Sunday, August 26, 2012

ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ် ဖြစ်ခဲ့ရသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ပြန်လည်ရှင်းလင်း


ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ် ဖြစ်ခဲ့ရသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ပြန်လည်ရှင်းလင်း 
Friday, 24 August 2012 16:11
ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ်ဖြစ်ခဲ့ရသော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သြဂုတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါသည်။ 
နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာပါ အကြောင်းအရာနှင့် ပူးတွဲပါရှိသော "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံးသပ်ချက်မှတ်တမ်း"အပေါ် ရခိုင်တိုင်းရင်းသားပါတီများ အပါအ၀င် ပြည်သူများ၏ မကျေနပ်သံများ ပြင်းထန်စွာ ပေါ်ထွက်လာပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။ 
အထူးသဖြင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ၌ ပူးတွဲပါရှိခဲ့သော "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံး သပ်ချက်မှတ်တမ်း"မှာ ရခိုင်ပါတီများနှင့် ပြည်သူများအကြား မကျေနပ်မှု ပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့သော ကိစ္စရပ် ဖြစ်ခဲ့ပါသည်။ 
ထိုသုံးသပ်ချက်မှတ်တမ်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ရှင်းလင်းခဲ့ရာတွင် "ယင်းသတင်းသုံးသပ်ချက် မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ပြီး နိုင်ငံတော် သမ္မထံ တင်ပြချက်သာ" ဖြစ်သည်ဟု ရေးသားခဲ့သည်။ 
သို့သော် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့စဉ်တွင် သမ္မတ၏ သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါရှိခဲ့သော  "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံးသပ်ချက်မှတ်တမ်း" နှင့် ပတ်သက်သည့် ရှင်းလင်းချက်မှာ သ၀ဏ်လွှာ၌ တစ်စုံတစ်ရာ မပါရှိခဲ့ခြင်းကြောင့် သ၀ဏ်လွှာနှင့် သတင်းသုံးသပ်ချက်မှတ်တမ်းတို့သည် သမ္မတ၏ တင်ပြချက် (သို့မဟုတ်) သမ္မတ၏ အာဘော်အဖြစ် အများပြည်သူတို့က ထင်မြင်ခဲ့ကြပြီး မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါသည်။ 
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သြဂုတ်လ ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှင့် သ၀ဏ်လွှာပါ သတင်းသုံးသပ်ချက် မှတ်တမ်းအပေါ် ရှင်းလင်းမှုကို သြဂုတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သော်လည်း  သ၀ဏ်လွှာပေးပို့စဉ်အချိန်က ရှင်းလင်းချက်ကို တစ်ပါတည်း ပေးပို့ရမည်မှာ နိုင်ငံတော်သမ္မတရုံး၏ တာဝန်သာဖြစ်ပြီး ရှင်းလင်းချက်ကို ပူးတွဲမပေးပို့ခဲ့ခြင်းကြောင့် နိုင်ငံတော် သမ္မတအပေါ် ထင်ယောင် ထင်မှား ဖြစ်စေခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ သ၀ဏ်လွှာပါ သတင်းသုံးသပ်ချက် မှတ်တမ်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်ကြောင်း Facebook သုံးစွဲသူတစ်ဦးက နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာတွင် မှတ်ချက်ရေးသားခဲ့ပါသည်။ 
"ရခိုင်တိုင်းရင်းသားများ အခြေအနေ သုံးသပ်ချက်သာ အမှန်ဆိုရင် အတော် စိတ်ပျက် လက်ပျက် ဖြစ်စေပါတယ်။ ရခိုင်တိုင်းရင်းသားတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘင်္ဂလီတွေ  (ရခိုင်ဒေသတောင် မဟုတ်ဘူး) အပေါ် အကြမ်းဖက်ရန် ကြံစည် လုပ်ဆောင်လျက်ရှိသည်ဆိုတာကတော့ တော်တော်လေး ကိုယ့်ရဲ့တိုင်းရင်းသား လူနည်းစုတွေအပေါ် ရက်ရက်စက်စက် မညှာမတာ သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို ရန်လိုတဲ့စိတ်ရှိရင် သံတွဲတို့လို ရခိုင်အများစု ရှိနေရာမျိုးမှာ အဓိကရုဏ်းတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ  ဖြစ်ကုန်မှာပေါ့။ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ပြောရရင် ဒီသုံးသပ်ချက်ဟာ  မှားယွင်းပါတယ်။ ပြည်ထောင်စုစစ်စစ် တည်ထောင်ရေးကိုရော ဒီမိုကရေစီ  ထူထောင်ရေးကိုပါ နောက်ပြန်သွားစေပါတယ်။ ဒီသုံးသပ်ချက်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူ ဆောင်ရွက် သွားစေချင်ပါတယ်"ဟု  Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သ၀ဏ်လွှာပေးပို့ခဲ့ကာ အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြ မှတ်တမ်းတင်ရန် ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏  ကန့်ကွက်မှုများ ရှိလာသောကြောင့် သ၀ဏ်လွှာ ဖတ်ကြားခြင်းကို ရွှေ့ဆိုင်းလိုက်ပါသည်။ နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်၌ ဖတ်ကြား တင်ပြ မှတ်တမ်းတင်ခြင်း မပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ 
ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတမှ ပေးပို့သည့် သ၀ဏ်လွှာနှင့်အတူ  သတင်းသုံးသပ်ချက် မှတ်တမ်းများပါရှိသည်။ သတင်းသုံးသပ်ချက် မှတ်တမ်းများတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများ၊ အလုပ် အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ၊ ဘင်္ဂါလီမူဆလင်များ၏ အခြေအနေ၊ နိုင်ငံတကာ၏ တုံပြန်မှုများ၊ လတ်တလော ဖြေရှင်ဆောင်ရွက်မှုများ၊ ရေရှည်ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေး၊ ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းပေးပို့ထားကြောင်း သိရှိရသည်။
သတင်းသုံးသပ်ချက် မှတ်တမ်းတွင် ရခိုင်တိုင်းရင်းသားများ၏ အခြေအနေကို သုံးသပ်ရာတွင် -
(က) နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ရခိုင် အသိုက်အ၀န်းများသို့ပါ ချည်းကပ်စည်းရုံး ဆောင်ရွက်လျက်ရှိသည်။
(ခ) နိုင်ငံအနှံ့ အများတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက်မပြတ် ကြံစည် လုပ်ဆောင်လျက်ရှိသည်။ 
(ဂ) မြန်မာနိုင်ငံ၏ ခေတ်အဆက် အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲစေသည့် လှုံဆော်မှုမျိုး တွေ့ရှိရသည်။ 
(ဃ) ရခိုင်ပြည် နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာ တားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ် စွပ်စွဲမှုအချို့ ရှိသည်။ 
(င) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူဆလင်များအပေါ် မသင့်မလျော် ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။ 
(စ) ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ဘင်္ဂါလီမူဆလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည်လက်ခံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ 
(ဆ) ဘင်္ဂါလီများကိုသာ တစ်ဖက်သတ် ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် ငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင် မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
(ဇ) ရခိုင်တိုင်း ရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေး လုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာကြောင်း တွေ့ရှိရသည်။ 
(ဈ) ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ဆိုင်ရာ ထိခိုက်ခံစားရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည် စသည့်အချက်များပါဝင်သည်။

"နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာပါတဲ့ အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ် သုံးသပ်ချက်ဆိုတဲ့ အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ။ စွပ်စွဲထားတာ ပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာကို ကျွန်တော်တို့ တင်တာပါ။ ဥပမာ ဆိုပါတော့ ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွားရေး သမားတွေရဲ့နေရာကို ရခိုင်တိုင်းရင်းသားတွေက အချောင်ရလိုစိတ် ရှိတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်တယ်။ ဘဂါင်္လီ စီးပွားပျက်တယ်ဆိုတာက ရခိုင် လည်း စီးပွားပျက်မှာပဲ။ ဘင်္ဂါလီ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေရာကို အချောင်ရလိုတဲ့စိတ်၊ အဲဒါမျိုး သုံးထားတယ်။ ဒါမသုံးသင့်၊ မသုံးအပ်တဲ့ ကာလ။ အဲဒါမျိုး ကျွန်တော်တို့ ယူဆတယ်။ ဘာစီးပွားရေးတွေလဲ။ ဘယ်လို အချောင် ရယူချင်တာလဲ။ စွပ်စွဲတဲ့ပုဂ္ဂိုလ်က ဘယ်လို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်က ဒီလိုကိစ္စကို စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် ဒီလို ကောက်ချက်ချတာလဲ။ ဘယ်လိုအချက်အလက်တွေ အခိုင်အမာရှိလဲ။ ဒါတွေကို မဖော်ပြဘဲနဲ့ ဒီလိုအချောင်ရလိုမှု ရှိတယ်ဆိုတာကို ဒီကာလ၊ ဒီလို ပြည်ထောင်စုလွှတ်တော်လို ဟာမျိုးမှာ ဒီလိုသုံးသပ်ချက် မပါသင့်ဘူး။ နောက်တစ်ခုက နိုင်ငံရေး ပါတီတွေ၊ သံဃာတော်တွေ၊ တချို့ ရခိုင်ပုဂ္ဂိုလ်တွေက ဒီပြဿနာ ဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောလို။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်ပြီးကာမှ လူမျိုးရေးစိတ်ပိုပြီးတော့ ပေါက်ကွဲလာအောင် လှုံ့ဆော်တယ်။ အဲဒါမျိုး သုံးသပ်ထားတာ ရှိတယ်။ အဲဒါမျိုးတွေလည်း ဒီကာလ၊ ဒီလိုအခြေအနေမျိုးမှာ မသုံးသင့်၊ မသုံးအပ်သေးဘူးလို့ မြင်တယ်။ ဘယ်လို အထောက်အထားတွေနဲ့ ပြောတာလဲ။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ဒီဖြစ်စဉ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်။ သုံးသပ်ချက်တစ်ခု ရှိရင်တော့ အထောက်အထားတော့ လိုမယ်လေ။ စွပ်စွဲချက်တစ်ခု ရှိရင်တော့ အထောက်အထား ခိုင်ခိုင်မာမာ ကျွန်တော်တို့က မသိရဘူး"ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါသည်။

