ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု
စာရင်းစစ်ချုပ်နှင့် အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများ
စာရင်းကို ယနေ့ (စက်တင်ဘာလ ၇ရက်) မွန်းလွဲပိုင်းအချိန်က နိုင်ငံတော်
သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ကြေညာချက်အရ ပြောင်းလဲတာဝန် ပေးအပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁ - ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်
၂ - ပြည်ထောင်စု စာရင်း စစ်ချုပ် - ဦးသိန်းထိုက်
၃ - ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးအေးမြင့်ကြူ
၎ - ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဗိုလ်ချုပ်ဇေယျာအောင်
၅ - သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာမြင့်အောင်
၆ - ဆောက်လုပ်ရေးဝန်ကြီးဌာန - ဦးကျော်လွင်
၇ - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန - ဦးဝင်းရှိန်
၈ - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန - ဒေါက်တာကံဇော်
၉ - အလုပ်သမားဝန်ကြီးဌာန - ဦးမောင်မြင့်
၁၀ - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
၁၁ - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာကိုကိုဦး
၁၂ - ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးဌေးအောင်
၁၃ - နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး
၁၄ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးခင်မောင်စိုး
အထက်ပါ ပြည်ထောင်စုဝန်ကြီးများအပြင် သမ္မတရုံး
ဝန်ကြီးဌာန၌လည်း ဦးသိန်းညွန့်အား သမ္မတရုံးဝန်ကြီးဌာန(၁)
ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးစိုးမောင်အား သမ္မတရုံးဝန်ကြီးဌာန
(၂) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးစိုးသိန်းအား
သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ဦးအောင်မင်းအား
သမ္မတရုံးဝန်ကြီးဌာန (၄)
ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးတင်နိုင်သိန်းအား သမ္မတရုံးဝန်ကြီးဌာန
(၅) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးလှထွန်းအား သမ္မတရုံးဝန်ကြီးဌာန
(၆) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန်ပေးအပ်လိုက် ကြောင်း
သိရပါသည်။
Comments
ကဲဝန်ကြီးတွေတော့ပြောင်းပြီးပြီ။
စိတ်ဓာတ်တွေကောပြောင်းပြီးကြပြီလား။
မိုးရွာတုန်းရေခံ၊လသာတုန်းဘိုင်းငင်ဆိုပြီး၊
ရခဲလှစွာသောဝန်ကြီးရာထူးရပြီဆိုပြီးဝါးဖို့အားမခဲကြပါနဲ့ဦး။
နိုင်ငံတကယ်တိုးတက်ဖို့ကိုကြိုးစား
လုပ်ကိုင်ကြပါဦးလို့
သန်6း0ကိုယ်စား တင်ပြပါရစေ။
|
No comments:
Post a Comment