ်။ ဗီုလ်ချုပ်တွေ ဆေးကုပြီး သူတို့ သားသမီးတွေ ဈေးဝယ်ထွက်တာ ဘယ်သူထောက်ပံ့နေလဲ သိချင်တယ်။
+15 #37 ကျောင်းသားကြီး 2012-11-16 06:45
Quoting Latt Ko:
ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ဘယ်ကဘယ်လိုပါလာရတာလဲဗျာ
ဆရာဝန်လေးတွေရော ဆရာဝန်ကြီးတွေရော ဘယ်သူမှ အလွဲသုံးစားလုပ်မယ့်သူတွေ မဟုတ်ရပါလား
ဘယ်လိုဖြစ်ရတာလဲ တိတိကျကျသိရရင် ပြောကြပါဦး
ဆေးရုံအုပ်တွေက လုပ်မှာပေါ့ဗျ။ ဟိုဟာလိုတယ် ဒီဟာလိုတယ်ဆိုပြီး အ၀ယ်ပြ ပြီး ဘုံးကြတာလေ။ ဆေးခွဲတမ်း ဆေးထိုးအပ်တွေ ဂွမ်းတွေကကို အပြင်ထုတ်ေ၇ာင်း ပြီး လူနာတွေကို ကိုယ့်ဟာကိုယ်ယူလာခိုင်းတာလေ၊ လူနာကျွေးမွေးစားရိတ် ပဲဟင်းရေကျဲတောင် မရပဲ စာရင်းပြတာလေ။ အရိုးဆေးရုံကလွဲပြီး ဘယ်ဆေးရုံမှ လူနာကို ပဲဟင်းရည်နဲ့ ထမင်းတောင်မပါပဲ စာရင်းတင်ကြတာလေ။ အရိုးဆေးရုံက ဆ၇ာဝန်ကြီးကောင်းလို့ နယ်လူတွေ နဲနဲ ချောင်တာ။
+11 #36 ZeyarSG 2012-11-16 06:22
အဲဒီ list ထဲမှာ နိုင်ငံဂုတ်ခွစီးပြီး ကန်ထရိုတ်တွေ $$ပေးတဲ့သူကို ချပေးတာ။ ပျက်လို့ နောက်ကလိုက်ပြင်ရတာ။ နိုင်ငံတော်ကို ၅သိန်းသွင်း ကိုယ့်လူကိုယ်ထုတ်ပေးတဲ့ပါမစ်တွေ အပြင်မှာ သိန်းပေါင်းများစွာနဲ့ ရောင်းစားတာ။ အဲဒါတွေမပါသေးဘူး။ အဲ့ဒီနိုင်ငံတော်ပျက်စီးစေတဲ့ လုတ်ရပ်တွေပြန်ကြည့်လိုက်ရင် သန်းရွှေကို ထိပ်ဆုံးကထားပြီး အခုခေါင်းဆောင် တော်တော်များများနဲ့ သိန်းစိန်ပါ ပါသွားမယ်။
+23 #35 hteinlinn 2012-11-16 00:41
အမှားတွေကို ဘယ်လိုတာဝန်ယူပြီး ဘယ်လိုဖြေရှင်းကြမလဲ။
ဝန်ခံဖို့တောင် သတ္တိရှိပါ့မလား။
အလုပ်လုပ်မှန်း လူကြားကောင်းအောင်ကြေညာပြီး ဒီကိစ္စအားလုံး လေထဲမှာပဲ ပျောက်သွားမှာလား။
အဆုံးသတ်အထိ သေချာလုပ်ပြကြပါ။
စောင့်ကြည့်ချင်လို့ပါ။
+36 #34 htoosan 2012-11-15 23:25
အစိုးရမှာ သူခိုးဌာန ရယ်၊ ဒါးပြ ဌာနရယ် ၊ သူခိုး ဒါးပြဌာနရယ်ဆိုပြီး သုံးမျိုးဘဲ ရှိတာပါ ။
ဆောက်လုပ်ရေး ၊ဆက်သွယ်ရေး ၊ လျှပ်စစ် ... သူခိုး ဌာန
အကောက်ခွန်၊ ရဲ ။လူဝင်မှုကြီးကြပ်ရေး ..ဒါးပြဌာန
စည်ပင် .. သူခိုး ဒါးပြ ဌာန
ကျန်တာတွေ တွေးကြည့် အဲ့ဒီဌာန သုံးခုကလွတ်တာ ဘာရှိလဲလို့ ..
+29 #33 Zeus64 2012-11-15 21:41
ဒီလောက်ဘဲတွေ့လား။ သောင်ပြင်ထဲကသဲတပွင့်ပါဘဲကွယ်။
+54 #32 myanmayatanar 2012-11-15 20:49
စာရင်းစစ်ကိုရော ဘယ်သူက ပြန်ပြီး တိုင်မလဲ။ သူတို့ကိုလည်း ဌာနတစ်ခု စစ်တိုင်း အစစ်ခံရတဲ့ဌာနကနေ ပိုက်ဆံပေးရတာ။ ပိုက်ဆံမပေးဘူးဆိုရင် ဗြောင်ကို တောင်းတာ။ ဗြောင်တောင်းလို့မှ သူတို့တောင်းတဲ့ amount မရဘူးဆိုရင်တော့ အဲဒီ ဌာန နာပြီသာမှတ်။ အထူးသဖြင့် စီမံကိန်းတွေပေါ့။ ကိုယ်တွေ့နော်။ သိန်းဆယ်ချီကို တောင်းတာ။ သူတို့စစ်ရင်းစစ်အချင်းချင်းလည်း အဲဒီ စီမံကိန်းကို စစ်ခွင့်ရဖို့ လိုက်ထားရတာတဲ့။ ဒါကြောင့် အဲဒီ amount ပြည့်အောင် ပေးပါတဲ့ တောင်းတာနော်။ အဲဒီလို ကိစ္စတွေကို ဖြေရှင်းပေးပါ စစ်ရင်းစစ်ချုပ်ကြီးခင်ဗျား။
 
