ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ |
|
|
Sunday, 19 August 2012 10:41 | |
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့်
စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင် ဒါးကမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ
ရေမြုပ်နေသည်ကို သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)
မြို့ပေါင်း ၅၅ မြို့တွင် ရေနစ် မြုပ်နေခြင်းဖြစ်ပြီး ရေနစ်မြုပ်နေသည်မှာ အချို့တိုင်းဒေသများတွင် ရက်ပေါင်း ၁၅ ရက်၊ အချို့တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် ရက် ပေါင်း ၂၀ မှ ၃၀ နီးပါးအထိကြာ ရှည်လာကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်းရေကြီးမှုကြောင့် ပျက်ဆီးခဲ့သော လယ်မြေများကို သြဂုတ်လ ၁၇ ရက်က တွေ့ရစဉ်
ဓာတ်ပုံ - ထင်ပေါ် (ပဲခူး) ယင်းအပြင် လက်ရှိရေနစ်မြုပ်မှုကြောင့် ပျက်စီးရသည့် ဧရိယာမှာ ဧက ၁၁၉၀၀၀ အထိရှိလာနိုင်သည် ဟုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန် ရှိသူများက ခန့်မှန်းထားကြသည်။ ရေနစ်မြုပ်ကာ ဆုံးရှုံးခဲ့သည့် လယ်ယာများအတွက် မျိုးစပါး တင်းပေါင်း ၃၈၇၆၃၃ တင်းကို အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ အဆိုပါမျိုးစပါး ပမာဏမှာ ပျက်စီးနိုင်သည့် လယ် မြေဧက ၁၁၉၀၀၀ အတွက် လုံ လောက်သော်လည်း ထပ်မံနစ်မြုပ် နေဆဲဖြစ်သည့် လယ်ယာများအ တွက်လည်း ထပ်မံလိုအပ်မည့်အနေ အထားရှိကြောင်း တောင်သူများက ဆိုသည်။ မိုးစပါးတစ်ဧကလျှင် ခပ်ပါး ပါးကြဲသည့်တောင်သူများအနေဖြင့် မျိုးစပါးနှစ်တင်းခွဲအသုံးပြုပြီး၊ ထူ ထူကြဲသည့်တောင်သူများဆိုပါက တစ် ဧကမျိုးစပါး သုံးတင်းအသုံးပြု ကြောင်း သိရသည်။ လက်ရှိ ပြန်စိုက်ပျိုးရမည့် ဧရိ ယာမှာ ရေနစ်မြုပ်သည့် ဧရိယာ ဧက ၅၃၀၀၀၀ နီးပါး၏ ၈၀ ရာခိုင်နှုန်းအထိပင် ရှိနိုင်ရာ မျိုးစပါး များထပ်မံလိုအပ်နိုင်ကြောင်းသိရ သည်။ “ထူထူကြဲရင်သုံးတင်း၊ ပါးပါး ကြဲရင်နှစ်တင်းခွဲ။ စပါးက ၁၅ ရက်ဆိုသေပြီ။ မသေလည်း ရေမြုပ်ခဲ့တဲ့စပါးတွေက အထွက်ကောင်းဖို့ မသေချာတော့ဘူး။ ဒီတော့ ပြန်စိုက် ရတာပဲ။ ဧကငါးသိန်းကျော်နစ် တယ်ဆိုရင် ဥပမာ-ကျွန်တော့်လယ် ဆိုဧက ၃၀ ပေါ့။ အကုန်နစ်တဲ့ အတွက် အကုန်ပြန်စိုက်ရမယ်။ ကျွန်တော့်သူငယ်ချင်းက အကုန်နစ်ပေမယ့် သူ့ကျတော့ ကုန်းကွင်းကနည်း နည်းခံသာလို့ သုံးချိုးနှစ်ချိုးလောက် ပဲပြန်စိုက်ရမယ်။ ဒီတော့ ဧကငါးသိန်းမှာ အနည်းဆုံးဧကသုံးသိန်း ပြန်စိုက်ရမယ်ဆိုရင် မျိုးစပါးတင်းကိုး သိန်းလိုတယ်။ အခုလေးသိန်းလောက် ကို နိုင်ငံတော်က အဆင်သင့် စီစဉ် ပေးထားတယ်ဆိုတော့ တကယ်လို့ ဧရိယာများရင် ထပ်လိုမှာပဲ။ ဒီ လောက်ကူညီတာပဲ ကျေးဇူးတင်ရမယ်။ ကျန်တာတော့ ကိုယ့်ဟာကိုယ် ရှာရမှာပေါ့။ တောင်သူလက်ထဲ အကုန်လုံး အတိအကျရောက်စေချင်ပါတယ်”ဟု ကျောင်းကုန်းမြို့နယ်ရှိ တောင်သူကြီးတစ်ဦးကလည်း ပြောပြခဲ့သည်။
တောင်ငူမြို့
စစ်တောင်းမြစ်ဘေးရှိ ကိုင်းမြေများတွင် စိုက်ပျိုးထားသော
နှမ်းခင်းများအတွင်း ရေ၀င်ရောက်နေသည်ကို သြဂုတ်လ ၁၃ ရက်က တွေ့ရစဉ်
ဓာတ်ပုံ-ဇော်ဝင်းချစ် (တောင်ငူ)
