တရုတ်ကုမ္ပဏီတစ်ခုမှ ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းခံခဲ့ရသည့် လယ်ယာဧကပေါင်း ၇၈၀၀ကျော်အတွက် ဒေသခံများ၏ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစပြီး နေ့စဉ်နီးပါးဖြစ်ပေါ်နေ |
Saturday, 25 August 2012 12:55 |
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း ၂၂ ရွာမှ လယ်ယာမြေများ သိမ်းခံရပြီး ရွာလေးရွာမှာရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။ ၂၀၁၀ပြည့်နှစ်က စီမံကိန်းပြုလုပ်ရန် အတွက် ဒေသခံများကို သုံးနှစ်စာ သီးနှံလျော်ကြေးကျပ် ၅၂၀၀၀၀ သာ ပေးအပ်ခဲ့ပြီး ယခုလယ်ယာမြေများ ကို အပြီးအပိုင် သိမ်းဆည်းခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သိရသည်။ အဆိုပါစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသော ရွာလေးရွာမှရွာသားများ အပါအ၀င် လယ်ယာမြေဆုံးရှုံးခဲ့ရသည့် ဒေသခံများသည် ဇွန်လပထမပတ်မှ စတင်ပြီး ဆန္ဒဖော်ထုတ်မှုများပြုလုပ် ခဲ့ခြင်းကြောင့် ဇူလိုင်လ ၁၅ ရက်နေ့ တွင် စီမံကိန်းနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး မကျူးကျော်ရနယ်မြေ အဖြစ်သတ်မှတ်ခဲ့သည်။ ဒေသခံများ ၏တောင်းဆိုချက်အရ နှစ်ဖက်ညှိနှိုင်း မှု မပြီးမချင်းတည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်မစတင်ရန် သဘောတူ ညီခဲ့ကြကြောင်း သိရသည်။ သို့သော် ယခုအခါလုပ်ငန်းများ ပြန်လည်စတင်နေသည်ဟု ဒေသခံများကယုံကြည်ခြင်းကြောင့် သြဂုတ်လ ၂၁ ရက်မှ စပြီးနေ့စဉ်နီးပါး ဆန္ဒဖော်ထုတ်ကြ ခြင်းဖြစ်ကြောင်းသိရသည်။ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ဒေသခံအများအပြားသည် စီမံကိန်း ဧရိယာအတွင်းသွားရောက်၍ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့်အပြင် အသိမ်းခံခဲ့ရသည့် လယ်ယာမြေများ အပေါ်၌ “ကျေးရွာပိုင် လယ်ယာမြေများ မည်သူမှလုံးဝမကျူးကျော်ရ” စသည့် စာတမ်းများ ရေးသားထားသော ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ပြုလုပ်ရာတွင် စီမံကိန်း ၌ တာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင်များ နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပြီးရဲတပ်ဖွဲ့ဝင် လေးရာနီးပါးက စီမံကိန်းဧရိယာ အတွင်း ၀င်ရောက်လာသော ဒေသခံ များကိုလက်နက်များကိုင်၍သော် လည်းကောင်း၊ ဒိုင်းများကို ရော်ဘာတုတ်များဖြင့် ရိုက်၍ လမ်းလျှောက် ချီတက်ခြင်းတို့ဖြင့် ခြောက်လှန့်၍ လူစုခွဲခဲ့ကြောင်း သိရသည်။ ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာမှဦးမြင့်သိန်းက “အစတုန်း က ကားကြီးတွေ ဖြတ်မောင်းသွားမှာ ဖြစ်တဲ့အတွက် ဆုံးရှုံးရမယ့်သီးနှံတွေ အတွက်သုံး နှစ်စာလျော်ကြေးအနေ နဲ့ ပေးခဲ့လို့ယူခဲ့ပါတယ်။ အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ်မခံချင်တော့လို့ ယူခဲ့တာပါ။ အခုတော့ လျော်ကြေးပေးပြီး ဖြစ်တဲ့အတွက် လယ်ယာမြေတွေကို သိမ်းတယ်လို့ ပြောလာတာလုံးဝ လက်မခံဘူး။ ကျွန်တော့်အနေနဲ့ ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ မျိုးရိုးစဉ်ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့် ရဖို့ အခုလို လာရောက်ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။ ၀က်မှေးကျေးရွာမှ ဒေသခံ တစ်ဦးကလည်း “အခုကျွန်တော်တို့ ဖြစ်နေတဲ့အခြေအနေက ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေကို အင်အားသုံးပြီး လုခံရတာပဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်လူမျိုးကို