နန်းခင်ဇေယျာ အင်တာနက် အလှမယ်ဆု ရရှိ
အင်တာနက်ကနေ အကြိုက်ဆုံး မဲပေးကြရာမှာ နန်းခင်ဇေယျာ အများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်
BBC News, 21 October 2012 — ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ
ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက
နန်းခင်ဇေယျာ ဟာ အင်တာနက် အလှမယ်ဆု နဲ့ သာ ကျေနပ် လိုက်ရပါတယ်။နိုင်ငံတကာ အလှမယ်ဆု မပေးခင် တခြား အထူးဆု ၇ ခုကို အရင်ဆုံး ချီးမြှင့်ရာမှာ နန်းခင်ဇေယျာဟာ အင်တာနက် အလှမယ် ဆုကို ရရှိသွားတာ ဖြစ်ပါ တယ်။
ပရိသတ်တွေ ကနေ အင်တာနက်က တဆင့် အကြိုက်ဆုံးသူကို မဲပေးရာမှာ နန်းခင်ဇေယျာက အများဆုံး ရရှိတဲ့ အတွက် ဒီဆုကို ရရှိတာ ဖြစ်ပါတယ်။
အဲဒီနောက် နိုင်ငံ အသီးသီးကနေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ စုစုပေါင်း အလှယ်မယ် ၆၉ ယောက် ထဲက ၁၅ ယောက်ကို ဒိုင်လူကြီးတွေက ဆန်ခါတင် ရွေးချယ် ရာမှာ တော့ မြန်မာ နိုင်ငံက နန်းခင်ဇေယျာ တယောက် ဆန်ခါတင်ထဲ မပါတော့ပဲ ကျန်ရစ်ခဲ့ ပါတယ်။
No comments:
Post a Comment