ရေနစ်မြုပ်လျက်ရှိသည့် ဒေသများမှ လယ်ယာမြေများမှာ မိုးစပါး စိုက်ပျိုးမည်ဆိုပါက တစ်လအတွင်း ရေပြန်ကျရန် လိုကြောင်း၊ တစ်လ အတွင်းရေပြန်မကျပါက စိုက်ပျိုး ရန် ရာသီနောက်ကျခြင်း၊ ပဲစိုက် ပျိုးမည့်တောင်သူများဆိုပါက စပါး စိုက်လျှင် ပဲရာသီမမီပဲ၊ ပဲစိုက်ပျိုး မည်ဆိုပါက နောက်ကျလျှင် စပါး စိုက်ပျိုးရန်မဖြစ်တော့ကြောင်း တောင်သူများက ဆိုသည်။ “ပြန်စိုက်ရမှာက ကျိန်းသေပဲ။ ဒါပေမယ့် အခုရေပြန်ကျဖို့ကောင်းပြီ။ နောက်တစ်လလောက်သာ ထပ်မြုပ်ရင် စိုက်ဖို့နောက်ကျမှာပေါ့။ ပဲ သမားဆို စပါးစိုက်တာနောက်ကျ ရင် ပဲစိုက်မရတော့ဘူး။ ပဲစိုက်မယ် ဆို စပါးမစိုက်ဘဲနေမှရလိမ့်မယ်။ ရေမြန်မြန်ပြန်ကျဖို့ ဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ဒါမှ အဆင်သင့် ပျိုးထောင်ထားပြီး ရေကျတာနဲ့ စိုက်လို့ရမယ်”ဟု ကန်ကြီးဒေါင့်မြို့ နယ်မှ တောင်သူကြီးတစ်ဦးက ရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့်
စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)
လက်ရှိ ရေနစ်မြုပ်သည့် ဧရိယာများတွင် စုစုပေါင်းစိုက်ပျိုးသည့် ဧရိယာမှာ ဧက ၄ ဒသမ ၉ သန်းရှိ ပြီး ဧက ၀ ဒသမ ၅၃ သန်းနီးပါး ရေနစ်မြုပ်ခြင်းဖြစ်၍ စိုက်ဧရိယာ စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော် ထိခိုက်ခြင်းဖြစ်သည်ဟု တွက်ချက်ရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် သတ်မှတ်ထားသော ဧရာဝတီတိုင်းဒေသကြီး အပါအ၀င် စပါးအဓိကထွက်ရှိရာ ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီးများတွင်ပါ နစ်မြုပ်ခြင်းဖြစ်သည်ကို သတိမူသင့်ကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းတစ်ခွင် မိုးခေါင်မှုကြောင့် စိုက်ဧရိယာများစွာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို ထည့်သွင်း တွက်ချက်ရမည်ဟု ဆန်စက်လုပ်ငန်းရှင်များက သုံးသပ်သည်။ “အဆိုးဆုံးရေကြီးတာက မြန်မာ နိုင်ငံရဲ့ စပါးကျီ။ လုံးဝမိုးမရွာ လို့ မိုးခေါင်ပြီး ဒုက္ခဖြစ်တာ စစ်ကိုင်း၊ မန္တလေးစတဲ့ အထက်ပိုင်းတစ်ခွင် လုံးပဲ။ ဒီတော့ စပါးအထွက်နှုန်းနဲ့ တွေ့ကြုံလာမယ့် ပြဿနာတွေကို ထည့်တွက်ထားရမယ်။ အခုကတည်း က ထည့်တွက်ထားရမှာ။ အညာမှာ မိုးခေါင်တာကလည်း အများကြီး အခက်အခဲဖြစ်ကုန်နိုင်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ ဆန်စက်လုပ်ငန်းရှင် တစ်ဦးကသုံး သပ်ခဲ့သည်။ ပဲခူးမြို့နယ်တစ်ဝိုက်တွင် ဇူလိုင် လ ၂၆ ရက်နေ့မှစတင်၍ ရက်ပေါင်း ၂၀ နီးပါးကြာ ပဲခူးမြစ်ရေကြီးမှုရက် ရှည်ဖြစ်ပေါ်ခဲ့၍ စိုက်ပျိုးပြီးလယ်ယာမြေဧရိယာ ဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။ပဲခူးမြို့နယ်၌ ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်အတွင်း မိုးစပါး ၁၁၆၀၈၉ ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်း သိရသည်။ ပဲခူးမြို့နယ်အတွင်း၌ သြဂုတ် လ ၁၅ ရက်နေ့အထိ မိုးစပါး ၁၀၁၈၂၄ ဧကစိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သို့သော် ပဲခူးမြစ်ရေကြီးမှုကြောင့် စပါး စိုက်ပျိုးပြီး ဧက ၁၁၆၁၁ မှာ ရေ လွှမ်းခံခဲ့ရကြောင်း သိရသည်။ ပဲခူး မြစ်ရေပြန်လည် ကျဆင်းသွားမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် လယ်ယာ မြေဧရိယာအများစု ရေပြန်ပေါ်ခဲ့သော်လည်း အများစုမှာ ပြန်လည်စိုက်ပျိုးရမည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ ထို့အတူ ပဲခူးခရိုင်အတွင်းရှိ သနပ်ပင်မြို့နယ်၊ က၀မြို့နယ်၊ ဝေါ မြို့နယ်၊ဒိုက်ဦးမြို့နယ်စသည့် မြို့နယ်များအတွင်းရှိ လယ်ယာမြေဧရိယာ အများအပြားမှာလည်း ရေနစ် မြုပ်မှုခံခဲ့ရကြောင်း သိရသည်။ |
No comments:
Post a Comment