"သမ္မတကြီးရဲ့ သ၀ဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက် အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက  ပြောခဲ့ပါသည်။
နိုင်ငံတော် သမ္မတရုံး  ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာတွင်  ဖော်ပြထားသော" ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာဆိုင်ရာ ရှင်းလင်းတင်ပြချက်" အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။  နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။
၂။  နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။ အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော  သ၀ဏ်လွှာ  ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]
၃။  အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက် မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက်သာ ဖြစ်ပါသည်။]
၎။  နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။
၅။  ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုးဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။
၆။ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း"  သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်းသုံးသပ်ချက်များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။
၇။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
Comments 
 
+1 #43 Spider Orchid 2012-08-26 13:48
မြစ်ဆုံကို အပြင်းအထန်ကန့်ကွက်နေကြချိန်မှာ ကျွန်တော်တို့အားလုံး လွှတ်တော်ကို တင်ပြသင့်တယ်လို့ ..မီဒီယာတွေနဲ့ နယ်ပယ်ပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက အသံထွက်ခဲ့ကြတယ်..။
ဒါပေမယ့် တကယ် ဆုံးဖြတ်ခဲ့တာ .. သမ္မတအမိန့်ပဲ..။ လွှတ်တော်ထဲ မရောက်ခဲ့ဘူး။
လွှတ်တော်ထဲမှာ..မြစ်ဆုံကန့်ကွက်တဲ့အဆိုတင်ရင်တောင်..
တစ်ဝက်ထောက်ခံဖို့သေချာနိုင်ပါ့မလား..၊
ရခိုင်ကိစ္စမှာ ကုလ မဟာမင်းကြီးကို သမ္မတက ဘင်္ဂလီတွေကိုသနားရင်လက်ခံကြပါ ပြန်ပို့ပေးမယ်လို့ ပြောခဲ့တယ်.။တရားဝင်တွေ့ပြီးပြောတာ...၊
နောက်တစ်ခုက....စကားအသုံးအနှုန်းတစ်ခုကို ထစ်ကနဲ့ရှိ ထ ကန့်ကွက်ခဲ့တဲ့ လွှတ်တော်ဥက္ကဌကိုယ်တိုင် ငြိမ်ပြီး ဘင်္ဂလီ ပြည်ခိုင်ဖြိုးအမတ်ဥိးရွှေမောင်ပြောကြားချက်ကိုနားထောင်နေခဲ့တယ်။
စကိုင်းနက်က မချွင်းမချန် လွှင့်ပေးခဲ့တယ်။
NLD ဦးဝင်းမြင့်ရဲ့ Clean Government အစိုးရအဖွဲ့ရဲ့ ပိုင်ဆိုမှု အဆိုကိုတင်သွင်းတယ်.။ သမ္မတရုံးက ပြည်ထောင်စုအစိုးရဥပဒေ ပုဒ်မ ၁၀၁ အရ ချက်ချင်း Action ယူပြီး လိုက်လုပ်တယ်..။
အဲဒါကြောင့် အားလုံးက ဒီအဆို အောင်မယ်မျှော်လင့်ခဲ့ကြတယ်။
ဒါပေမယ့် လွှတ်တော်မှာ ဘာမဟုတ်တဲ့ ရည်ညွှန်းချက်နဲ့ အခြေခံဥပဒေပုဒ်မ ၆၈ ကို ကျော်လုပ်တယ်ဆိုပြီး အဆို ပျက်ပြယ်သွားတယ်။
NLD က ဒေါက်တာမြတ်ဥာဏစိုးရဲ့ ဘင်္ဂလီနဲ့ ပြည်မကြီးကတရုတ်တွေ ပြည်တွင်းမှာတိုးပွားလာတဲ့ အကြောင်းရင်းအဖြစ် ယခင် လ၀က အရာရှိတွေကို အဂတိလိုက်စားမှုအတွက် စုံစမ်းဖော်ထုတ် အရေးယူဖို့ အဆိုတင်တယ် အဲဒီအဆို မဲခွဲတာ ရှုံးသွားတယ်.။ ဘာ့ကြောင့်လဲ..။
အခြေခံဥပဒေခုံရုံးနဲ့ အငြင်းပွားတယ်.။ လူပုဂိုလ်ပိုင်းတွေကို စွပ်စွဲပြစ်တင်ဖို့ ကြိုးစားတယ်။ သမ္မတက အခြေခံဥပဒေကို ပြင်ဖို့ဟ ပေးတယ်။ နောင်အငြင်းပွားစရာမဖြစ်အောင် တကယ်လိုအပ်တာက အခြေခံဥပဒေ ပြင်ဖို့ပဲ..။
ကဲ.. ပြည်သူ့အသံ. ...... ဘယ်သူနားထောင်သလဲ..။
----------------------------------
ဥိးရွှေမောင် ပြောတာကို လေ့လာကြည့်ရင် အားလုံးက အာစေးထည့်ထားသလိုပဲ။
RNDP ကကော ဦးရွှေမောင်ပြောတုန်းက ဘာလုပ်နေခဲ့သလဲ...။
ဘယ်အမတ်က..ဘယ်သတင်းဌာနတွေကို..
"ဒီကုလားစစ်စစ်တွေလွှတ်တော်ထဲရောက်တာ..
လုံးဝမကျေနပ်ဘူးလို့.".
ပြောခဲ့ဘူးလဲ....ဝေးသေး....

Quoting Truth Seeker:
အဲဒီတုန်းက သူတို့က အခုအချိန်မှာ နိုင်ငံတကာက တင်းမာနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့
လွှတ်တော်မှာ နောင်မှ ဆွေးနွေးရန် ရွှေ့ဆိုင်းတယ်။
ပွဲဆူခဲ့ပါတယ်။
ဒါလည်း မောင်ရင်မပါလို့မသိတာပေါ့။
(ကျွန်တော်သာပါရင်...အဲဒီလိုပြောတဲ့ကုလားကို..
ချက်ချင်း..ပါးသွားရိုက်လိုက်မှာပေါ့...ရိုဟင်ဂျာဘလော်ဂါမှာရေးထားတာရောတွေ့လာ..
."ဦးရွှေမောင်လွှတ်တော်မှာမိန့်ခွန်းပြောကြား".....တဲ့လေ..အဲဒီတော့...ခင်ဗျားတို့ဘယ်လိုခံစားရလဲ....)
ဝန်ကြီးများရုံးကို ဟိုတယ်ဆောက်ဖို့ မောင်ခင်ရွှေ (ဟိုတယ်လုပ်ငန်းအသင်းဥက္ကဌ) စီစဉ်တာကို ၀ိုင်းဝန်းကန့်ကွက်တဲ့အတွက် သမ္မတအမိန့်နဲ့ ပျက်ပြယ်ခဲ့တယ် ..။ အခုတော့ သမ္မတကောင်းမှုနဲ့ အနုပညာ ပြတိုက် ဖြစ်တော့မှာပါ။
ဒါပေမယ့် လွှတ်တော်မှာ လယ်ယာသိမ်းကိစ္စနဲ့ ပတ်သက်တဲ့ အဆိုတစ်ခုမှာ ၀င်ဆွေးနွေးတဲ့ အဲဒီ မောင်ခင်ရွှေကပဲ ယခင်ကတည်းက တရားဥပဒေနဲ့ ညီခဲ့တဲ့အတွက် လယ်ယာများ ပြန်မပေးနိုင်ကြောင်း
သူ့သဘောနဲ့..သူ
Decision ချ ကန့်ကွက်သွားတာကို..
သူ့အကျိုးစီးပွားကို သူကာကွယ်သွားတာကိုလွှတ်တော်ဥက္ကဌကြီးက ငုတ်တုတ်ထိုင် နားထောင်နေခဲ့တယ်..။
နောက်ဆုံးတစ်ချက်က လွှတ်တော်ကိုယ်စားလှယ် (ပြည်ခိုင်ဖြိုးအများစု)ဟာ တပ်မတော်နဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ဘူး။
အပစ်အခတ် ရပ်စဲရေးကိစ္စတွေကို ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်တွေ အဆိုတင်သွင်းတာမတွေ့ရဘူး။ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပတ်သက်ပြီး ကော်မတီ ကော်မရှင် မဖွဲ့စည်းထားဘူး။
တချို့အဆိုတွေဟာ ဖျော်ချခံရပြီး အလိုလျှောက် ပျက်ပြယ်သွားတယ်..။
ကျွန်တော်က အမှန်အတိုင်းပြောရင် သမ္မတကို လွှတ်တော်ထက်ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကိုတော့ မယုံကြည်ပါဘူး။
Credit- Facebook Posts and comments
 
+3 #42 ချယ်ရီမြေ 2012-08-26 12:59
ရှုပ်ပွနေတာပဲ။ သဝဏ်လွှာလေးတစ်ခုကိုတောင် နိုင်နိုင်နင်းနင်း မလုပ်နိုင်ကြပဲနဲ့ တိုင်းပြည်ကို ဘယ်လိုများရှေ့ဆက်ဦးဆောင်ကြအုံးမှာလဲ။ အင်းလေ..ခောတ်အဆက်ဆက် တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တိုင်းရင်းသားတွေအပေါ်မှာ၊ ဒင်းတို့တတွေ စေတနာအစစ်အမှန်မှမထားနိုင်ခဲ့ကြတာ၊ မဆန်းပါဘူးလေ။ အလုပ်တွေက သက်သေပြနေဆဲ၊ သက်သေပြနေအုန်းမှာပါပဲ။ :sad:
 
