ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
မယုံရင်လည်း ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကိုသာ မေးကြည့်ပါတော့။ မကြောက်တော့ဘူး။
နိုင်ငံတော်သမ္မတက ပြောပါသည်။ "ဟိုတုန်းကတော့ ၀န်ကြီးဌာနတွေက မီဒီယာတွေကို တော်တော်လေးကြောက်ကြသလို ကျွန်တော်လည်း အပါအ၀င်လို့ပြောရမှာ ဖြစ်ပါတယ်။ အခုတော့အားပေးရတယ်။ ငါလည်းမကြောက်တော့ဘူး။ မင်းတို့လည်း ခုနကလို မကြောက်နဲ့တော့ မေးမြန်းတာတွေနဲ့ မှန်မှန်ကန်ကန် ဖြေပေးပါဆိုပြီးတော့
စစ်သားဆိုမုန်းတယ်ဆိုတော့..စစ်သားအကြောင်းဘယ်လောက်သိလို့လဲ..အလကားနေရင်းမကောင်းကြောင်းပြောနေတယ်..
ကျွန်တော့်သဘောထား တစ်ရပ်တည်းနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်၊ ဒီလိုပြောလို့တော့ မရဘူး။ မပြင်နဲ့လို့ သွားပြောလို့ကလည်း မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်
မီဒီယာများကို ယခင် အစိုးရလက်ထက် ၀န်ကြီးဌာနများက ကြောက်ခဲ့သလို ထိုကဲ့သို့ ကြောက်ခဲ့သူများထဲတွင် မိမိလည်း အပါအ၀င်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်တွင် မီဒီယာကို မကြောက်တော့ကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။
#1 nga shwe 2012-10-22 08:17 ခက်နေတာကစစ်ဗိုလ်တွေရဲ့ အောက်တန်းကျပြီးလက်နက်အားကိုးနဲ့ဗိုလ်ကျချင်တဲ့စိတ်ဓါတ်ပဲသူတို့ ဟာမြန်မာနိုင်ငံသားကနေစစ်ဗိုလ်ဖြစ်လာတာမေ့ပြစ်ပြီးစစ်တပ်ကြောင့်မြန်မာနိုင်ငံဖြစ်လာသလိုအထက်စီးလေသံနဲ့စစ်တပ်တမတ်သားသဘောတူမှဖွဲ့စည်းပုံဥပဒေပြင်လို့ ရမယ်လုပ်နေတာပဲတိုင်းပြည်အထက်မှာတပ်မတော်ရှိသည်လုပ်နေလို့တိုင်းပြည်မွဲနေတာစစ်ဗိုလ်တွေရဲ့စာရိတ္တ ကလဲတယုတ်ကလွဲပြီးတကမ္တာလုံးကအဖက်မလုပ်ချင်အောင်ဆိုတော့လည်း
Comments
ကြောက်သင့်တာ ကြောက်တာ ရှက်စရာ မဟုတ်ပါ။ တစ်ဦးက တစ်ဦးကို အကြောင်းမဲ့ မေတ္တာမပျက်တတ်တာ မြန်မာလူမျိုးပါ။ ပျက်စရာရှိရင်တောင် သီးခံခွင့်လွှတ်လွယ်လွန်းလို့ ဘ၀ပျက်အောင် စော်ကားခံခဲ့ရတာလည်း မြန်မာလူမျိုးတွေပါ။ ပြည်သူတွေနဲ့ အတူ ပြည်သူ့ဘက်တော်သားစစ်စစ် မီဒီယာသမားတွေကိုတော့ ကြောက်လေကောင်းလေပဲ.....သိထား.....