+40 #31 yingying 2012-11-15 20:04
စွမ်းအင် နှင့် ဆောက်လုပ်ရေး ကော
 +72 #30 Shwebothu 2012-11-15 19:42
ဆောက်လုပ်ရေး မပါတာ အံ့သြကုန်နိုင်ပေါင်.... အင်မတန် ကားရှားပါး ဈေးကြီးလှတဲ့ ခေတ်တုန်းက အလာမှာ အ၀တ်ထုတ်လေး တထုတ် ဆွဲလာတဲ့ E.E က ၂ နှစ်နေပီး ပြန်ရင် ကား၃ စီး ပိုက်ပီး ပြန်နိုင်တယ်..ဒီလို ဆောက်လုပ်ရေးတောင် ဒီ စာရင်းထဲ မပါဘူးဆိုတော့.. ခု ဖော်ပြနေတဲ့ ကိန်းဂဏန်းတွေ ကရော မှန်ရဲ့လား အရပ်ကတို့ရယ်.. ပြောလဲ ပြောချင်ပါတယ် .. ပြောလဲ ပြောရဲဘူး... ဒီမိုကရေစီ ခေတ် ဆိုတော့ ၀န်ကြီးဌာန တွေက တရားလိုက်စွဲနေမှာစိုးလို့.. လယ်ယာ စိုက်ပျိုးရေး နဲ့ဆည်မြောင်း ၀န်ကြီး ဌာန ကတော့ တို့ရွှေဘို က မူးမြစ်ဝှမ်း စီမံကိန်းသာ လာကြည့်လှဲ့.... ဆီကာ မောင်းတဲ့ driver တောင် တိုက်နဲ့ကားနဲ့ ဗျိုး.....
+74 #29 salamander 2012-11-15 19:14
Quoting klvnaung:
ကာကွယ်ရေးဝန်ကြီးဌာနကော မပါဘူးလား...
ကာကွယ်ရေးကို စစ်လိုက်ရင်တော့လား။ ဘာပြောကောင်းမလဲ ........ စာရွက်တောင်ဆန်.မှာ မဟုတ်ဘူး။ Computerတွေပါ ပျက်သွားနိုင်တယ်။ :lol:
+74 #28 myo1 2012-11-15 17:50
ဟေ့ ဘယ်သူလဲ ကာကွယ်ရေးကို အလွဲသုံးတယ်လို့ ပြောတာ.....အလွဲသုံးတာမဟုတ်ဘူးကွ...အသုံးလွဲသွားတာ...
 