+34 #41 Truth Seeker 2012-08-25 21:24
Quoting Spider Orchid:
..................................................
Credit from Facebook
ကြားဖူးပေါင်။
အဆိုးပြိုင်ကြတယ်လို့။
ရန်မဖြစ်ကြပါနဲ့။
ပြည်သူ့ရင်ထဲရှိတာ အမှန်ပြောရမလား။
နှစ်ပေါင်း အစိတ်လောက်ကာလအတွင်း သွေးနဲ့စတေးခဲ့ကြရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများရဲ့ပုံရိပ်ကို ရင်ထဲမှာသိမ်းပြီး
တိုင်းပြည်အကျိုးစီးပွားအတွက် ပြည်သူတွေက အဲဒီတရားခံတွေကို သည်းခံပူးပေါင်းနေကြတာပါ။
ဖိနှိပ်ချုပ်ခြယ်မှု ၊ မမျှတမှု ၊ ဥပဒေမဲ့ တရားစီရင်မှု ၊ ဒို့တွေရဲ့ ဦးခေါင်းထက်က သံဃာတော်တွေကို သတ်ဖြတ်မှု စတဲ့
ရက်စက်မှု အပေါင်းသရဖူဆောင်းခဲ့တဲ့ အာဏာရှင်အုပ်ချုပ် သူတွေရဲ့
အဆိုးပေါင်းများစွာထဲက ကောင်းကွက်များကို မှန်ဘီလူးနှင့်ရှာဖွေ ချီးမွမ်းနေကြတာပါ။
စစ်ဝတ်ချွတ်ပြီး ဟော့ဒီမှာ ပြောင်းလိုက်ပြီဆိုတော့လည်း မချိပြုံး ပြုံးခဲ့ကြတာပါ။
၁၀၀ ဖိုး ဆိုးခဲ့သူတွေကို ၁ ကျပ်ဖိုး ၂ကျပ်ဖိုးကောင်းတာနဲ့ ရှေ့ဆက်ဒီထက်ကောင်းအောင် နောက်ပြန်မဆုတ်အောင် မျက်စေ့မှိတ်ချီးမွမ်းနေရတာကိုပဲ မင်းတို့ကို ပြည်သူအားလုံးက နှစ်နှစ်ကာကာ ယုံယုံကြည်ကြည် အူလှိုက်သည်းလှိုက် အားကိုးချစ်ခင်တယ်လို့များ ထင်နေသလားကွယ်။
ဒါကြောင့်ပဲ ပြည်သူတွေက ၂၀၁၅ မျှော်တယ်။
မင်းတို့က ၂၀၁၅ ရောက်မှာကြောက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ လွှတ်တော်ထဲ မင်းတို့ ဝင်ရအောင် အချိုးကျစနစ်ကို မင်းတို့က တိုးတိုးတိတ်တိတ် ဆွယ်တယ်။
အာဏာရူး ၁၀ ပါတီက မင်းတို့ လက်ပါးစေအဖြစ် လက်ခံတင်ပြပေးတယ်။
မင်းတို့အားလုံး ဒေါ်အောင်ဆန်းစုကြည်ကို အရေးကြုံရင် နာမည်အသုံးချဖို့လောက်ပဲ
ထားတယ်။
ဒေါ်စုနဲ့ပတ်သက်လို့ မှန်ဘီလူးနဲ့ရှာမှရမဲ့ အပြစ်ကို ပုံကြီးချဲ့လို့မပြီးနိုင်ဘူး။
( ဥပမာ….ဒေါ်စုကို ချီးမွမ်းစကား…. အပြစ်တင်တယ်။
ပြီးတော့ Burma နဲ့ Myanmar အခေါ်အဝေါ်….တိုင်းပြည်ပျက်မလောက် အပြစ်တင်တယ်။)
 
+22 #40 Truth Seeker 2012-08-25 21:18
Quoting Spider Orchid:
.ဒီတော့ရိုဟင်ဂျာကိစ္စ...သမ္မတကြီးရဲ့သ၀ဏ်လွှာကိစ္စမှာ.....
အမှားအယွင်းတစ်ခုဖြစ်သွားတာကိုအကြာင်းပြုပြီး
ပက်ပက်စက်စက်ဖွတာတွေကိုသိပ်မျောပါလို့မရဘူး....
စောင့်ကြည့်ရမယ်....၊
Credit from Facebook
တသက်စာသေရာပါမဲ့ အမှားပါ။
အကြမ်းဖက် ဆိုတဲ့စကားလုံး တစ်ဖက်ထဲမှာ တမင်တကာ ရေးထားတယ်။
ရခိုင်အဆိုးရေးသားချက်ပိုများတယ်။
သံဃာတော်တွေပါ ပုတ်ခတ်စော်ကားထားတယ်။
ဆူပူအောင်လှုံ့ဆော်မှုတောင်ပါသေး။
ရှိသမျှအပြစ်အားလုံး ပုံချထားတယ်။
နိုင်ငံတကာမူဆလင်တွေလက်ထဲ ရခိုင်တွေကို ထိုးအပ်တယ်။
ဒါဟာ ကျုပ်တို့မြန်မာနိုင်ငံကို ထိုးအပ်တာပဲ။
ဘင်ဂါလီအပြစ်ကျတော့ နိုင်ငံသားအဖြစ်တရားမဝင်စိမ့်ဝင်မှု မွေးဖွားနှုန်းများမှု
အသနားခံမှုတဲ့။
မီးခဏခဏရှို့နေတဲ့သူတွေလေ…ရာဇဝတ်မှုဆိုတဲ့အပြစ်တင်စကားတောင်မပါဘူး။
  +18 #39 Truth Seeker 2012-08-25 21:11
[quote name="Spider Orchid"]
အရင်တုန်းက...
ရိုဟင်ဂျာတွေဝင်ရောက်လာတဲ့ကိစ္စတွေကိုစစ်ဆေးဖေါ်ထုတ်မဲ့ အင်န်အယ်လ်ဒီရဲ့ အဆိုကန့်ကွက်ခံရတုန်းက..
ဒီလောက်ဘာလို့ hot မဖြစ်တာလဲ.......ပွဲမဆူတာလဲ..၊
အမြစ်ကိုလှန်ပြီးတစ်ခါတည်းတူးထုတ်မဲ့အဆိုလေ..
တစ်ချက်တည်းနဲ့အပြတ်အသတ်..
သေကွင်းသေကွက်ကို...ထိတဲ့အဆိုမျိုးကို..
ကန့်ကွက်ခံရတာကျတော့..
????
အဲဒီတုန်းက သူတို့က အခုအချိန်မှာ နိုင်ငံတကာက တင်းမာနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့
လွှတ်တော်မှာ နောင်မှ ဆွေးနွေးရန် ရွှေ့ဆိုင်းတယ်။
ပွဲဆူခဲ့ပါတယ်။
ဒါလည်း မောင်ရင်မပါလို့မသိတာပေါ့။
 