(မြန်မာ= တိုင်းရင်းသားများအားလုံး)
ယုံဘူးဗျ။
ဒီအပြောကို ထောက်ခံပါတယ်၊၊ ၀န်ကြီးနှင့်အထက်အဆင့် ဆုံးဖြတ်ချက် ချနိုင်သူတွေ ၊ ခွင့်ပြုမိန့် ပေးနိုင်သူတွေ အနေနဲ့  မိမိတို့ မိသားစု အိတ်ဖောင်းရေးထက် ၊ ပြည်သူတွေ မထိခိုက်ရေး၊ ပြည်သူတွေ အတွက် မှန်မှန်ကန်ကန် လုပ်ကိုင်ပေးရေး ကို ပါ ပြောစေလိုပါတယ်။
ကြောက်ခြင်းမကြောက်ခြင်း မှန်မှန်ကန်ကန် ပြောခြင်းမပြောခြင်း ကို သမ္မတကြီးအလေးထားသလို ၊ မှန်မှန်ကန်ကန် လုပ်ဆောင်မှု ကိုမြင်ချင်တွေ့ ချင် သိချင်ကြားချင် တာ ပြည်သူ့ ဆန္ဒပါ ၊၊
စစ်တပ်အကြောင်းဘယ်လောက်သိလဲ ဟုတ်လား နှစ်ဆယ့်ငါးနှစ် လောက်ကို စစ်ကျွန်ဖြစ်ခဲ့ပြီးပြီး ဘယ်လောက်သိလဲမေးနေတယ် တိုင်းပြည်လဲမွဲ လူတွေလဲ နိုင်ငံတကာမှာ ခွေးတောင်မလေးစားတော့ဘူး အဲဒါကို စစ်တပ်အကြောင်းမသိရင် တော်တော်တုံးတဲ့ ငတုံးပဲဖြစ်မယ်။
ပြည်သူတွေရွေးမထားတဲ့ကိုယ်စားလှယ်ကြီးတွေကကော
မကောင်းတဲ့ခောတ်ကိုသွားတုန်းကတော့တက်ညီလက်ညီပဲသူလဲခိုးငါလဲခိုး ကောင်းတဲ့ခောတ်ကိုသွားမယ်လဲဆိုရော မနည်းဆွဲခေါ်နေရတယ်။
မှန်ပါတယ်၊ ကိုယ်မှန်တာလုပ်ရင် မီဒီယာသာမက ဘာကိုမှကြောက်စရာမလိုပါဘူး။
မဟုတ်တာလုပ်ရင်တော့ ကိုယ်စောင့်နတ်ကတောင် ကိုယ့်ကို ပြန်ချောက်လန့်မှာပါ။
ဒီမိုကရေစီနိုင်ငံများမှ ခေါင်းဆောင်များ၊ အမတ်များဟာ ပြည်သူနဲ့ အမြဲထိတွေ့နေရပါတယ်။ မဲဆွယ်ဖူးရင်တော့ နားလည်မှာပါ။ (အခုဆို အချို့ က facebook ကနေတောင် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေကြပါပြီ)
စကားအသုံးလဲ ဆင်ခြင်ရပါတယ်။ မှားတာနဲ့ အတိုက်အခံပါတီကို အခွင့်အရေးပေးလိုက်သလိုပါပဲ (အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကြည့်ပါ)။
ဦးရွှေရဲ့ ကွန်းမင့်ကို အလွန်နှစ်သက်ပါသည်။ အခုအချိန်ဟာ အခြေခံဥပဒေကိုပြုပြင်ရန်တောင်းဆိုဖို့၊ လွှတ်တော်မှာ တင်ပြဖို့ အချိန်တန်ပါပြီ။ ဒီမိုကရေစီ စံနစ်အရ လွှတ်တော်မှာ အတိုက်အခံပါတီတွေကနေ အခြေအတင်တင်ပြဆွေးနွေးနိုင်ကြပါတယ်။ လူနည်းစုပါတီဖြစ်နေလို့ မဲမနိုင်နိုင်ရင်လည်း နှုတ်ထွက်တဲ့နည်း၊ လွှတ်တော်ထဲ(သို့မဟုတ်)ပါလီမန်ထဲ မပါတော့တဲ့ နည်း၊ အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းတဲ့ နည်းတွေနဲ့ တရားဝင် လှုပ်ရှား လို့ရပါတယ်။ ဒါဟာ ဒီမိုကရေစီစံနစ်ရဲ့ တက်ကြွတဲ့ အချက်အလက်တွေ၊ အင်္ဂါရပ်တွေဖြစ်ပါတယ်။ တက်ကြွတဲ့နည်းနဲ့လှုပ်ရှားမှ တက်ကြွတဲ့ ရလဒ်တွေရနိုင်မှာဖြစ်ပါတယ်။ ထိုင်စောင့်နေရုံနဲ့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
အမှန်အတိုင်းပြောနော် ပလီစိချောက်ချက်မလုပ်နဲ.
ငါတို.ပြည်သူတွေက လန်.လှပြီ၊
လောက်သိလို့လဲ..အလကားနေရင်းမကောင်းကြောင်းပြောနေတယ်..
သူတို့ ဟာမြန်မာနိုင်ငံသားကနေစစ်ဗိုလ်ဖြစ်လာတာမေ့ပြစ်ပြီး
စစ်တပ်ကြောင့်မြန်မာနိုင်ငံဖြစ်လာသလိုအထက်စီးလေသံနဲ့
စစ်တပ်တမတ်သားသဘောတူမှဖွဲ့စည်းပုံဥပဒေပြင်လို့ ရမယ်လုပ်နေတာပဲ
တိုင်းပြည်အထက်မှာတပ်မတော်ရှိသည်လုပ်နေလို့တိုင်းပြည်မွဲနေတာ
စစ်ဗိုလ်တွေရဲ့စာရိတ္တ ကလဲတယုတ်ကလွဲပြီးတကမ္တာလုံးကအဖက်မလုပ်ချင်အောင်ဆိုတော့လည်း