အကာ အကွယ်မပေးဘဲ စီမံကိန်းကိုလုပ်နေ တဲ့ တရုတ်လူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတယ်လို့ ပြောရမယ်။ ဒေသခံတွေနဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုံးဝမလုပ်ဘူး။ ဒါကြောင့် ဒီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားဖို့ အသက်ပေးတဲ့အထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ပြုလုပ်သွားပါ မယ်” ဟု ပြောကြားခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း က သတ္တုတွင်းဝန်ကြီးဌာနမှ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်သို့လုပ်ပိုင်ခွင့်လွှဲပြောင်းခဲ့ကြောင်း သိရသည်။ ယင်းစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ မှ မြန်မာဝမ်ဘိုကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြေသယ်ယူသည့် လုပ်ငန်းနှင့်အခြားလုပ်ငန်းအချို့ ကို ထူးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ဒေသခံ ၁၅၀၀ ခန့်သည် “ကျေးရွာပိုင်လယ်မြေများ မည်သူမျှ မကျူးကျော်ရ” ဆိုင်းဘုတ်များနှင့် မောင်းများတီးခတ်ပြီး ဆန္ဒဖော်ထုတ် ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့ နယ်အုပ်ချုပ်ရေးမှတာဝန်ရှိသူများနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ဟုသိရသည်။ ယင်းဖြစ်စဉ်များနဲ့ပတ်သက်ပြီး မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် အား Eleven Media Group မှ မေးမြန်းခဲ့ရာ “တောင်သူတွေ ကျေနပ်အောင် ဖြေရှင်းရမယ့် အပိုင်းကို ကျွန်တော့်ထက်တာဝန်ရှိသူတွေက ပိုပြီး ဖြေနိုင်ပါလိမ့်မယ်။ ကျွန်တော်ပြော နိုင်တာက မကျေနပ်လို့ဆန္ဒဖော်ထုတ် မယ်ဆိုရင် ဥပဒေနဲ့အညီတင်ပြဖို့ လိုတယ်ဆိုတာပါပဲ။ ကျေးရွာတစ်ရွာ ကို ၁၀ဦးနှုန်းနဲ့တွေ့ဆုံပြီးတော့ ဆွေးနွေးချင်ပါတယ်”ဟုပြောကြားခဲ့သည်။ ကုန်းတောကျေးရွာမှ ဦးမြင့်ဌေး က “မတရားမြေအသိမ်းခံရတဲ့အပေါ် မကျေနပ်လို့ ဥပဒေနဲ့အညီ ဆန္ဒဖော် ထုတ်ခွင့်တောင်းခဲ့တာ ခုနစ်ကြိမ်ရှိ သွားပါပြီ။ တစ်ခါမှခွင့်ပြုချက်မရလို့ အခုလို လုပ်ရတာပါ”ဟု ပြောကြား ပါသည်။ ယခုဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မှ တစ်နှစ်လျှင်ကြေးနီတန်ချိန် တစ်သိန်းမှ တစ်သိန်းခွဲအတွင်း ထုတ်လုပ် သွားမည်ဖြစ်ပြီး ကြေးနီတန်တစ် ရာထွက်ရှိပါက ၅၁ တန်ကို တရုတ် ကုမ္ပဏီမှခံစားခွင့်ရရှိမည်ဖြစ်ပြီး ကျန် ၄၉ တန်ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က ရရှိမည်ဖြစ်သည်။ ဆောက်လုပ်မှုနှင့် ထုတ်လုပ်မှုကုန် ကျစရိတ်အားလုံးကို တရုတ်ကုမ္ပဏီ မှ တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိ ရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၌ ယခုလက်ရှိအချိန် တွင်တရုတ်၏၀န်ထမ်းဦးရေ ၁၅၀ ၀န်းကျင်ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ နှစ် ၆၀ ဂရန်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက် အရ သိရသည်။ |
ခင်ဗျားတို့ အနေနဲ့ တစ်ခုခုတော့ ဆောင်ရွက်ပေးသင့်တယ်။
ပြည်နယ်ဒေသအသီးသီးမှ ပြည်သူလူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အမတ်မင်းများ ဘာတွေလုပ်နေကြသနည်း
အခြေခံလူတန်းစား လူထုအကျိုးစီးပွါးကိုတောင်မှ မကာကွယ်မစောင့်ရှောက်နိုင်ပဲ မည်သည့်နိုင်ငံတော်တိုးတက်ရေးကို ဆောင်ရွက်နိုင်ပါမည်နည်း
What a shame??? Not a single cent for Myanmar or the people from that area. Chinese and Junta...
