Monday, October 22, 2012

ဒီမိုကရေစီရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်းလျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတပြောကြား




ဒီမိုကရေစီရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်းလျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတပြောကြား  
PDF Print
Monday, 22 October 2012 06:01
AddThis Social Bookmark Button
ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်း လျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
Favourite News မှ အယ်ဒီတာချုပ် ဖိုးသောကြာ မေးမြန်းသည့် "တစ်ပါတီစနစ်အုပ်ချုပ်ရေး၊ ၁၉၄၇ခုနှစ် အခြေခံဥပဒေ၊ အစိုးရလမ်းစဉ်ပါတီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ အုပ်ချုပ်ရေးစနစ်များမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် သို့ ပြောင်းလဲကျင့်သုံး ရန် ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ် မေလ ၁၉ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွက် တပ်မတော်၏ အင်အားကို ထိုစဉ်က အခြေအနေများအရ မုချလိုအပ်ချက်တစ်ခုအဖြစ် အချုပ်အခြာ အာဏာကို ကျင့်သုံးရာတွင် ပါဝင်ရန် ထည့်သွင်းပြဌာန်းထားသည်ဟု နားလည်ကြပါတယ်။
သို့ပါ၍ ဒီမိုကရေစီစနစ်သို့ အလျှင်အမြန် ကူးပြောင်းလာသည်နှင့်အမျှ လွှတ်တော်အဆင့်ဆင့်တွင် အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်များက အလိုအလျောက် ပါဝင်မှုရာခိုင်နှုန်းကို တစ်ဆင့်ချင်းလျှော့ချပေးရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တွင် လည်းကောင်း စဉ်းစားနိုင်ပါမည်လား" ဆိုသည့်မေးခွန်းကို ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတို့၊ ဘာတို့ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ။ ဒီကနေ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ဦးဆောင်မှု အပိုင်းကဏ္ဍမှာ တပ်မတော်ကိုလည်း ပါဝင်ခွင့်ပေးထားပါတယ်။ ယူနီဖောင်းကြီးနဲ့ လွှတ်တော်ထဲမှာ ၀င်ထိုင်နေတယ်ဆိုပြီးတော့ ဒီလိုကျွန်တော်တို့ မြင်ကြမှာပါ။ သို့သော်လည်းပဲ နိုင်ငံရေးရာကိစ္စတွေကို အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကူညီပြီးတော့ ဆောင်ရွက်ပေးတဲ့ သဘောပဲဖြစ်ပါတယ်။ သူ့ကိုတော့ ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ လျော့သွားစရာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ပါဘူး။ အင်ဒိုနီးရှားတို့၊ ဘာတို့လည်း ဒီအတိုင်းပဲ လုပ်သွားတာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်


Comments 

+2 #16 quizer 2012-10-23 09:26
လွတ်တော်ထဲ တမတ်သား ရှိနေသ၍ ပြောင်မိုကရေစီလို့ မှတ်.. အဲဒီစစ်သား တွေထွက်သွားမှ ဒီမိုကရေစီ
+10 #15 deathangel 2012-10-22 23:44
ဘပြောင်အချဉ်မဟုတ်ဘူးနော။ ရုပ်နဲ့မလိုက်အောင်ပတ်ချွဲနပ်ချွဲ ဝေ့လည်ကြောင်ပတ်ပြောတတ်လိုက်တာကွယ် ပြောတတ်လိုက်တာ လိမ်တတ်လွန်းသူလေးမို့ ချစ်ရပါတယ်။
+11 #14 MgMGT 2012-10-22 23:28
Quote:
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတို့၊ ဘာတို့ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ။


ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးမှာပါခဲ့တာက လွတ်လပ်ရေးမရခင်ကပါ ၊ လွတ်လပ်ရေးရရင် နိုင်ငံရေးကနားမယ်၊စာပဲရေးနေတော့မယ် လို့ ပဲဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သည် ဘယ်သောအခါမှ ခရိုနီအားပေးအစိုးရမလုပ်ခဲ့ပါ။ ပြည်သူ့ တွေလွတ်လပ်စေချင်သူသာဖြစ်ပြီး ဘကြီးတို့ အစိုးရတွေလို ပြည်သူတွေကို မျက်စိပိတ်နားပိတ်ခြေချိုးလက်ချိုး မလုပ်ဘူး။ ဘကြီတို့ အစိုးရသာလျင် နိုင်ငံတကာ Sanction ပယ်ပါပယ်ပါ တောင်းနေကြပြီး ကိုယ်ကတော့ ပြည်တွင်းရှိပြည်သူတွေကို ပြည်တွင်း Sanction ချတာတွေ မဖယ်သေးဘူး.. :o