+65 #38 အောင်ဘု 2012-08-25 17:57
နွားကွဲလျှင် ကျားဆွဲခံရလိမ့်မည် မြန်မာနိုင်ငံသားအပေါင်းတို့ အမျိုးဘာသာ သာသနာအတွက် အထူးညီညွတ်ကြဖို့ အရေးကြီးပြီ မြန်မာမွတ်ဆလင် ဆိုတဲ့အသုံးအနှုံးကို လုံးဝ လုံးဝ မသုံးစေရန် သက်ဆိုင်ရာက စီစစ်ဆောင်ရွက်သင့်ပါသည်
မှတ်ပုံတင်အသုံးအနှုံးအရ လူမျိုး/ဘာသာ = မြန်မာ/ဗုဒ္ဓ လို့ ရေးသားခေါ်ဆိုကြတာ ကုလားလူမျိုးမို့ ကုလား မွတ်ဆလင်ကုလား လို့သာခေါ်ဝေါ်ရေးသားကြပါ ခေတ်အဆက်ဆက် ဒီလိုပဲခေါ်လာခဲ့တာဖြစ်တယ် စကားနောက်တရားပါ ဒါအင်မတန်အရေးကြီးပါတယ်
တိုင်းပြည်ထဲကို နည်းပေါင်းစုံနဲ့ခိုးဝင် ကျူးကျော်အခြေချနေတဲ့ ဘင်ဂါလီကုလားတွေဟာ ရိုဟင်ဂျာလူမျိုး မြန်မာတိုင်းရင်းသားဆိုပြီး လေသံပစ် အစ္စလာမ်နိုင်ငံတွေဆီက ထောက်ပံ့မှုတွေရအောင် တခြားကမ္ဘာနိုင်ငံတွေက အမြင်မှားအောင် ပုံကြီးချဲ့ဝါဒဖြန့် လိမ်လည်ကြတယ် သမိုင်းကိုလုပ်ကြံ လိမ်လည်ပြီး နယ်မြေပိုင်ဆိုင်ဖို့ အစ္စလာမ်နယ်မြေသတ်မှတ်ဖို့ ကျူးကျော်နယ်ချဲ့လာနေကြပြီ ဒီလိုလုပ်ရပ်တွေနဲ့ ချဲ့ထွင်လာခဲ့တာ အင်ဒိုနီးရှား မလေးရှား ပါကစ္စတန် အာဖဂန်နစ္စတန် တစ်ချိန်ကဗုဒ္ဓဘာသာ အင်မတန် ထွန်းကားခဲ့တဲ့နေရာတွေပေါ့ အခု မြန်မာ ထိုင်း အိန္ဒိယ အမေရိက အင်္ဂလန် သြစတေးလျှနဲ့ အခြားဒေသတွေမှာပါ တဖြေးဖြေးခြေကုတ်ယူ လှုပ်ရှားနေကြပြီ အမေရိကန် သြစတေးလျှ ယနေ့အထူးစောင့်ကြည့်ပြီး ထိန်းချုပ်နေကြပြီ အနုနည်းနဲ့အကြမ်းနည်း နှစ်မျိုးစလုံးနဲ့လုပ်ကြတယ် သူတို့နယ်မြေချဲ့ထွင်မယ့်ဒေသမှာ ၅၀%နှုံးမပြည့်မှီ ငြိမ်သက်စွာနေလေ့ရှိကြပါတယ် အနုနည်းနဲ့ ပထမဆုံး အခြားဘာသာဝင် အမျိုးသမီးတွေကို နည်းမျိုးးစုံနဲ့ရအောင်သိမ်းသွင်း သွေးနှောပြီး အဆမတန် သားဖေါက်ပြန့်ပွားအောင်လုပ်ကြတယ် သာမန်မျိုးပွါးမှု့မဟုတ်တာ ဘာရည်ရွယ်ချက်လဲ ဘာသာတရားဆိုပြီး ငြိမ်းချမ်းစွာသာသနာမပြုတာ ဘာကြောင့်လဲ ? ဘာသာတရား အစစ်အမှန်မဟုတ်လို့ဆိုတာ ထင်ရှားပါတယ် သူတို့ဘာသာရေးအမည်ခံထားတဲ့ အဖွဲ့အစည်းတွေက နောက်ကွယ်မှ ငွေကြေးထောက်ပံ့ကြတယ် အဲဒီလိုနဲ့ သူတို့အယူဝါဒဝင်တွေ ၅၀% ကျော်လာပြီဆို လွတ်လပ်စွာကိုးကွယ်ခွင့် လူ့အခွင့်အရေး စတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တောင်းဆိုမှု့တွေ ဆက်တိုက် စလုပ်လာပြီ ၉၀% အထိရောက်လာပြီဆိုရင် အခု ရခိုင်မှာဖြစ်ခဲ့သလို ဘာသာရေးမည်ခံထားတဲ့ ခေါင်းဆောင်တွေရဲ့ညွန်ကြားချက်အရလူစုလူဝေးအင်အားနဲ့ တချိန်ထဲတပြိုင်တည်း ဒေသခံတွေ အခြားဘာသာဝင်တွေ မနေရဲအောင် ဆူပူအကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်တော့တာပါပဲ သူတို့အယူဝင်အရေအတွက် အင်းအားများလာတဲ့ အခြေအနေမှာ အနုနည်းမသုံးတော့ပဲ ဘာသာရေးစစ်ပွဲဆိုတဲ့ ဂျီဟတ် လုပ်တာပဲ စစ်ရေးအရပြောရရင် စခန်းသိမ်းတိုက်ပွဲဗျူဟာဖြစ်တယ် ဂျီဟတ်လုပ်တယ်ဆိုတာ မွတ်ဆလင်မဟုတ်သူအားလုံးကို လူမျိုးတုန်းသတ်ဖြတ်ခြင်းပါပဲ တာလီဘန်အဖွဲ့စည်းလိုတွေက အသေခံဗုန်းခွဲ့ပြီး တစ်ခြားဘာသာတွေကို သုတ်သင်ကြတယ် အဲဒီအခြအနေမှာ ဒေသခံတွေနဲ့ အခြားဘာသာဝင်တွေဟာ အဲဒီဒေသမှာမနေရဲကြတော့ပဲ သူတို့နေထိုင်တဲ့ဒေသတွေကို လက်လွှတ်လိုက်ကြရတယ် အစ္စလာမ်အတွက်အသက်စွန့် သေလွန်ပြီးရင် အပျိုစင် ၇၂ ဦး နဲ့တမလွန်မှာ ကာမဂုဏ် ၂၄နာရီခံစားရလိမ့်မယ်ဆိုပြီး ဝါဒမှိုင်းတိုက်ထားကြတယ် ဘာသာရေးဥပဒေတဲ့ မိန်းမလေးယောက် ယူခွင့်ပြုထားတယ် ကာမတဏှာနဲ့စည်းရုံးနေကြတယ် ဒီလိုနည်းနဲ့နယ်ချဲ့တယ်
ဘာသာပေါင်းစုံးအတွဲယှဉ်တွဲနေထိုင်ရေး ဘာသာရေးလွတ်လပ်ခွင့်လို့ အသံကောင်းဟစ်အော်နေကြတဲ့ အစ္စလာမ်မစ်တိုင်းပြည်တွေမှာ အခြားဘာသာတွေ သာသနာပြုခွင့်ရှိပါသလား လေ့လာပါ သတိပြုပါ ပေါ့ပေါ့ဆဆမနေကြပါနဲ့ ထင်ရာရေးနေခြင်းမဟုတ်ပါ လက်တွေ့ ကမ္ဘာဒေသအသီးသီးမှာ ဖြစ်နေတဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှု့တွေက သက်သေဖြစ်တယ် သူတို့ ဘာသာရေးအဆောက်အဦးလို့ခေါ်တဲ့ ဗလီတွေက ထွက်လာတဲ့လူအုပ်စုတွေဟာ အကြမ်းဖက်လေ့ရှိနေကြတာ ဘာတွေလမ်းညွန် သင်ကြားပေးနေလို့လည်း ? ဘယ်ဘာသာမှာမှ ဘာသာရေးစစ်ပွဲဆိုတာ မရှိဘူး အကြမ်းဖက်သတ်ဖြတ်ဖို့ လမ်းညွန်တာ စစ်ဖြစ်ဖို့အားပေးတာ ဘာသာတရားမဟုတ်ဘူး ဘာသာရေးအယောင်ဆောင် အမည်ခံထားတဲ့ အယူဝါဒသာဖြစ်တယ်
ဘာသာဆိုတာ လူအပါအဝင် သတ္တဝါအားလုံးကို ငြိမ်းချမ်းမှု့ပေးနိုင်ရမယ် အခြေခံအကျဆုံး သူတို့ယုံကြည်တဲ့ လုပ်ရပ်ကိုကြည့် သူများလည်ပင်းကို ရက်စက်စွာလှီးဖြတ်သတ်တဲ့ လုပ်ရပ်ကို မှန်၏ကောင်း၏ဟု လက်ခံပြုမူ အားပေးနေကြသော ထိုယုံကြည်မှု့သည် ဘာသာတရားဟု မဆိုနိုင်ပေ
အမျိုးဘာသာ သာသနာအတွက် ပေါ့ပေါ့ဆဆမနေကြလေနှင့် အင်မတန်အန္တရာယ်ကြီးသည် ထိုမိစ္ဆာဒိဋ္ဌိ အယူဝါဒများကို မပြန့်ပွါးလာစေရန် စဉ်ဆက်မပြတ် သတိရှိရှိ ကြိုတင်ကာကွယ်တားဆီး တွန်းလှန်ကြဖို့ အထူးအရေးကြီးပြီ
 
 +25 #37 အားမာန် 2012-08-25 14:44
ကဲ....
ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ပါရစေ...
နောက်တော့လဲ ခွေးဇာတ်ခင်းတာပါဘဲ..
ကြံဖွတ်က နဂိုကတည်းက ပြည်သူ့အတွက်ဘာမှမလုပ်ခဲ့ပါဘူး..
နောင်လဲ...................
 
+23 #36 shwethikewinn2 2012-08-25 12:13
ဘယ်သူတွေဘယ်လေက်ပဲဆိုးဆိုး ဆိုးတဲ့အဖွဲ့ထဲကလဲ ကောင်းတဲ့လူရှိတတ်ပါတယ်ဆိုပီး ဦးသိန်းစိန်အပေါ်မှာတော့ မျှော်လင့်ချက်ထားရှိခဲ့မိတာ အမှန်ပါ။ ညွန်ထဲကနေများ ကြာချပ်ပွင့်လို ပွင့်လာနိုင်မလားလို့ဆိုပီးတော့လေ။ ခုတော့ ညွန်ထဲက ကြောင်ချေးတုန်းဖြစ်တော့မှာပါလား။ ။
 
+44 #35 minnaing.mm 2012-08-25 12:09
သမ္မတပေးပို့တဲ့သဝဏ်လွှာ နားလည်မှုလွဲမှား ဆိုတဲ့အကြောင်းပြချက်လောက်နဲ့ မလုံလောက်တော့ဘူး တကယ်တွေးကြည့်ရင် ဒီသဝဏ်လွှာ အပိုဒ် ( ၉ ) မှာပါတဲ့အကြောင်းရာတွေဟာ ရခိုင်တိုင်းရင်းသားတွေအပေါ် သစ္စာဖေါက်တာ ၊ တပြိုင်နက်ထဲမှာဘဲ မြန်မာတမျိုးသားလုံးအေပ်ါသစ္စာဖေါက်လိုက်တာ ။
ဒီလိုအရေးကြီးတဲ့နိင်ငံတော်သဝဏ်လွှာကို မှားရေးတာဘဲဖြစ်ဖြစ် ၊ မသိလိုက်တာဘဲဖြစ်ဖြစ် ၊ ပေါ့လျှောတာဘဲဖြစ်ဖြစ် အရှုးကွက်နင်းဖြေရှင်းတာထက် တာဝန်ယူစိတ်နဲ့ဖြေရှင်းတာကပိုသင့်တော်ပါလိမ့်မယ် ။
ဒီလိုဖြေရှင်းရင် ကျနော်တို့နိင်ငံရဲ့ ဒီမိုကရေစီဟာ ပိုမိုပွင့်လင်းမြင်သာလာပါလိမ့်မယ်
 
+11 #34 myatminlwin 2012-08-25 12:05
ဇော်ပိုင်သီချင်းစာသားလေးနဲ့ ခပ်ဆင်ဆင်လေး ညည်းလိုက်မယ်
မင်းတို့ ကညစ်ပတ်ပြီပေါ့။
 
+55 #33 kodauk 2012-08-25 12:05
သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ လို့ပြောတဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ကိုတစ်ခုလောက်တော့ ပြောချင်ပါတယ်။ facebook သုံးပီး ကိုယ်ပိုင်သတင်း ထုတ်မှုတွေကို ရပ်တန်းက ရပ်သင့်ပါပီလို့ အကြံပေးလိုပါတယ်။ ကိုယ်ပိုင်သဘောတရားတွေကို ကိုယ်တိုင်ရေးပီး facebook မှာ တရားမ၀င်ရေးသားနေမယ့်အစား နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းတွေကို နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်ကနေ တရားဝင် သတင်းထုတ်ပြန်သင့်ပါပီ။ တစ်ကယ် ထုတ်ပြန်ရဲတယ်ဆိုရင်လဲ Press Conference ခေါ်ပီးတော့ တိတိကျကျ သတင်းထုတ်ပြန်စေချင်ပါတယ်။ အခုဟာ က နိုင်ငံတော်အရေး ကို facebook သုံးပီး ပေါ့ပေါ့တန်တန် သတင်းထုတ်ပြန်နေသလိုပါဘဲ။ အခုလို စာရွက်စာတမ်း တိတိကျကျ မလုပ်နိုင်တဲ့ နိုင်ငံတော် သမတရုံး က စီစဉ်ညွန်ကြားသူတွေကိုလဲ အခုဖြစ်စဉ်အတွက် အနားပေးလိုက်သင့်ပါတယ်။ ထိုင်းနိုင်ငံက ၀န်ကြီးချုပ် ယင်လခ်ကတော့ သူရဲ့ facebook အဖွဲ့တစ်ခုလုံးကို အလုပ်ဖြုတ်ပစ်ခဲ့ဘူးပါတယ်။ http://www.examiner.com/article/thailand-s-prime-minister-yingluck-fires-her-entire-facebook-team မှာ ကြည့်လိုက်ပါ။
 
