ဆန္ဒပြသည့် တရားလွှတ်တော်ရှေ့နေ အရေးယူခံရ
ဦးမြင့်အေးအပြင် ကိုဘရှီ၊ ကိုရေခဲတို့ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။
စွဲဆိုရတဲ့အကြောင်းအရင်းကတော့ ဦးမြင့်အေးအား ကိုဘရှီက ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးမှု (အားပေးကူညီမှု)၊ ကိုရေခဲအား ဗီနိုင်းကိုင်ဆောင်ပြီး ဦးမြင့်အေးနဲ့အတူ ဆန္ဒပြမှု (အားပေးကူညီမှဲု) တို့နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ကိုသိန်းမင်းထွန်း (HRDP) ကိုလည်း ဗီနိုင်းသိမ်းဆည်းမှုဖြင့် သက်သေအဖြစ် ရဲက သက်သေထား ခဲ့ပါတယ်။ ဦးမြင့်အေး ဆန္ဒပြစဉ်မှာလည်း HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် အင်္ကျီကိုဝတ်ဆင်ထားခဲ့တာဖြစ်ပါ တယ်။ ထိုနေ့ ည (၆) နာရီအချိန်မှာတော့ အာမခံရခဲ့တယ်လို့လည်း သိရပါတယ်။
မိုးမခအထောက်တော်
No comments:
Post a Comment