မိုးမောက်မြို့နယ်အတွင်း တရားမ၀င် ကျွန်းသစ်များ ဖမ်းဆီးရမိ
သြဂုတ် (၁၅)
သြဂုတ်လ
(၁၄) ရက်နေ့က မိုးမောက်မြို့မှ လွယ်ဂျယ်သို့ မောင်းနှင်လာသည့် ယာဉ် (၃)
စီးအား မိုးမောက်မြို့နယ်မှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ
ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မိုးမောက်မြို့နယ်မှူး သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်တဲ့
ပူးပေါင်းအဖွဲ့ဟာ လွယ်ဂျယ်ဘက် အထွက်ရှိ ကွန်ကရစ် တံတားပေါ် တွင်
စောင့်ဆိုင်းစစ်ဆေးနေစဉ် သစ်များတင်ဆောင်လာသောယာဉ် (၃) စီးမှ
ယာဉ်မောင်းနှင့် နောက် လိုက်များသည် တံတားသို့ မရောက်မီ ခုန်ဆင်း
ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဆိုပါယာဉ်
(၃) စီးတွင် ကျွန်းခွဲသား၊ ကာလတန်ဖိုး (၄၅) သိန်းကျော်ခန့်ပါရှိပြီး
တရားမ၀င် သယ်ဆောင်လာတဲ့အတွက် ယာဉ် (၃)စီးနှင့် သစ်တွေကို မြို့နယ်သစ်တော
ဦးစီးဌာနသို့ အပ်နှံ ခဲ့တယ်လို့ သတင်းရရှိပါတယ်။
No comments:
Post a Comment