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တာ ပြည်သူတွေလွတ်လပ်စေချင်လို့ ဖြစ်တယ်။ဘကြီးတို့ နိုင်ငံရေးလုပ်တာ စီးပွားရေး၊ငွေရေးကြေးရေး အတွက် ပါ ။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ မနှိုင်းပါနဲ့ ..အဲ နှိုင်းချင်ရင်တော့ နိုင်းနိုင်အောင် တကယ်ပြည်သူ့ တွေကို စေတနာအပြည့်ထားပေးပါတော့..စပါတော့.. :-*
+4 #13 exodus88 2012-10-22 23:02
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတို့၊ ဘာတို့ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ။ ဒီကနေ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ဦးဆောင်မှု အပိုင်းကဏ္ဍမှာ တပ်မတော်ကိုလည်း ပါဝင်ခွင့်ပေးထားပါတယ်။
Why he used ဗိုလ်ချုပ်အောင်ဆန်း? He is not really interested. you can read history, he said that he would not invlove in politics after myanmar got an independent. It is a clear statement
+12 #12 nithit 2012-10-22 22:19
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတလျှောက်မှာ လူထုက ကြည်ညို၊ လူထုက လိုလား၊ လူထုက မေတ္တာပိုခဲ့ရတဲ့.....
တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်၊ မိသားစုစွန့်၊ အရာရာစွန့်လွှတ်ခဲ့ရတဲ့.....
ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်၊ ကျွန်သဘောက် ဘ၀မှ လွတ်မြောက်ပြီး သခင်ဘ၀ ရောက်စေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ချစ်တပ်မတော်နဲ့.....

ကျောင်းသားသတ်၊ ဘုန်းကြီးသတ်၊ အလုပ်သမား လယ်သမားတွေကို ဖမ်းဆီးထောင်ချပြီး ညှင်းပန်းနှိပ်စက် အကွက်ချ အကျဉ်းထောင်ဆီ ပို့တတ်တဲ့.....
ငါ့သား၊ ငါ့သမီး၊ ငါ့မယား ငါ့ဇနီးတွေ အတွက်သာ ကွက်ပြီး ကြည့်တတ်တဲ့ ခေတ်အဆက်ဆက် သော့ကိုင်နေတဲ့ ဗိုလ်ချုပ်အမည်ခံတို့ရဲ့ တပ်မတော်နဲ့ ခိုင်းနှိုင်းပြောဆိုတာတော့.....
နံ့သာဆီနဲ့ အီးနဲ့ လို ဖြစ်နေပြီ မဟုတ်ဘူးလား..... စဉ်းစား.....
+6 #11 Public Servant 2012-10-22 21:46
Zawtika ရွဲ့ပြောနေမှန်းသိပေမဲ့ Unlike ပဲပေးမိပါတယ်။ ၈၈ တုန်းက လူသတ်ခေါင်းဖြတ် ဂိုထောင်ဖောက်တဲ့ နှိပ်ကွပ်ရမယ့်သူတွေကို မနှိပ်ကွပ်ပဲ မနှိပ်ကွပ်ရမယ့် လူပြီသတဲ့ ဒီမိုကရေစီဘက်တော်သားတွေကို နှိပ်ကွပ်ခဲ့လို့ ခုချိန်ထိ သမိုင်းကြောင်းရှည်နေခဲ့တာပါ။ အင်ဒိုနီးရှားနဲ့ ဘယ်နေရာမှာ တူတာပါလဲ..။
+17 #10 salamander 2012-10-22 20:05
Quote:
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။