+83 #27 aung naing oo 2012-11-15 15:50
ပြည်သူအားလုးံမပြုးံဘဲဝါးလုးံကွဲရည်နိုင်ကြပါစေ။ :lol:
+122 #26 romanceboy13 2012-11-15 15:31
ကာကွယ်ရေးနဲ့ ပြည်ထဲရေးကတော့သူများတွေ ပြောပြီးလို့မပြောတော့ပါဘူး... ဆောက်လုပ်ရေးမပါတာတော့ အံ့သြမဆုံးဘူး .. ဘာမှမဟုတ်တဲ့ စက်တလုံး.. အင်ဂျင်ဝိုင်လေး လဲတာတောင် သိန်း 100 စာရင်းတင်တာ.. ပြီးတော့လဲ အသစ်မလဲပါဘူး .. အဟောင်းပဲပြန်ထည့်ပေးလိုက်တာ .. (ကိုယ်တွေ့နော်) .. ဒါအောက်ခြေ၀န်ထမ်းတွေ အသေးဆုံးလုပ်စားနေတာ .. အပေါ်ကလူတွေကအဲဒါမျိုးထက် ပိုစားလို့ကောင်းတာချည်းပဲ .. သူခိုးဖမ်းတာများခက်ခက်ခဲခဲ စာရင်းစစ်ချုပ်တွေဘာတွေမလိုပါဘူး .. လစာဘယ်လောက် ရလဲ ခုဘယ်လောက်ပိုင်ဆိုင်ထားလဲ တွက်ကြည့်လိုက် .. ထောင်တောင်လူမဆန့်ပဲဖြစ်သွားမယ် .. အဲလိုစစ်ရင်လဲ ..ထုံးစံအတိုင်းမိန်းမဘက်က အမွေတွေရထားတာပါဆိုပြီး လာဦးမယ်ထင်တယ် .. မြန်မာပြည်မှာလူဖြစ်ရတာလဲ အဲတခုတော့ကျွမ်းတယ် .. ဘယ်သူဘယ်လိုလိမ်မယ်ဆိုတာကြိုသိနေတယ် .. လက်ရှိအစိုးရပိုင်ဆိုင်မှုတွေမှန်မှန်ကန်ကန် ကြေငြာရဲတဲ့တနေ့ အားလုံးသူခိုးတွေချည်းပဲလို့ပြောနေတာတွေရပ်မယ် .. (ဒမြတွေလို့ပြောင်းပြောမလို့)..
+117 #25 nga shwe 2012-11-15 15:03
ကျနော်သိသလောက်
ကာကွယ်ရေးဝန်ကြီးဌာန ရဲ့စစ်အသုံးစားရိတ်ကို စာရင်းစစ်အဖွဲ့ ကစစ်ခွင့်မရှိပါဘူး
တိုင်းပြည်ရဲ့အဓိကယိုပေါက်က ကာကွယ်ရေးဝန်ကြီးဌာန ရဲ့စစ်အသုံးစားရိတ်ပါ
လက်နှက်ပွဲစားဦးတေဇဘီလျှံနာဖြစ်လာလဲဒီငွေတွေ ကိုဗိုလ်ချုပ်ကြီးများနဲ့ ပေါင်းပြီးခိုးခဲ့လို့ ပါ
+70 #24 kyawmal 2012-11-15 14:23
ဟ နည်းလိုက်တာ ဆက်သွယ်ရေက ဒီလောက်ပဲလား ((၁၅)ဆက်သွယ်ရေး ၃ မှု့ နှင့် ၂၃၁ .၅၅၅ ကျပ်သန်း)ဘယ်လိုစစ်လာတာလဲ ။။ သူကိုလဲ ဝေဆုထဲထည့်လိုက်ပြီနဲ့ တူတယ် ဟေ.။ ဆက်သွယ်ရေးက ကြီဆုံးလူတွေ အိမ်ကို camera တစ်ခုတပ်လိုက် ။ တစ်နေ့ ကို ဆက်သွယ်ရေးနဲ့ ပက်သက်တဲ့ Company (ZTE,Huawei)တွေ ဘယ်နှစ်ခေါက်လောက်လာလဲ မှတ်ထားပြီ တစ်ခါလာရင် ဒေါလာ ၁ သိန်လောက်နဲ့ မြှောက်ကွာ ။။ အဲဒီပိုက်ဆံကတော့ (Micro Device)တစ်စုံစာတောင်မရှိ့ ဘူး ။။