+73 #32 Spider Orchid 2012-08-25 09:07
.သမ္မတကြီးဘက်နဲ့..လွှတ်တော်ဘက်၊
သမ္မတကြီးက UNHCR ကဘဲကြီးလာတုန်းက
ကုလားကိစ္စ..
အပြတ်ပြောခဲ့ပါတယ်၊
သူ့အနေနဲ့ အချိန်တိုအတွင်းမှာရှုံ့ချည်နှပ်ချည်တော့မလုပ်လောက်ဘူး..၊
လွှတ်တော်ဘက်ကိုပြန်ကြည့်တော့လဲ..
အမေစုတို့ဘက်ကတင်တဲ့ပိုင်ဆိုင်မျှုကြငြာတဲ့အဆိုကတည်းက..
ရိုဟင်ဂျာတွေဝင်ရောက်လာတဲ့ကိစ္စတွေကိုစစ်ဆေးဖေါ်ထုတ်မဲ့အင်န်အယ်လ်ဒီရဲ့အဆိုကန့်ကွက်ခံရတုန်းကတည်းက...
လုံးဝလုံးဝကိုဥက္ကဌနဲ့အမတ်အများစုကိုအထင်မကြီးတော့ဘူး၊
အဲဒါပထမအချက်၊
.နောက်တစ်ချက်က...အခြေခံဥပဒေခုံရုံးကိစ္စမှာ..၊
သမ္မတကြီးက..အခြေခံဥပဒေပြင်နိုင်တယ်လို့တရားဝင်ပြောပြီးသား၊လွှတ်တော်ကလုပ်ရမှာ...လုပ်သင့်တာက..
အခြေခံဥပဒေပြင်ဖို့လုပ်ရမှာတစ်ခုပဲရှိတယ်....၊
ဒါပေမဲ့အဲဒီလမ်းကြောင်းကိုလွှတ်တော်က..မလိုက်ဘူး....
အခြေခံဥပဒေပြင်ရရင်ကြံ့ဖွတ်တွေခွေးဖြစ်ပြီး..
အယ်အယ်လ်ဒီအကွက်ကောင်းမှာ.....၊
အမေစုအရေးပါလာမှာဆိုတာ....
ကိုရွှေမန်းတိုရဲ့ကြံ့ဖွတ်နဲ့တမတ်သားတွေက...
သိတယ်...၊
သမ္မတကြီးကအခြေခံဥပဒေကိုပြင်မယ်ဆိုပြင်ဖို့...
ရင်းလိုက်တယ်....ပြတ်သားပြလိုက်တယ်..၊
(အမေစုကလဲ..တကယ်လိုအပ်တာက..
အခြေခံဥပဒေပြင်ဖို့ပဲလို့ပြောခဲ့ပြီးသား..)
သမ္မတကြီးက...
ရှင်းရှင်းလေး...
အဲဒီလိုရင်းလိုက်တော့..
ကြံ့ဖွတ်တွေကလိုက်မရင်းနိုင်ပြန်ဘူး.....၊
.ရွှေမန်းနဲ့အပေါင်းပါတွေ....
အဲဒီအချက်ထပ်ထိတယ်...၊
အဲဒီတော့ရိုဟင်ဂျာကိစ္စ...သမ္မတကြီးရဲ့သ၀ဏ်လွှာကိစ္စမှာ.....
အမှားအယွင်းတစ်ခုဖြစ်သွားတာကိုအကြာင်းပြုပြီး
ပက်ပက်စက်စက်ဖွတာတွေကိုသိပ်မျောပါလို့မရဘူး....
စောင့်ကြည့်ရမယ်....၊
အရင်တုန်းက...
ရိုဟင်ဂျာတွေဝင်ရောက်လာတဲ့ကိစ္စတွေကိုစစ်ဆေးဖေါ်ထုတ်မဲ့ အင်န်အယ်လ်ဒီရဲ့ အဆိုကန့်ကွက်ခံရတုန်းက..
ဒီလောက်ဘာလို့ hot မဖြစ်တာလဲ.......ပွဲမဆူတာလဲ..၊
အမြစ်ကိုလှန်ပြီးတစ်ခါတည်းတူးထုတ်မဲ့အဆိုလေ..
တစ်ချက်တည်းနဲ့အပြတ်အသတ်..
သေကွင်းသေကွက်ကို...ထိတဲ့အဆိုမျိုးကို..
ကန့်ကွက်ခံရတာကျတော့..
????
.ပြည်သူ့လွှတ်တော်ဥက္ကဌ အပါအ၀င်၊အမတ်တွေက..
ကုလားအမတ်ရွှေမောင်ထပြီး..
သူ့လူမျိုးတွေကိုတရားဝင်သတ်မှတ်ဖို့တောင်းဆိုတာကို...
ဘာလို့ဘာမှမပြောခဲ့တာလဲ...၊
(အင်န်အယ်လ်ဒီကျတော့စကားမှားလို့တောင်မရဘူး)
ကျန်တဲ့အမတ်တွေကရော..ဘာလို့ထမဖြဲခဲ့တာလဲ...၊
သူကအခုထက်ထိ white Card ကိုင်ထားတဲ့ကုလားအမတ်စစ်စစ်ကြီးအဖြစ်...
ထူးခြားစွာရှိနေတာကို....
လွှတ်တော်အမတ်အဖြစ်ကနေ.ဖြုတ်ပစ်ဖို့အရေးကြီးအဆိုတင်ပြီးချက်ချင်းတောင်းဆိုသင့်တာကို..
ဒီသ၀ဏ်လွှာကိစ္စမှာ....အခုအသံထွက်နေတဲ့အမတ်တွေ၊
ပါတီဝင်တွေက...ဘာလို့မလုပ်ခဲ့ရတာလဲ..၊
ကြက်ဥကအရင်လာတာလား..
ကြက်မကအရင်လာတာလား...
ရှင်းရှင်းလေးပါဗျာ၊
ဒီကုလားသုံးကောင်ရဲ့စောက်ခွက်တွေကိုလွှတ်တော်ထဲမှာ...
သူတို့မို့လို့..အရသာခံပြီးကြည့်နေနိုင်တယ်..
.လွှတ်တော်ကိုအဲဒီကတည်းကစောက်ဆင့်မရှိဘူးလို့သတ်မှတ်ပြီးသား....
စဉ်းစားကြပေါ့ဗျာ...၊
Credit from Facebook
 
+14 #31 Sagawa 2012-08-25 08:57
စစ်တပ်တွင်း အစီရင်ခံသတင်းပို့တဲ့ ပုံစံကို ခေါင်းထဲစွဲနေလို့ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။
 
-16 #30 Aapee 2012-08-25 08:54
မသိတော့ဘူး ဒီရင်ကို မီးနဲ့ရှူတာလား...
မချစ်တော့ဘူးလို့ ဘယ်ဘ၀ရဲ့ အငြိုးတွေများ...
နင်ပြောရက်လိုက်တာ..နင်လုပ်ရက်လိုက်တာ...President!
ငါအံ့သြလို့မဆုံး...အစထဲးက ပတ်သက်ခဲ့တာ ဘာသဘောလဲး... :zzz
 
+52 #29 shiningstar 2012-08-25 08:25
Quoting kyawswa1234:
သ၀ဏ်လွှာအရှုပ်တော်ပုံနဲ့ပတ်သက်ပြီးသမ္မတရဲ့တရားဝင်ဖြေရှင်းချက်
လွှတ်တော်ကိုမပေးပို့သေးပါ။လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့သမ္မတ
ရုံးညွှန်ကြားရေးမှူးရဲ့ facebook စာမျက်နှာပါဖြေရှင်းချက်ကိုထည့်
သွင်းစဉ်းစားပြီးနိုင်ငံ့ရေးရာများကိုပြောဆိုဆွေးနွေးဆုံးဖြတ်ရန်အကြောင်း
မရှိပါ။
ဟုတ်ပါတယ် ...လုံးဝကို အဓိပ္ပါယ်မရှိပါဘူး....ဒီလောက်အရေးကြီးနေတဲ့ကိစ္စကို သမ္မတရုံးဝက်ဆိုက်ကနေ သတင်းမထုတ်ပြန်ပဲ ကလေးကုလား facebook ပေါ်ကနေ ပြန်ဖြေရှင်းရတယ်လို့..ကြားလို့မှကောင်းကြသေးရဲ့လားဗျာ........
ဘယ်နိုင်ငံမှ အဲလိုအေရေးကြီးတဲ့ကိစ္စကို ဒီလိုနည်းနဲ့ဖြေရှင်းတာမတွေ့ဘူးပါဘူးဗျာ......
သမ္မတရုံး ၀က်ဆိုက်က ဘာလုပ်ဖို့လဲဗျ....ဟိုကိုဒိုးတယ်..ပြန်လာတယ် ..တစ်ခါ ဒီကိုဒိုးနေပြန်ပါပြီ......အဲတာလေးလောက်ရေးဖို့လား
 
