ကေအိုင်အေ တပ်ဖွဲ့ဝင် တပ်သားယော်ထုံအား ကေအိုင်အေဗဟိုဌာနချုပ်မှ သေဒဏ်ချမှတ်
သြဂုတ် (၁၅)
ကေအိုင်အေ
တပ်မဟာ (၅) လက်အောက်ခံ ၊ ရင်း (၃) မှ တပ်သားအဆင့်ရှိ ယော်ထုံသည် တပ်ရင်းမှ
ထွက်ပြေးခဲ့သောကြောင့် လိုက်လံရှာဖွေရာ ဆဒုံမြို့နယ်၊ ဘွမ်ဝါကျေးရွာ၌
ကေအိုင်အေ အမာခံသတင်းပေး များထံမှ သတင်းရရှိခဲ့ပြီး
ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့
တပ်သား ယော်ထုံအား ကေအိုင်အေ တပ်ရင်း(၃) လုံထန်စခန်းမှာ ချုပ်နှောင်
ထားရှိပြီး ကေအိုင်အေ ဗဟိုဌာနချုပ်ရုံးအမိန့်ကို
စောင့်ဆိုင်းနေစေခဲ့တယ်လို့ သိရပါတယ်။ ကေအိုင်အေ ဗဟိုဌာနချုပ်မှ သြဂုတ်လ
(၁၄) ရက်နေ့က သေဒဏ်ချမှတ်ခဲ့တယ်လို့ တပ်ရင်း (၃) မှ KIA တပ်ဖွဲ့ဝင်
တစ်ဦးမှ ပြောကြားခဲ့ ပါတယ်။
ကေအိုင်အေ
တပ်ဖွဲ့ဝင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲမှု၊ ပင်ပန်းနွမ်းနယ်မှု၊
မြန်မာတပ်မတော် စစ်ကြောင်းများနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားရာတွင်
ကေအိုင်အေ တပ်ဖွဲ့ဝင်များ သေဆုံး ၊ ဒဏ်ရာရရှိ မှုများ ပြားလာမှုအပေါ်
စိုးရိမ်ကြောက်ရွံမှုနှင့် စိတ်ဓာတ်ကျဆင်း အားငယ်မှုတွေကြောင့် အခွင့်သာတဲ့
အချိန်တွေမှာ မကြာခဏ ထွက်ပြေးလျက်ရှိတဲ့အတွက် ထွက်ပြေးဖို့ ကြံစည်နေတဲ့
ကေအိုင်အေ တပ်ဖွဲ့ ၀င်တွေကို စံနမူနာ အဖြစ် ယခုလို သေဒဏ်ပေးခဲ့တာဘဲ
ဖြစ်ပါတယ်။
No comments:
Post a Comment