+21 #23 naing26 2012-11-15 14:21
I don't think it's time to blame or point finger at.
We all know the corruption in our government.
Rather, I would like to hear what action government have taken or what they plan to do to offender.
More importantly, what is the strategy not to let it happen again?
This is not new in our country. We all know government are corrupted, now they just throw some number. so Here is why i think it can not be consider as good news.
- not all departments are included. Obviously that is the department that generate most money for the country. Why?
- Is it coincidence that department not included in this investigation and one journal have court affair to sort out?
- What is the action taken who found guilty? Is it the reshuffle? If so why I still find some minister name in other department?
-Why investigator is him? (Why change the investigator)
Is it because he used to work in certain department and know how to work it around?
+55 #22 ayezawmoe 2012-11-15 14:18
ကဲ.၀န်ကြီးဌာနအပေါင်းတို့......စာရင်းစစ်ချုပ်ဦးသိန်းထိုက်ကို...၀ိုင်းပြီးတရားစွဲရအောင်.....ထကြလော့....
 -44 #21 Latt Ko 2012-11-15 13:43
ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ဘယ်ကဘယ်လိုပါလာရတာလဲဗျာ
ဆရာဝန်လေးတွေရော ဆရာဝန်ကြီးတွေရော ဘယ်သူမှ အလွဲသုံးစားလုပ်မယ့်သူတွေ မဟုတ်ရပါလား
ဘယ်လိုဖြစ်ရတာလဲ တိတိကျကျသိရရင် ပြောကြပါဦး
+75 #20 luunge 2012-11-15 13:27
ဒီသူခိုးကြီးတွေကို ထိရောက်စွာ အေ၇းယူပေးပါ။ သူတို့မှာ ဒီတသက်သုံးမကုန်လောက်အောင် ချမ်းသာကြပါတယ်။ခိုးခဲ့တဲ့အရာတွေအတွက် ပြစ်ဒဏ် သို့ အလျော်တောင်းပါ။ ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ ”ဥပဒေ အထက်မှာ သူခိုးကြီးတွေ ရှိတယ်” ဆိုတဲ့ စကားပုံက သမိုင်းမှာ ကျန်ခဲ့မှာပဲ။
 