 +64 #28 JungleBoy 2012-08-25 07:23
သုံးသပ်ချက်များကိုအောက်ပါအတိုင်း ပြန်လည်သုံးသပ်ပါတယ်။
(က) ။ ။ ဒေသခံလဲမဟုတ်၊ အခင်းဖြစ်စဉ်က ထိုဒေသမှာလဲ ရှိမနေတဲ့အတွက် မငြင်းလိုပါ။
(ခ) ။ ။ မဖြစ်နိုင်ပါ။ ဒီလိုလှုံ့ဆော်တဲ့ ကွန်ယက်တည်ဆောက်ပုံမျိုး အထောက်အထားမတွေ့ရပါ။ အင်တာနက်စာမျက်နှာပေါ်မှ တချို့သောရေးသားချက်များကို အတည်ယူလို့ မရပါ။
(ဂ) ။ ။ မြန်မာနိုင်ငံရှိပြည်နယ်များအနက် ရခိုင်ပြည်နယ်ဟာ ချင်းပြည်နယ်ပြီးရင် ဒုတိယဖွံ့ဖြိုးမှုအနည်းဆုံးဆိုတာက သက်သေပါ။
(ဃ) ။ ။ ဘူးသီးတောင်၊ မောင်တောဒေသမှာ တာဝန်ထမ်းဆောင်ပြီး သိန်းရာချီချမ်းသာသွားတဲ့ လဝက၊ နစက အရာရှိတွေ အများကြီးရှိပါတယ်။ မယုံရင် ဘင်္ဂါလီကုလားတွေ နိုင်ငံသားကဒ် ဘယ်လိုရသလဲဆိုတာ ကွင်းဆင်းစစ်ဆေးကြည့်ပါ။
(င) ။ ။ လူတိုင်းသိတဲ့ ကိစ္စပါ။ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အောက်လမ်းနည်းပေါင်းစုံသုံးတာကို ရဟန်းရှင်လူ အားလုံးသိပါတယ်။
(စ) ။ ။၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေမှာ အားနည်းချက်များစွာရှိတယ်ဆိုတာ လွှတ်တော်ကလက်ခံပြီးသားပါ။
(ဆ) ။ ။ ဒါကတော့ ဒီဒေသကိုအလည်ရောက်ဘူးတဲ့ ကျနော်ကိုယ်တိုင်တွေ့ခဲ့ရလို့ လက်တွေ့သိပါတယ်။ ဘင်္ဂါလီတွေကိုပဲ ဆေးဝါးကုသပေးတာ၊ ဆန်ဝေပေးတာ၊ ခြင်ထောင်စတဲ့ အသုံးအဆောင်တွေထောက်ပံ့ပေးတာ။ အလှူရှင်နိုင်ငံတွေကိုယ်တိုင်က မူဆလင်နိုင်ငံတွေဆိုတာကို မမေ့ပါနဲ့။
(ဇ) ။ ။ ဒီစွပ်စွဲချက်ရေးတဲ့လူကိုပဲ အထောက်အထားနဲ့ သက်သေပြဖို့ပြောချင်ပါတယ်။ ပဋိပက္ခဖြစ်တဲ့ လူမျိုးစုနှစ်ခုဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို အပြန်အလှန်အကျိုးပြုနေကြတဲ့အတွက် နှစ်ဘက်စလုံးနစ်နာဆုံးရှုံးပါတယ်။
 
+29 #27 tntun 2012-08-25 04:54
အဘလူထုဦးစိန်ဝင်းရေ....။
အဘရဲ့ သမ္မတကြီးကို ထ ကြည့်ပါအုံးဗျ။
 
+52 #26 kyawswa1234 2012-08-25 04:32
သ၀ဏ်လွှာအရှုပ်တော်ပုံနဲ့ပတ်သက်ပြီးသမ္မတရဲ့တရားဝင်ဖြေရှင်းချက်
လွှတ်တော်ကိုမပေးပို့သေးပါ။လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့သမ္မတ
ရုံးညွှန်ကြားရေးမှူးရဲ့ facebook စာမျက်နှာပါဖြေရှင်းချက်ကိုထည့်
သွင်းစဉ်းစားပြီးနိုင်ငံ့ရေးရာများကိုပြောဆိုဆွေးနွေးဆုံးဖြတ်ရန်အကြောင်း
မရှိပါ။
 
+50 #25 minthein 2012-08-25 01:29
သမ္မတကြီ့း ဖြေရှင်းရန်အခက်တွေ့လို့စိတ်မကောင်းပါ။.....
……ကျွန်တော်ဒီကိတ်စမှာ ဘာမှမသိပါလို့ဖြေရှင်းရင်လည်းညဏ်မရှိသူဖြစ်တော့မယ်။
……ကျွန်တော်မပြောဘူး သူတို့ပြောတာဆိုရင်လည်း သူများပြောသမျှ မှားမှားမှန်မှန် ဘာမှမစဉ်းစားတတ်သူဖြစ်တော့မယ်။
…..သူတို့က ကျွန်တော့ဆန်ဒနဲ့ ဆန့်ကျင်ပြီးပြောကြတာဆိုရင်လည်း အာဏာမရှိသူဖြစ်တော့မယ်။
…..အောက်ခြေကလူတွေလေ သူတို့ထင်ရာလုပ်ကြတာဆိုရင်လည်း သုံးမရတဲ့အရုပ်ဖြစ်တော့မယ်။
…..မနာလိုလို့သွေးထိုးကြတာပါဆိုရင်လည်း မရှက်တမ်း ယုံတမ်းစကားပြောသူဖြစ်တော့မယ်။
…..အမှန်အတိုင်းပြောတာပဲဆိုရင်တော့ ပြည့်ရန်သူကြီးဖြစ်တော့မယ်။
ဒါပေမဲ့ ဘယ်လိုပဲစဉ်းစားစဉ်းစား သမ္မတကြီးကိုဘယ်လိုပဲကာကွယ်ကာကွယ် တို့ပြည်သားတွေ ဦးနှောက်တစ်စိတ်ရှိရင်တောင် အဖြေမှန်သိကြပါတယ်။
လက်မခံချင်လည်း လက်ခံရတော့မှာပဲ။
မြန်မာစကားပုံမှာ ရွှေသမင်ဘယ်တာကထွက်လေ့ရှိပါသလဲ။
တပ်အသိုင်းအဝိုင်းမှာ ဘယ်လက်အောက်ငယ်သားမှ ချွန်ပြီးမလုပ်ရဲပါဘူး။
စာတွေကို အတူတူပဲပို့ပို့ ခွဲပြီးပဲပို့ပို့ ဒါကဒါပါပဲ။
 
+49 #24 minthein 2012-08-25 00:20
သမ္မတကြီးအပေါ် မျှော်လင့်ချက်ထားမိခဲ့သမျှ အသဲဟက်တက်ကွဲပါပြီ။
( ကျွန်တော်က ပြည်ထောင်စုအဖွဲ့အစည်းဆိုတဲ့ စကားရပ်ကိတ်စမှာတောင်
မှန်ကန်ကြောင်းဆုံးဖြတ်ချက်ချတဲ့သူဟာသမတကြီးပဲ ဖြစ်စေချင်ခဲ့တာပါ။
နိုင်ငံရေးအရကော တိုင်းပြည်အတွက်ကော မှန်ကန်တဲ့စကားမို့
ဦးရွှေမန်းနာမည်ရမသွားစေချင်လို့ပါ။
လူဆိုးတွေကြားထဲမှာ သမတတစ်ယောက်တော့ ကောင်းများနေမလားဆိုပြီး
တဖြည်းဖြည်းမျှော်လင့်မိလို့ သမတကြီးဆီက ကောင်းသတင်းစောင့်မျှော်နေမိတာပါ။ )
အခုတော့ မမျှော်လင့်တဲ့ အချိန်ကိုက်သတင်းသုံးသပ်ချက်ကြောင့် ထိတ်လန့်သွားပါတယ်။
လွှတ်တော်စကားစစ်ပွဲအတွက် ပွဲသိမ်းမြန်အောင် ဗုံးချဲလိုက်တာလားဗျာ။
နိုင်ငံတကာထောက်ခံမှုရအောင်ဆိုရင်လည်း ဒီနည်းမလုပ်ပါနဲ့ဗျာ။
( အဆိုးပြောတဲ့ဝေဖန်ချက်မျိုးကို အနီပေးရန်တာဝန်ရှိကြတဲ့
ဌာနဆိုင်ရာအင်တာနက်အသုံးပြုသူများ တာဝန်အရလုပ်ရင်း တစ်ခါတလေလောက် တိုင်းပြည်အတွက် စိတ်ထဲမှာစဉ်းစားကြပါဗျာ။ )
+18 #23 Hsinbyushin 2012-08-24 23:55
ကူးယူသိမ်းထားသင့်တဲ့စာအုပ်လေးပါ
www.scribd.com/doc/103583791/Islam-Virus
 
+6 #22 F Bengali 2012-08-24 23:09
Good Luck for Myanmarnistan rule by Haj Thein Sein. We should try Thein Sein and his administration for TREASON.
 
+15 #21 F Bengali 2012-08-24 22:38
Quoting AMKs:
သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ (immigration issue သည် အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပြဿနာပျောက်ကာ
လူ့ အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များ
အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား
အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention)
လုပ်ရန်တောင်းဆိုသံတွေကျယ်လောင်ဖွယ်ရာရှိသည်။
ဤသို့ ဆိုလျှင်မိမိဘက်ကတပမ်းရှုံးနေသည်။
ကြာလေဖြေရှင်းရခက်လေဖြစ်လာနိုင်သည်။
မြန်မာသံတော်ဆင့်
I saw above paragraph in such ' Myanmar Tan Taw Sint ' website. and allow me to share this to all of the readers here.
I do agree with that paragraph. That is the summary of the whole paragraph, written in the end of paragraph.
People -
Do not negatively criticize too much to President Thein Sein. I cannot tell you why not to. There are a number of reasons. That's all I can say. A number of reasons is enough for all of you.
He is not that dumb like other predecessors and ancestors. Although we all are, more or less, a great critic of this bloody craps in the government and all top brxxx and high ranked corrupted people, in this particular topic and situation, one has to act in very reserved way.
I hope people understand the words ' reserved ways' . And also do not be too sensitive about ' wordings ' of politicians and leaders.
Overall speaking , the common interest is the same. That is the key point. Repeat - The bottom line is ' common interest is the same' . Do not show too much emotion. Relax, talk nicely, stay firm. Do not squabble.
Support to President Thein Sein and team, in this matter. I said in this matter. THIS MATTER. This .. not ' That' Not others.
I am not saying others' matters. That depends on many factors. We all have to learn , how to ' case-by-case-basis analysis and feedback in all aspects of Myanmar country and people.
1. My friend, can you tell me why I need to support Thein Sein for written statements to Parliament? May be Taliban can write good images of Rakhine than Thein Sein wrote.
2. This review letter is sending to Parliament from a President. It will be historical record. Why we need to support this review letter which is full of lies about Rakhines?
 
+16 #20 Naymyo Nwae 2012-08-24 22:37
ဒါ..ဘယ်သူအာချောင်တာလဲကွ။တစ်ယောက်ယောက်က ထောင်
ချောက်ဆင် ခြေထိုးလိုက်တာလား?
 