စွန့်ပစ်မြေတွေကလည်းတစ်ပုံကြီးဘဲ။တောင်တွေပြီးရင် မြေကြီးကိုပါ
တူးကြဦးမယ်။ရာသီဥတုကအလိုလိုမှပူရတဲ့အထဲ တောင်တွေမရှိ
တော့ပိုဆိုး။ပြီးတော့ အဲဒီဘက်ကရွာသားတွေမှာမိုင်းခွဲသံတွေခဏ
ခဏကြားကြရတော့ နားတွေလေးကုန်ကြပြီကြားတယ်။သူတို့မပြောနဲ့ အဲဒီနဲ့အတော်
လှမ်းတဲ့အရှေ့ဘက်ကမ်းက ကျွန်တော်တို့မုံရွာမှာတောင်
တစ်ခါတစ်လေ အိမ်တွေတုန်သွားတဲ့အထိဘဲ။အဲဒီသွားရင်တွေ့ပါ
လိမ့်မယ် ဘန်ဂလိုတွေနဲ့တရုတ်အိမ်တွေအများကြီး။နောက်ပြီး
တော့ စစ်တပ်နဲ့ရဲကအဲဒီမှာလုံခြုံရေးအမြဲချထားတယ်တဲ့။
တရုတ်ရဲ့ ကျူးကျော်စော်ကားမှုတွေကို ခေါင်းငုံ့မခံမှ ဖြစ်မယ့်အချိန်ပါ ။
ကိုယ့်လူမျိုးအချင်းချင်းကို ဒိုင်းတွေ၊သေနတ်တွေနဲ့။သတ္တိပြောင်ချက်ကတော့ကမ်းကုန်ပဲ။
ကုန်းပေါ်ကကောင်တွေကတော့.......မပြောချင်တော့ပါဘူးဗျာ။
အချုပ်တန်းဆရာဖေ ကဗျာပဲသတိရမိတော့တယ်။
" မှီးငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး။
မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင် သူခိုး "
ကိုယ့်လူမျိုးတွေဘိုးဘွားဘီဘင်လက်ထက်ကနေလာကြတဲ့နေရာကို...ကောက်ရိုါ်ပုံစောင့်တဲ့ေ-ွးလိုပဲကျင့်ကြံကြမယ်။
ပိုက်ဆံမျက်နှာနဲ့အဲဒီအသားဖြူဖြူ မျက်လုံးမှေးမှေးကောင်တွေကိုထိပ်ပေါ်တင်ဦးချနေကြမယ်ဆိုရင်တော့...
ပြည်သူ့ရဲ တို့....ပြည်သူ့တပ်မတော်တို့...အသံကောင်းဟစ်နေလဲအလကားပါပဲ....
မြန်မာပြည် တို.ဘို.ဘွားအမွေစစ်မို.
ချစ်မြတ်နိုးပေ။
ပြည်ထောင်စုကို အသက်ပေးလို.
တို.ကာကွယ်မလေ။
ဒါတို.ပြည် ဒါတို.မြေ တို.ပိုင်နက်မြေ
တို.ပြည် တို.မြေ အကျိုးကို ညီညာစွာ
တို.တစ်တွေ ထမ်းဆောင်ပါစို.လေ
တို.တာဝန်ပေ အဖိုးတန်မြေ။
တို.လူမျိုးတွေကို နိုင်ငံတကာက နှိမ့်ချကြတယ်။ယိုးဒယားမှာလည်း ယိုးဒယားမှာမလို. ဖမာ့ ဖမာ့နဲ. နှိမ်ချင်ကြတယ်။တရုတ်ပြည်မှာလည်း လောင်မြန်း လောင်မြန်း ဆိုပြီးနှိမ်းကြတယ်။ကဲ ကိုယ့်နိုင်ငံ အတွင်းမှာမှ ထပ်ပြီးအနှိမ်ခံရရင် ဘယ်သူ.အပြစ်လဲ??ကိုယ့်အမျိုးကို ကိုယ်ချစ်ကြပါ။ကိုယ့်နိုင်ငံကို ကာကွယ်ကြပါ။ေ-ာက် တယုတ်တွေ ကိုယ့်နိုင်ငံလာပြီးစောကားနေတာတွေကို အစိုးရအနေနဲ. ပြည်သူ.မျက်နာလေးကို ထောက်ထားပြီးကာကွယ် စောင့်ရှောက်ပေးပါလို. အသနားခံပါတယ်။
ဒို့ဖေကြီးကိုကာကွယ်မလေ....
ဒို့ဖေကြီးကိုကာကွယ်မလေ....