+44 #19 pyilone 2012-11-15 12:41
ကာကွယ်ရေး ဝန်ကြီးဋ္ဌာနနဲ့ပြည်ထဲရေး ဝန်ကြီးဋ္ဌာနလက်အောက်မှာစစ်တပ် ပြည်သူ့ရဲ ။တရားရေး။အထွေ ထွေအုပ်ချုပ်ရေး ။ဥပဒေ ဋ္ဌာနဆိုင်ရာတွေရှိတယ်။ဒီဝန်ကြီးဋ္ဌာနမထည့်တာမှန်ပါတယ်။ထည့်ခဲ့ရင် အာဏာအလွဲသုံးစားတို့။မလျော် သြဇာသုံးတို့။ခြိမ်းခြောက်တို့ပါလာရမှာလေ။
 
+72 #18 klvnaung 2012-11-15 11:55
ကာကွယ်ရေးဝန်ကြီးဌာနကော မပါဘူးလား...
#17 Maung San 2012-11-15 11:10
သတ္ထုတွင်းလောက် ခိုးလို့ကောင်းတာ ဘယ်ဝန်ကြီးဌာနမှ မရှိဘူး။ မြန်မာနိုင်ငံရဲ့ သယံဇာတပေါကြွယ်မှုနဲ့ အဓိကသက်ဆိုင်တာ သတ္ထုတွင်းပါ။ ကျောက်စိမ်း၊ ပတ္တမြား၊နီလာ၊ ခနောက်စိမ်း ၊ရွှေကွက် တွေနဲ့ အခြားသတ္ထုမျိုးစုံဗျာ။ ကျန်းမာရေးဝန်ကြီးဌာန တောင် ခိုးသေးတာ သတ္ထုတွင်းက ဒီစရင်းမှာ မပါဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကြေးနီစီမံကိန်းမှာ အပုပ်နံ့ စထွက်တာလဲ အဲဒီသတ္ထုတွင်းပဲ မဟုတ်လား။။
+60 #16 ဥုံဖွ 2012-11-15 10:50
လူတွေများလဲ ခိုးစားတာပဲ ကြိုက်ကြတယ်နော် ဒီလိုနဲ.ပဲ ခိုးလာလိုက်ကြတာ ရာစုနှစ်တစ်ဝက်လောက်တောင်ရှိပြီနော် ဒီလိုခိုးဝှက်တဲ့အကျင့်တွေပျောက်ဖို.တော့ ရာစုနှစ်ဝက်လောက်အချိန်မယူပါနဲ.တော့ ပြီးတာတွေကိုသင်ပုန်းချေ မုဒိတာပဲပွားပေးလိုက်ပါမယ် လူတိုင်းဟာမှားတတ်ကြပါတယ် မှားတာကိုသိရင်အမှန်ကိုပြင်ဖို.ဆိုတာ လူ.ကျင့်ဝတ်တစ်ခုလို.မြင်ပါတယ် သိသိကြီးဆက်မှားနေရင်တော့ဒုစရိုက်သမားများနဲ.မခြားနားတော့ပါ နှစ်သစ်မှာစိတ်သစ်လူသစ်အကျင့်သစ်လေးနဲ. ပြောင်းလဲ တာဝန်ထမ်းဆောင်ကြပါလို.
 
-73 #15 khitlunay 2012-11-15 10:47
သူတို့က ခိုးခွင့်ရလို့ ခိုးကြတာ ခင်ဗျားတို့ အဲဒီနေရာရောက်လည်း
သူတို့ထက်မသာရင်တောင် သူတို့ထက်မလျော့ဘူး ခိုးမှာပဲ
ခိုးတာတို့ ယူတာတို့ဆိုတာမြန်မာပြည်ရဲ့ ယဉ်ကျေးမှုဖြစ်နေပါပြီ
+50 #14 christortion 2012-11-15 10:26
သောက်တလွဲ မျောက်ပွဲ ကြည့်ရသလိုပါပဲလား...။
 
