Friday, September 7, 2012

ဘုရားပြီးရင်ငြမ်းမဖျက်ကြပါနဲ့ 


ဘုရားပြီးရင်ငြမ်းမဖျက်ကြပါနဲ့  

Ashin Kawwida updated his status: "မြန်မာပြည်သူ/ပြည်သားများအတွက် အမှာစကားလေးတခွန်းပါ...။ ပြည်ပမှာနေနေကြတဲ့ သူတွေကို မြန်မာနိုင်ငံအတွက် ဘာမှလုပ်မပေးပဲနဲ့  အလကားအာချောင်နေသူတွေ၊ ဘ၀င်မြင့်နေသူတွေ၊ အသင်းအဖွဲ့ ထောင်ပြီး ရံပုံငွေတွေရှာစားနေသူတွေလို့  အကုန်လုံးသိမ်းကြုံးပြီး မပြောကြစေချင်ပါဘူး။ မြန်မာနိုင်ငံ ဒီလိုအပြောင်းအလွဲတွေဖြစ်လာဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ဖို့ တွေအတွက် ပြည်ပနိုင်ငံအသီးသီးမှာ နေနေကြတဲ့သူတွေဟာ အလုပ်ပျက်ခံ၊ ရဲအဖမ်းခံ၊ အလုပ်ပြုတ်ခံပြီး သက်ဆိုင်ရာဌာနတွေမှာ, နိုင်ငံတကာမှာ လှည့်လည်ပြီးတော့ ဆန္ဒတွေပြကြ, တောင်းဆိုကြ, နယူးယောက်က ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ မှာ အစာငတ်ခံဆန္ဒပြတာတွေကို မိမိတို့ စရိတ်နဲ့ လုပ်ခဲ့ကြတာပါ။ ဒါကြောင့်လဲ မြန်မာနိုင်ငံ ဒီလိုအခြေအနေကိုရောက်စပြုလာတာပါ။ ဘုရားပြီးရင်ငြမ်းမဖျက်ကြပါနဲ့ လို့ ပြောကြားလိုပါတယ်။ ကျေးဇူးကန်းရင် ကျေးဇူးကန်းတဲ့အကျိုးကို ခံစားကြရမှာ အမှန်ဖြစ်ပါတယ်။ မိမိတို့ နိုငိငံခြားမှာ နေနေကြသူတွေဟာ မြန်မာနိုင်ငံကို မပြန်ရလဲ ဘာမှဖြစ်မသွားပါဘူး၊ ကိုယ့်တိုင်းပြည်, ကိုယ့်လူမျိုးဆိုတဲ့ သံယောဇဉ်နဲ့ သာ လုပ်နေကြတာပါ။ ဘာမျှော်လင့်ချက်မှ မရှိကြပါဘူး။ ကဗျာဆရာကိုအောင်ဝေးကို ၀ိုင်းဆဲရေးကြတာတွေ့ ရတော့ မိမိအနေနဲ့ ရင်နာတယ်။ ကိုအောင်ဝေးကို မိမိမမြင်ဖူးပါ။ ဒါပေမဲ့ သူ့ ကဗျာတွေဟာ အစွမ်းထက်တယ်။ အမိမြန်မာပြည် အာဏာရှင်လက်အောက်ကလွတ်မြောက်အောင် တနည်းတလမ်းအားဖြင့် အာားဖြည့်ပေးခဲ့တယ်။ ဒါကြောင့် သူ့ ကိုလေးစားတယ်။ နွားခြေရာခွက်ကို မဟာသမုဒ္ဒရာကြီးထင်မနေကြဖို့ ကို မေတ္တာဖြင့် အသိပေးလိုက်ပါတယ်။ အားလုံး ညီညွတ် စည်းလုံး သာယာဝပြောတဲ့ နိုင်ငံကို အရိမေတ္တယျဘုရား မပွင့်ခင်မှာ ထူထောင်နိုင်ကြပါစေ.....။"

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။