မပစ်ပယ်ပါဘူးဗျာ။ အလေးထားပါတယ်။ တလေးတစားပါပဲ။ ဒါပေမယ့် ခင်ဗျားတို.ဟာက လိုတာထက် ပိုနေသလားလို.ပါ။ ကိုယ်လိုရာ ကိုယ်ဆွဲပြောနေသလိုပဲ။ တပ်မတော်ရဲ. အခန်းကဏ္ဍ အရေးကြီးတာနဲ.ပဲ လတ်ြတော်ထဲမှာ စစ်သား ၂၅ ရာခိုင်နှုန်းပါဖို. လိုလို.လား။ တင်ပြစရာရှိရင် တင်ပြလို.ရအောင် ၄ ၅ ဆယ်ယောက်ပါရင် လွန်ရောပေါ့။ အခုဟာက ဘာအတွက်ဒီလောက်အများကြီးဝင်ပါနေလဲဆိုတာ ဦးနှောက်ကောင်းတဲ့ လူတိုင်းသိပါတယ်။ အင်ဒိုနီးရှားကို ဥပမာမပေးပါနဲ.။ ဒါကဆင်ခြေသက်သက်ပါ။ သူများလုပ်တိုင်း လိုက်လုပ်စရာ မလိုဘူးလေ။ တော်ပြီဗျာ။ ဒါပဲပြောတော့မယ်။ စိတ်ပိန်တယ်။
+20 #9 moehtutthu 2012-10-22 19:35
Quote:
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတို့၊ ဘာတို့ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ




ဗိုလ်ချုပ်ကို ထည့်ထည့်မပြောပါနဲ့ ဗျာ အခုရှိတဲ့ သူ တွေ ခြေဖျား မပြောနဲ့ ဗိုလ်ချုပ်စီးတဲ့ ဖိနပ် က မြူမှုန်လောက်တောင် တန်ဖိုးမရှိဘဲနဲ့များ သူတို့ ကိုယ်သူတို့ ဗိုလ်ချုပ်နဲ့ နှိုင်းနေသေးတယ် မရှက်ကြဘူးလားဗျာ .... ခင်ဗျား တို့ လို အရင်းရှင် နဲ့ ပေါင်းစားတဲ့ ဗိုလ်ချုပ် မဟုတ်ဘူး ။ ခင်ဗျားတို့ လို ပြည်သူ ရဟန်း သံဃာ တွေ ကို မသတ်ဘူး ဗိုလ်ချုပ် သမီးကိုလဲ နောက်ကွယ် က နေ မိန်းမလို မိန်းမရ ဓါးနဲ့ ထိုး တဲ့ သူတွေ ထဲ မှာ ဗိုလ်ချုပ် မပါဘူး ပြောရင်းနဲ့ စိတ်တိုလာပြီး ဆဲမိတော့မယ် တော်ပြီ xxxxxx
+19 #8 ကျောက်ဆည်သား 2012-10-22 14:38
တပ်မတော်ပါတာမပါတာကိုောလောဆယ်မပြောချင်ပါဘူးပြောလည်းရမှာမှမဟုတ်တာဘယ်တုန်းကစစ်သားတွေကအရှက်ရှိလို့လဲနောက်ဆူံးဖွန်ကြောင်တာတောင်အရှက်မရှိဘူးဒါပေမဲ့တပ်မတော်ကိုယ်စလှယ်တွေကိုစစ်သားတွေမဲပေးပြီးရွေးခိုင်ယင်ကောင်းတယ်ခုတော့လွတ်တော်ကြီးတခုလုံးကမင်းအောင်လှိုင်လုပ်သမျနုရမဲ့ဘဝရောက်နေတယ်လ
-43 #7 Zawtika 2012-10-22 11:42
Quote:
လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။

လောလောဆယ်မှ မဟုတ်ဖူး။
နောင် အနှစ်ငါးဆယ် အထိ မြန်မာလွှတ်တော်ထဲမှာ အဲဒီ တမတ်သား ဆိုတဲ့ စစ်သားတွေ ရှိနေဘို့ လိုကို လိုတယ်။
မြန်မာလွှတ်တော်ထဲမှာ စစ်သားတွေ ကို မမြင်ချင်ဘူးဆိုတဲ့ လူတွေဟာ ဗမာပြေ နဲ့ ဗမာလူမျိုးအကြောင်း မပြောနဲ့ ကိုယ့်အကြောင်း ကိုယ်တောင် ဂဃနဏ မသိတဲ့ လူတွေဘဲ ဆိုတာ သမိုင်းက သက်သေပြပါလိမ့်မယ်။
ဆဲတော်မူကြပါ။ ရှဲ ရှဲ နိ...... ရှူး ရှူး နိ..........
+17 #6 Phoe Khant 2012-10-22 10:21
ယူနီဖောင်းကြီးနဲ့ လွှတ်တော်ထဲမှာ ၀င်ထိုင်နေတဲ့သူတွေက အထက်ကအမိန့်ဟူသမျှချွင်းချက်မရှိလိုက်နာရမဲ့အထဲအကြုံးဝင်ပါသလား။
If so, .....??
+19 #5 Mr.talkative11 2012-10-22 09:58
Quoting kinglakeshore:
ဂဃနဏ မသိတဲ့လူတွေကို လွှတ်တော်ထဲမှာ အလေ့အကျင့်ရအောင်၊ အနာဂါတ်မှာ ဘောင်းဘီချွတ်ရင် အအေးမပါတ်အောင် ထိုင်ခိုင်းထားတာပါ.... :o

