ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သော အမေရိကန်သမ္မတအိုဘားမားက မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို အသိအမှတ်ပြု ထည့်သွင်းပြောကြား |
|
|
Thursday, 27 September 2012 00:17 |
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေစဉ် Photo: AFP
အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာနေချိန်တွင် သမ္မတအိုဘားမားက အီရန်ကိုသတိပေးခဲ့ပြီး သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် အချိန်ကုန်လွန်နေပြီဖြစ်ကြောင်း နျူကလီးယား လက်နက် ပိုင်ဆိုင်သော အီရန်သည် ထိန်းချုပ်ရနိုင် မည့် စိန်ခေါ်မှုတစ်ခုမဟုတ်ကြောင်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု၊ ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံမှု၊ အစ္စရေးနိုင်ငံ၏ တည်ရှိမှုတို့ကို ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြိုဆိုခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ |
No comments:
Post a Comment