+18 #19 AMKs 2012-08-24 22:29
သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ (immigration issue သည် အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပြဿနာပျောက်ကာ
လူ့ အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များ
အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား
အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention)
လုပ်ရန်တောင်းဆိုသံတွေကျယ်လောင်ဖွယ်ရာရှိသည်။
ဤသို့ ဆိုလျှင်မိမိဘက်ကတပမ်းရှုံးနေသည်။
ကြာလေဖြေရှင်းရခက်လေဖြစ်လာနိုင်သည်။
မြန်မာသံတော်ဆင့်
I saw above paragraph in such ' Myanmar Tan Taw Sint ' website. and allow me to share this to all of the readers here.
I do agree with that paragraph. That is the summary of the whole paragraph, written in the end of paragraph.
People -
Do not negatively criticize too much to President Thein Sein. I cannot tell you why not to. There are a number of reasons. That's all I can say. A number of reasons is enough for all of you.
He is not that dumb like other predecessors and ancestors. Although we all are, more or less, a great critic of this bloody craps in the government and all top brass and high ranked corrupted people, in this particular topic and situation, one has to act in very reserved way.
I hope people understand the words ' reserved ways' . And also do not be too sensitive about ' wordings ' of politicians and leaders.
Overall speaking , the common interest is the same. That is the key point. Repeat - The bottom line is ' common interest is the same' . Do not show too much emotion. Relax, talk nicely, stay firm. Do not squabble.
Support to President Thein Sein and team, in this matter. I said in this matter. THIS MATTER. This .. not ' That' Not others.
I am not saying others' matters. That depends on many factors. We all have to learn , how to ' case-by-case-basis analysis and feedback in all aspects of Myanmar country and people.
#18 Aung Zeya 2012-08-24 21:50
အခု ခုံရုံးပြသာနာလည်းသူစတာပဲ လူ့အခွင့်အရေးကော်မရှင်ဖွဲ့တာ
လွှတ်တော်မတင်ပဲ ငါ သမ္မတဆိုပြီးအရင်အချိုးအတိုင်းလုပ်လိုက်တာ
အခုလိုဖြစ်လာတော့တာပဲ။ကြည့်ရတာ ဒီမိုကရေစီ အစာကြေဟန်မတူ
ပါဘူး။ပြောရင်ဘာမှ သေသေချာချာမလုပ်တာလား/မလုပ်တတ်တာလားမ
သိပါဘူးကွာ
 
+68 #17 Hsinbyushin 2012-08-24 21:45
သမ္မတ က အစကတော့ ခြင်္သေ့ကြီး
သန်းလွင်ထွန်းနဲ့တွေ တော့ ဆိတ်ကြီး
အခုကျတော့ ကြောင်ချေးဖြစ်သွားပြီ။
မူဆလင်တွေ ရေးထားတာ အသိသာကြီးဗျာ။
တစ်ကမ္ဘာလုံး က မူဆလင်တွေ က မြန်မာတိုင်းရင်းသားတွေကို တွေ့တဲ့နေရာသတ်မယ်လို့ကြွေးကြော်နေချိန်မှာ
ထွက်လာတဲ့ အစီရင်ခံစာ က မူဆလင်တွေ ကို ရခိုင်တွေက သတ်ဖို့လုပ်နေတာတဲ့
..အံ့ရော
မူဆလင်တွေ အစီရင်ခံစာကို သာသာထိုးထိုးရေးတာလဲရေးပေါ့
ယုတ်တိရှိအောင်တော့ ဖြီးပါ
တစ်ကမ္ဘာလုံးက မူဆလင်တွေ က သန်းပေါင်း ၁၆၀၀ ကျော် ၊ ရခိုင် လူမျိုး က ၄သန်းနီးပါး
ဘင်္ဂါလီမူဆလင်ချည်းပဲ သန်း ၁၅၆သန်း၊ ရခိုင် လူမျိုး က ၄သန်းနီးပါးလေ
နည်းနည်းလေးတော့ လဲ စဉ်းစဉ်းစားစားလေး လုပ်ကြပါ။
ရခိုင်လူမျိုး ၄သန်းက ဘင်္ဂါလီမူဆလင်သန်း ၁၅၆သန်းကို သတ်ဖို့လိုက်ရှာနေတယ်ပေါ့။
မလေးရှား က မူဆလင်တွေ ဆိုရင် ရခိုင်တွေကို ကြောက်လွန်းလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲတော့ဘူး
ရခိုင်တွေက မူဆလင်တွေ ကို လိုက်သတ်နေတာ မလေးရှားမှာ မူဆလင်အလောင်းတွေပက်ပက်စက်စက်ပဲ ။
ဒီလိုအစီရင်ခံစာမျိုးရေးပါဗျ။
 
+5 #16 F Bengali 2012-08-24 21:40
Bucks stop with president. Mr. President,you are responsible for these statements and Rakhines' death. We demand your immediate resignation.
 
+5 #15 F Bengali 2012-08-24 21:36
1.Democracy is not only for show, there is transparent and accountability issues.When you do somethings you have to take responsibility for that matters.
2. We demand who is the responsible person for this writings? Neither president is above the LAW nor Rakhines are slaves of this administration. Brings culprit for these statements.
3. Put up evidence for these statements or apologize Rakhines for wrong doings.
4. Muslims even from some thousands kilometers came and support their fellows Muslims even they rape, kill and demolish Rakhines' houses. But this administration is Buddhist, but they coward to prevail justice and try to bully fellow Buddishist Rakhines without protecting them. Thein Sein, shame on you.
 
+56 #14 Aung Zeya 2012-08-24 21:14
သမ္မတ ဆိုတဲ့လူကိုတောင်သံသယဝင်လာပြီ။သမတဖြစ်ပြီးဒီလောက်ညံရ
သလား။UNHCR ကလာတုံးကတော့ခတ်ပြတ်ပြတ်ပြောတယ်
VOAကသန်းလွင်ထွန်းနဲ့ကျတော့ကြောင်ချီးလုပ်ပြီးတစ်မျိုးပြောတယ်။
အခုလွှတ်တော်ပို့တဲ့သဝဏ်လွှာကြတော့သေချာမစီစစ်ပဲဘာမှန်းမသိအောင်
ဘာစာမှန်းမသိတာတွဲပေးလိုက်တယ် ဒါလား သမ္မတ နဲ့ရုံးအဖွဲ့လား
 
+99 #13 minthein 2012-08-24 20:33
နှစ်ပေါင်း ၂၀ ကျော် ကိုယ့်လူမျိုးကို ကိုယ်တိုင်သတ်လို့အားမရနိုင်ဘဲ အခုတော့ တကဗာလုံးက မူဆလင်ငှားပြီး သတ်ခိုင်းတယ်။
ကိုယ့်ဘုန်းကြီးကိုယ်တိုင်စော်ကားပြီးသတ်ခဲ့တာအားမရလို့ တကဗာလုံးက မူဆလင်ငှားပြီး သတ်ခိုင်းတယ်။
လူမျိုး ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြီးမှ အုံဖွ နာသွားလားဟင် ဆိုတော့
ဟုတ်ကဲ့ နိုင်ငံကိုမီးလောင်တိုက်သွင်းတဲ့ စကားတွေမို့ နှလုံးသားတစ်ခုလုံးကွဲကြေအောင် နာပါတယ်။
( ကျွန်တော် ရခိုင်တစ်ယောက် မဟုတ်ပါ။ ဗမာလူမျိုးစစ်စစ်ပါ။
မြန်မာတစ်နိုင်ငံလုံးက မြန်မာပြည်သားတွေက ရခိုင်အရေးမှာ အသဲထိအောင်နာကြတာပါ။ )
 
+87 #12 Rain 2012-08-24 19:24
ကျွန်တော်တို့ တွေ အိမ်ကြက်ချင်းခွပ်လို့ ကောင်းနေတုံး
မုတ်ဆိတ်တွေကတော့ မုတ်ဆိတ်ပွတ်ပြီး ဘယ်အကွက်တွေကို
ထပ်ရွေ့ ရမလဲဆိုတာကိုတချက်ချင်းစဉ်းစားနေကြလောက်ပြီ...
 
+64 #11 mon min 2012-08-24 19:03
Offcial ဖြစ်တဲ့သမ္မတရုံး website (http://www.president-office.gov.mm/) မှာတော့လောလောဆယ်ဘာဖြေရှင်းချက်မှမတွေ့ရသေးဘူး။
ရေငုံနှုတ်ပိတ်နေတုန်းပဲ။ မဖြစ်သင့်ဘူးထင်ပါတယ်။ပြောချင်းပြောရင် တိုင်းရင်းသားရခိုင်ဘက်ကကာကွယ်ပေးရမှာပါ။
အခုဟာက တင်လာတဲ့စာသေချာမဖတ်ပဲတန်းလက်မှတ်ထိုးလိုက်သလိုဖြစ်နေပြီ။ပြန်မဖြေရှင်းရင်နေရင်းထိုင်ရင်းသမိုင်းတရားခံဘဝရောက်သွားနိုင်တယ်။
သမ္မတကြီးရဲ့ reform လုပ်နေတဲ့နိုင်ငံရေးကာလမှာ လူမျိုးရေးကိစ္စဟာလုံးဝအထိခိုက်မခံနိုင်တဲ့ကိစ္စပါ။
တရားဝင်အနေနဲ့လဲဒီဘင်္ဂါလီတွေဟာမြန်မာတိုင်းရင်းသားအနွယ်ဝင်မဟုတ်ဘူးဆိုတာကမ္ဘာသိကြေညာခဲ့ပြီးပြီ။အဲဒီတော့လုပ်စရာကအမျိုးစောင့်ပြီးသာသနာ၊ဘာသာကာကွယ်ဖို့ပဲ။
လုပ်ပေါက်တွေလွဲနေရင်တော့ပြည်သူကပြောမှာပဲ။
 