+113 #13 kotawlay 2012-11-15 10:21
ရှေးတုန်းကစကားပုံတောင်ရှိသေးတာပဲ
သူခိုးကြီးတော့ဓားပြ
ဓားပြကြီးတော့သူပုန်
သူပုန်ကြီးတော့အဆိုးရ
စကားပုံနဲ့အညီခိုးကြတာ
+12 #12 AMKs 2012-11-15 10:21
No No
Thein Htike , so far, does not have , any black stain, as far as I concern .
do not talk about ' small pieces', even if any present.
don't just take ' blanketing action ' . I can understand blanketing action ( Wa Lone Shay action ) is sensible in this country of bad reputation. I cannot blame those who is doing that.
And at the same time, I have to say the truth. I am not covering up for that person T Htike. i am just pointing out the what I discovered.
yes, it is obvious there is no ' corruption ' list in Mining Ministry. yes. I agree if you ask someone to check this out, there may be something .. Yes. it is possible.
But the integrity of Thein Htike is somewhat reliable.
It is not uncommon, we all have to be doubtful who is knocking on your doors ,even it is your acquaints ( and even to your own close relative ) to open the main door of your house for security reasons, as modern time is full of ' pretending, insincerity and dishonesty ) .
so it is not surprising commenters say about that Ministry.
When that ministry corrupts, it was before his time of office. As I know him .. he is not that type like Zaw Min/ Kyaw San/ Aung Thein Lin and some others more.
But . we all have to keep an eye on this issue and take serious and effective legal action if it really happens. NOT JUST ' forced to resign ' and ' ' dismissal ' .
Jail them. Take all money back . Freeze all of their property to revenue.
 
+97 #11 nga shwe 2012-11-15 10:11
အင်မတန်ဟာသမြောက်တဲ့တိုင်းပြည်အုပ်ချုပ်နည်းအသစ်ပါ
တိုင်းပြည် ဘဏ္ဍာ ငွေခိုးတာမိတာပြန်ထဲ့လိုက်ယုံဘဲ
မမိရင်စားပေါ့

ဒီအစိုးရအဖွဲ့ တိုင်းပြည်အုပ်ချုပ်ဖို့ တန်မတန်လူမှန်ရင်သိနိုင်ပါတယ်
တက်သမျှဝန်ကြီးတွေရသလောက်ခိုးလိုက်နားလိုက်နဲ့ ပျော်စရာကြီး
 
+93 #10 kaunghtetkyaw04 2012-11-15 10:08
တော်တ်ေတိုးတတ်နေတာပဲဝန်ကြီးဌာနတွေများ ပြိုင်ခိုး နေကြတာ သောက်၇ှက်ကိုမ၇ှိကြဘူး
 
+121 #9 kohighlander 2012-11-15 09:26
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “အခု ရန်ကုန်တိုင်းအတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးရေးအဖွဲ့တွေက မြို့နယ်အလိုက် ရှောင်တခင် စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့အခါမှာ နောက်ဆုံးပေါ်ကားကြီးကို စတေကာကပ်ပြီးတော့ မောင်းနှင်းနေတဲ့ ယာဉ်တွေကို စစ်ဆေးတဲ့အခါမှာ တချို့ယာဉ်တွေက လိုင်စင်မဲ့ယာဉ်တွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒီယာဉ်တွေကို စီးနှင်းနေသူတချို့က ဌာနဆိုင်ရာက ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးဖြစ်နေတာ စစ်ဆေးတွေ့ရှိရတယ်။
အထက်ပါစစ်ဆေးတွေ့ရှိတဲ့စာရင်းက ကိန်းဂဏန်းတချို့က ယုံကြည်နိုင်စရာမရှိပါဘူး မကောင်းတတ်လို့ Activity ပြချင်လို့ ထုတ်ပြလိုက်တာဖြစ်မှာပါ အလဲဗင်းကသတင်းတွေ ဆက်စပ်ကြည့်လိုက်ရင်ကိုသိနိုင်ပါတယ် ဌာနဆိုင်ရာတွေက ညွှန်ကြားရေးမှူးချုပ်တွေ ညွှန်ကြားရေးမှူးတွေတောင် နောက်ဆုံးပေါ်ကားတွေစီးနေကြတာပါ သူတို့လစာနဲ့ဒီလိုကားမျိုးတွေ(တချို့တစ်စီးတောင်မကပါ)၀ယ်စီးနိုင်ပါသလား ဒါတောင်ကားပဲရှိပါသေးတယ် သူတို့နေ့တဲ့အိမ်တွေ(တချို့တစ်လုံးတောင်မကပါ) သူတို့ရဲ့ဒီပိုင်ဆိုင်မှုတွေကို ဘယ်ကငွေတွေနဲက၀ယ်ယူရရှိခဲ့ကြတာလဲ သူတို့လစာနဲ့ဆိုရင်တော့ ဆယ်သက်ဆယ်ကြိမ်ရှာရင်တောင်မရနိုင်တဲ့ ပမာဏတွေပါ ဒါတွေဟာ နိုင်ငံတော်ရဲ့ငွေတွေကို ခိုးထားတာ လုပ်ပိုင်ခွင့်တွေကို စီးပွားဖြစ်အလွဲသုံးထားတာတွေပါ အမည်တပ်ရမယ်ဆိုရင်တော့ ဂုဏ်သရေရှိ သူခိုးကြီးများလို့တပ်နိုင်ပါတယ်
 