ဒါတင်ဘယ်ဟုတ်မလဲဗျို၊ ကျက်သရေ ခေါင်းပေါင်းကြီးမှ အားမနာ လူပြန်ဟစ်တတ်အောင် လက်ထပ်သင်ကြားပေးနေတာဗျ။
ဒါကြောင့်လဲ မြန်မြန်လူဝတ်လဲတော့မဲ့ ကိုယ်တော်တွေနဲ့ အစားထိုးတာလို့ ယူဆရတယ်ဗျ။
+16 #4 Aung Zeya 2012-10-22 09:43
တော်ပါသေးရဲ. ဗိုလ်ချုပ်အောင်ဆန်းနာမည်လေး
နောက်ကြောက သုဒ္ဓေါ ဆိုပြီး ပါသလိုပါလာလို.
+10 #3 AMKs 2012-10-22 08:20
The reason of keeping this 25 % is ' to protect the ex military officers who abused and killed innocent people ' .

It is to buy time until they all deceased in their own accords.

Then when Mr. President stated ' to concede gradually ' of such military parliamentarian involvement will be good-timing with their ( ex military offenders ) death by natural courses.

In case of such activity to raise that issue, Hluttaw will not support such proposal by ' that 25 % and Kyant Phoot ' . Then such non supporting will be a good reason to express internationally as well. In other words, they create their own safeguard against being trialled.
That is one of the main reasons. In short, if in worst scenerio, the army will take over the power if lots of stormy arguments on that issue.

In short, President U Thein Sein is covering for 88 - 10 regime. Protecting them from being prosecuted, Like previous government protected to B S P P accomplice.

Sorry to say that Mr. President. That is a grain of truth behind this. We like to support you. And we did to a good extent. But not in this area.

You are actually under the influence of others to provide protection to those ' assailants ' .

It is a hard subject to comment. The longer we delay this, the lesser likely to ' do the right thing ' . ( at least to compensate for those who lost their lives and destiny ) .

The leaders are not responsible and the whole media , though they like to raise, were a bit tacit about this.

I did not see any question in relation to that matter.

Let's say: sample question :

Q . Mr. President , would it be possible to delete the clause of ' indemnity for previous government ' ( = Previous government cannot be prosecuted for any reason ) from constituency.
(To do that such ' barriers ' to remove that clause have to be removed. )

In other words, they are protected by doubled shields - viz,
1 . 2008 constituency and
2. Keeping ' hardcore' members ( 25 % ) to prevent 'to change ' that clause .

and plus
3. Waiting for the time of DASSK and others senior aged people to get invalid ( age related ) .

Well . future of Myanmar is very dubious in next 20 years.
Good weather, good resources, good people, good terrains, mountains, rivers , a diversity of various ethnics - suffered a lot of thefts, corrupt, abuses, atrocities - in short - swimming in our own saliva -sea .

We 'd better start swimming or else we all will sink like a stone.
+32 #2 kinglakeshore 2012-10-22 07:26
ဂဃနဏ မသိတဲ့လူတွေကို လွှတ်တော်ထဲမှာ အလေ့အကျင့်ရအောင်၊ အနာဂါတ်မှာ ဘောင်းဘီချွတ်ရင် အအေးမပါတ်အောင် ထိုင်ခိုင်းထားတာပါ.... :o
-69 #1 Zawtika 2012-10-22 06:25
Quote:
လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။

လောလောဆယ်မှ မဟုတ်ဖူး။
နောင် အနှစ်ငါးဆယ် အထိ မြန်မာလွှတ်တော်ထဲမှာ အဲဒီ တမတ်သား ဆိုတဲ့ စစ်သားတွေ ရှိနေဘို့ လိုကို လိုတယ်။
မြန်မာလွှတ်တော်ထဲမှာ စစ်သားတွေ ကို မမြင်ချင်ဘူးဆိုတဲ့ လူတွေဟာ ဗမာပြေ နဲ့ ဗမာလူမျိုးအကြောင်း မပြောနဲ့ ကိုယ့်အကြောင်း ကိုယ်တောင် ဂဃနဏ မသိတဲ့ လူတွေဘဲ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။