+44 #10 wuntho 2012-08-24 18:39
ကျွန်တော်တို့ အမျိုးထဲ မှာ ဘာအလှူ လုပ်လုပ်၊ ဘယ်ခရီး သွားသွား၊ ဘယ်သူသေ ရင် ဘယ်နှရက် ထားမယ်က အစ၊ ဟိုသားဟိုဟာလုပ် ဒီမြေး ဒီဟာလုပ် ၊ စသဖြင့် အကုန်လုံး အဖိုးရဲ့ အမိန့် အိုင်ဒီယာ ကို ကျော်လုပ်လို့ တော့ အဲ့ဒီကောင် အမွေပြတ်၊ လမ်းဘေးရောက် ပေါက်လွတ် ပဲစားဖြစ်ပီပဲ။။ အောင်မယ်လေး သူ့နာမည် ခံပြီး များ သူ့ အိုင်ဒီယာ မဟုတ်တာကို လုပ်မိလို့တော့ ဗျာ မိုးမီးလောင် သွားမယ်။.
(ကျွန်တော်မောင်ဝန်းသို မတောက်တခေါက် နဲ့ဒီကနေ နည်းနည်းပြောချင်တာကတော့ လက်ရှိ ဟိုဥပဒေ ဒီဥပဒေ၊ The Voice အမှူ၊ မီဒီယာ ကိစ္စ၊ မြစ်ဆုံ အရေး၊ ဒေါ်စုခရီး သတင်းမပါရေး၊ လျှပ်စစ်မီး ကိစ္စ၊ မိုးပျံ ကုန်းကျော် တတား ဆောက်မဲ့ ကုပဏီဘယ်သူ၊ ကချင်စစ်ပွဲ၊ စသဖြင့် အားလုံး သော အကြောင်း အရာ များဟာ ဦးသိန်းစိန် သဘော မပါ ပဲ လုပ်တာ ဘာမှ မရှိဘူး ဆိုတာ သံသယ မရှိ ကြပါနဲ့၊ ဒါပါပဲ) 8)
 
+52 #9 Oldies 2012-08-24 18:35
Internet ထဲ အထူးသဖြင့် Facebook ထဲမှာအမြဲနေတဲ့သူတွေအတွက်..သူများမီဒီယာတွေဘယ်လိုဝါဒ ဖြန့်နေကြတယ်ဆိုတာကိုတွေ့ပြီး စိတ်မအေးနိုင်ပါဘူး။ ခုချက်ခြင်းပဲ အသေခံဗုံးခွဲတွေလာတော့မလို..ဟိုလူကကြိမ်း..ဒီလူကကြိမ်း..သတင်းတွေ..ပုံတွေ.ဟိုလူ share ဒီလူ share နဲ့ Photoshop တွေလဲပလူပြန်...ဆဲတဲ့သူကဆဲ..တင်တဲ့သူက တင်..တကယ့် ဆိုင်ဘာစစ်ပွဲပါပဲ။ Hacker တွေတဖက်နဲ့တဖက်စစ်ကြေငြာနေကြတာလဲ.... ကြောက်ခမန်းလိလိပါပဲ..။ အမျိုးဘာသာသာသနာအတွက်...အစွမ်းကုန် ခုခံကာကွယ်ကြတယ်။ .မီဒီယာတွေအသုံးပြု လုပ်ကြံမှုတွေကို ဘယ်သူကာကွယ်ပေးနေသလဲ။ အစိုးရတခုထဲကာကွယ်နေတာမဟုတ်ပါဘူး..အားလုံးတနိုင်တပိုင်ကာကွယ်နေကြတယ်...
အဲဒီလူတွေကိုအားနာတယ်...
 
+58 #8 pass word 2012-08-24 18:00
အော် နိုင်ငံတော်သမ္မတက ပြည်သူတွေကို စစ်တပ်ရဲ့ ထုံးကိုမူပြီးနားလှည့်ပါးရိုက်လုပ်နေတယ်။ UNHCR နဲ့ ပြောတာတမျိုး တူရကီနဲ့ ပြောတာကတဖုံ လွှတ်တော်မှာပြောကတနည်း ဘာကိုယုံပေးရမလဲ။ ရခိုင်ကိုဝေဖန်ယုံတင်မဟုတ်ဘူး ဘုန်းကြီးပါပါသေးတယ်။ ဘာလုပ်ချင်တာလဲ အမျိုးသားရေးအတွက်တော့ရင်လေးစရာပဲ။
 
+68 #7 klvnaung 2012-08-24 17:59
ဖွတ်က ဖွတ်ပါပဲ။
ဘယ်တော့မှ ဒေါင်းမဖြစ်လာနိုင်ဘူး။
 
+20 #6 naing26 2012-08-24 17:36
Right people in the right place!
Right people in the right place!
RIght people in the right place!
What every happened in our country, it seems there's something to do with this statement.
 
+31 #5 shwe phyu 2012-08-24 17:25
Explaination on the Facebook about this kind of matter is quite rediculous. The Govt should officially explain the truth even if someone plans to backstab the President or whatever the reason beyond this.
၁။ နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။
It is getting a bit hard to understand where the Govt stand on this matter now as the interview with VOA was not on the above fact that both Govt & Nations agreed.
Please Mr. President, let the nation know the truth.
 
+105 #4 yemaykyi 2012-08-24 17:21
တစ်ခု သတိထားဖို့က မိမိတစ်ဘို့ထဲကိုပဲ ကြည့်တတ်တဲ့ ဘင်္ဂါလီ အထောက်ပံ့ခံ အမျိုးသား သစ္စာဖောက်တွေ လွှတ်တော်ထဲမှာ ရောက်နေပြီဆိုတာကိုပဲ။ နောက်ပြီး သမ္မတရုံးတော်မှာတောင် အဲဒီ အသားထဲကလောက်ထွက်တွေ ဘယ်နှစ်ရာနှုန်းရောက်နေပြီလဲ။ တကယ်ဆို ဒီလို တစ်ဖက်သတ်ဆန်တဲ့ သုံးသပ်ချက်မျိုးဟာ သမ္မတရုံးကနေ ထွက်လာစရာ အကြောင်းကို မရှိတာ။
နှစ်ပေါင်းများစွာ သေချာ အကွက်ချစီစဉ်ပြီး စနစ်တကျ အကွက်ချလှုပ်ရှားလာနေခဲ့တဲ့ ဘင်္ဂါလီတွေရဲ့ ရန်ဟာ အပျက် အပျက်နဲ့ ပြဿာဒ်ကိုပါ မီးတက်လောင်တော့မယ်။
အနောက်ဘက်က ဘင်္ဂါလီရန်တွေကို တွန်းလှန်နေရချိန်မှာ အရှေ့ဘက်က မသိမသာနဲ့ ထိုးဖောက်လာနေတဲ့ တရုတ်တွေရဲ့ ရန်ကလည်း မန္တလေးမြို့တစ်ဝက်တောင် ကျရှုံးနေပြီ။
တွေးမိတိုင်း အသဲနာပြီး အမျိုးပါ ဆဲချင်နေမိတဲ့ ကိန်းကို တကယ့်ကို ဆိုက်နေပြီ။
 
+107 #3 chawthu 2012-08-24 16:56
ဒီခေတ် ဒီကာလလည်း ရောက်နေပြီ အခုထက်ထိ အရူးကွက် နင်းပြီး ဖြေရှင်းလို့ ကောင်းနေတုန်းပဲ.....။ ဘယ် သကောင့်သားကမှ ကိုယ့်စကား ကိုယ်တာဝန်ယူတယ် ဆိုတာ မကြားမိသေးဘူး.....။ အရှက်နည်းတာလား..... တာဝန်ယူစိတ် မရှိတာလား..... စိတ်ဓာတ် အဆင့်အတန်း မမြင့်မားတာလား..... တစ်ခုခု ပဲဗျာ။ ဟိုလူ့ကို အပြစ်ပုံချ၊ ဒီလို့ကို လက်ညှိုးထိုးနဲ့ သမိုင်းတစ်ခုအတွက် ရှက်စရာပါလား ဆိုတာ မသိကြသေးဘူး.....။ အခုလည်းကြည့်..... လွှတ်တော်နဲ့ တိုင်းရင်းသားတွေ မကျေနပ်ကြကိစ္စကို Facebook ပေါ်ကနေ ရှင်းပြတဲ့ ပုံစံနဲ့ လာလုပ်ပြနေတယ်...... ပြီးတော့မှ နောက်လူက ပြောဦးမယ် Facebook ပေါ်က အကြောင်းအရာတွေဟာ ဟိုလူ့ရဲ့ အာဘော်ပါ၊ နိုင်ငံတော်သမ္မတရုံးကို ကိုယ်စားမပြုပါဘူး၊ မဆိုင်ပါဘူး ဆိုပြီး လုပ်ကြဦးမယ်.....။ စိတ်လေတယ်..... ဒီလို သောက်ချိုးတွေကို..... ဟူး
 
+90 #2 khinmgu 2012-08-24 16:56
ကိုယ့်တိုင်းရင်းသားဖက်ကို အလေးမထားပဲ
ခွေးကုလားတွေဖက်က နိုင်ငံတော်ကရှိနေရင် မူဆလင်နိုင်ငံဖြစ်သွားလိမ့်မယ်။
ကျုပ်တို့တိုင်းရင်းသားတွေ ညီညွတ်ကြပါစို့။
 
+77 #1 salamander 2012-08-24 16:42
Quote:
Fcaebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါသည်။
စာလုံးပေါင်းမှားနေတယ်ဗျို.။ facebookပါ။ ကျနော် နားမလည်တာကတော့ ဘာလို. facebookပေါ်ကပြန်ရှင်းတာလဲ။ တရားဝင်သတင်းထုတ်ပြန်သင့်တာပေါ.။ အစကတည်းက မရှင်းမရှင်းနဲ. အခုတော့ပိုရှုပ်ကုန်ပြီ။ အဖြစ်မှန်နဲ.ဆန်.ကျင်ပြီး လူတွေမကြိုက်မယ်မှန်းသိရက်နဲ. ဘာလို. ဒီသုံးသပ်ချက်ကြီးက ထွက်လာရတာလဲ။
Quote:
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူဆလင်များအပေါ် မသင့်မလျော် ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။
ဒါကတော့မှန်သလားမမှန်သလား လူအတော်များများသိပါတယ်။

Quote:
ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။
နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက်မဟုတ်ရင် ဘာလို. တတွဲတည်းထွက်လာတာလဲ။ ဦးသိန်းစိန်က မဖတ်ဘဲနဲ. ပို.လိုက်တာလား။ အခု ပြသာနာဖြစ်မှ မဟုတ်ပါဘူးပြောတာကို ဘ၀င်မကျပါဘူး။ ပြည်သူတွေနားလည်အောင် အဖြစ်မှန်ကို တင်ပြသင်.ပါတယ်လို. ထင်ပါကြောင်း။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။