+78 #8 Tmyint 2012-11-15 09:19
မြန်မာနိုင်ငံဟာ ငရဲမင်းလက်တွင်း ရောက်နေတဲ့
နိဗ္ဗာန်လို့ တင်စားခေါ်ခဲ့ကြတာ အလွန်မှန်နေတယ်။
ငရဲသားတွေကို နှိမ်နှင်းချိန်တန်ပြီ
ညီညွတ်ပါ ပြည်မြန်မာ...
 
+37 #7 Mr.talkative11 2012-11-15 08:55
Quote:
နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့်ငွေများ အပြည့်အ၀ ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေးယူမှုပြုလုပ်ခြင်း၊ ကြပ်မတ်ထိန်းသိမ်းမည့် အစီအမံများပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြပ်ထုပ်ထိုးရုံပဲလား။
နောင်ဗေ နောင်ဗေ အယ်စီစီအိုင် အဆင့်၁၅ရှိ ရွှေဓူထိုက်ကွ နောင်ဗေ နောင်ဗေ
 
+110 #6 peterhuaqiang 2012-11-15 08:02
သတ္တုတွင်း ၀န်ကြီး ဦးသိန်းထိုက်က ပိုလို့တောင် နာမည်ပျက်များပါသေးတယ်၊ တကယ်သူခိုးကိုမှ စာရင်းစစ် ခန့်ထားတာကို၊ သတ္တုတွင်းကိုလည်း အခြား တယောက်စစ်ကြည့် ပေါ်မှာပါဘဲ၊ ဘာဘဲ ပြောပြော တယောက်နှင့် တယောက် မတဲ့လို့ဘဲဖြစ်ဖြစ် ၊ ငါ့ဖော်သလို သူတို့ကိုလည်း ပြန်ဖော်မယ် ဆိုတဲ့စိတ်မျိုး ရှိနေတာ ဒီနေရာမှာ ကောင်းပါတယ် ဒါမှ ကျွန်တော်တို့ သိရမှာကို။
 +43 #5 melt.pyown 2012-11-15 07:21
အင်း….စတင် ကြို့ထိုးနေပါပြီ
 
+103 #4 kinglakeshore 2012-11-15 07:13
အားစမ်းကြတာပါ….
ခိုးတဲ့အားနဲ့ ဖမ်းတဲ့အား ဘယ်သူက သာလည်း၊ ပြီးတော့
ဥပဒေအထက်မှာ ဘယ်သူရှိတယ် ဆိုတာ သိချင်လို့ပါ…. :-*
 
+164 #3 အောင်ဘု 2012-11-15 06:25
"ခိုးခဲ့ကြတာခြင်း အတူတူ ဒီလိုလုပ်လို့ ဘယ်ရမလဲ ငါ့အထုပ်ဖြေလို့ကတော့ ကျန်တဲ့ကောင်တွေပါ မနေစေရဘူး" ဆိုသလို ခိုးဖေါ်ခိုးဖက်တွေ အတွဲလိုက်ထွက်လာပါပြီ ခင်ဗျား
မြေပေါ်မြေအောက် ရေပေါ်ရေအောက် လိုလေစိတ်မရှိအောင် သယံဇာတပြည့်စုံနေတဲ့ တိုင်းပြည်ဟာ ကမ္ဘာ့အမွဲဆုံး စာရင်းထဲရောက်သွားတာ အဲဒီ သူခိုးတွေကြောင့်ပေါ့ ခင်ဗျာ
သူခိုးကျင့်သူခိုးကြံသာလုပ်တာ လူရှေ့သူရှေ့ရောက်ရင် လက်အုပ်ချီပြီး အရိုအသေခံချင်ကြသေး အကိုကြီးညီလေး ဆရာတပည့်မွေး အဘဆိုသူတို့ ခိုးလာခဲ့ကြတာ နောက်ဆုံးတိုင်းပြည်မှာ ဒေါ်လာသန်းပေါင်းများစွာ အကြွေးတွေဝိုင်း ဆင်းရဲမွဲတေမှု့ဒုက္ခပေါင်းစုံကို ပြည်သူလူထုပဲ နောက်ဆုံးခံကြရ ခိုးလို့ဝလာရင် ကျန်းမာရေးက မကောင်းတော့ဘူးလုပ်ပြီ ခိုးထုပ်ခိုးထည်လေးတွေပိုက် ပွဲပြီးမီးသေ အသီးသီးအနားယူကြ အလိမ္မာစာမှာရှိ ဆိုတာ သွားသတိရလို့ သေခါနီးမှ စာထဖတ်တဲ့ ကောင်တွေလည်းရှိရဲ့ စာကောင်းပေကောင်းတော့ မဟုတ်လောက်ဘူး မဟုတ်ကာမှလွဲရော တွက်ပီ ကာတွန်းလောက်ဖြစ်မယ်
တချို့နံမည်ထွက်လာလို့ ကလော်ထုတ်တာတောင် မထွက်ဘူး မျက်နှာပြောင်တိုက် နေရာဋ္ဌာနပြောင်း ဆက်ခိုးသေးတယ် မယားအတွက် သားအတွက် မြေးအတွက် မြစ်အတွက် . . . လောဘတွေမဆုံးနိုင်ဘူး
သေရင်ကိုယ့်နောက်ပါမယ်ထင်လို့ ခိုးရတာတွေနဲ့ အလှူကြီး အတန်းကြီးတွေလုပ်ကြတယ် နောင်ဘဝထိ ဆက်ယူကြတာ သံသရာမှာ ခံချိန်တန်ရင် ကိုယ့်အကုသိုလ် ကိုယ်ခံရမှာဖြစ်သည်
ဇနီးမယား သမီးသား ဆွေမျိုးတပည့် မည်သူမှ လာကယ်နိုင်မည် မဟုတ်
ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီး၍ ကိုယ့်ခရီး ကိုယ်သွားနေကြ၏
 
+119 #2 aung ning 2012-11-15 05:29
နောက်ဖေးလမ်းကြားထမိန်ရုပ်တော့ သူခိုးတဲ့ ဒီလိုမျိုးတိုင်းပြည်ရဲ့ငွေကို ခိုးတော့ဘယ်လိုနာမည်တပ်မလဲ ခွေးသူခိုးထက်တောင် အောက်တမ်းကျတဲ့ ဆဲစရာစကားတောင်ရှာလို့မရတဲ့ ကောင်တွေသတ်ပြစ်တာအေးမယ်။
 
+169 #1 slinn 2012-11-15 03:36
ဦးသိန်းထိုက် မဟုတ်ပဲ နောက်တစ်ယောက်ကို ထပ်စစ်ခိုင်းကြည့်။ သတ္တုတွင်းဝန်ကြီးဌာနလဲ ပါကိုပါစေရမယ်။ သူခိုးကို သွားစစ်ခိုင်းတော့ သူ့ကိုယ်သူ ဘယ်ထည့်မလဲ။ နေပါဦး။ ဦးသိန်းထိုက်က စာရင်းစစ်ပညာကို ဘယ်အဆင့်နဲ့ ဘွဲ့ရတာလဲ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။