Monday, April 8, 2013

မြောက်ကိုရီးယားနဲ့စစ်ရေးအခြေအနေ

မြောက်ကိုရီးယားနဲ့စစ်ရေးအခြေအနေ

မြောက်ကိုရီးယားနဲ့စစ်ရေးအခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~

မြောက်ကိုရီးယား ဟာ
လက်ရှိနိုင်ငံရေး အခက်အခဲတွေကို နောက်ဆုံးဖြေရှင်းတဲ့ အနေနဲ့ ဖဲသဘောနဲ့ ပြောရင် low hand နဲ့ all in လုပ်တဲ့ သဘောလို့ ဆိုရမယ်ထင်တယ်။

ဘာကြောင့်လဲ ဆိုတော့ အရင်က သူရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ တရုတ်ကြီးဟာ တချိန်က ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ မက်လုံးတွေနဲ့ အတူ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ကာကွယ်ပေးနေပေမဲ့
ကျန်ခဲ့တဲ့ (failed) satellite launch. စမ်းသပ်မှု လုပ်ပြီးနောက်ပိုင်း တရုတ်ကြီး စိတ်ကောက်သွားကာ သူ့မွေးတဲ့ မျောက်ကို သူမနိုင်တော့လို UN ရဲ့ ချမှတ်ချက်တွေကို သဘောတူလာရာကနေ မြောက်ကိုရီးယား နိုင်ငံဟာ မလှုပ်သာမလူးသာ အကျပ်အတည်းတွေ့နေတာဖြစ်တယ်။

မေလ ၆ရက် ၂၀၁၂ မှာ မြောက်ကိုရီးယားက သူရဲ့ နူကလီးယား စမ်းသပ်မှုတွေကို ပြန်လည်အကောင်အထည်ဖော်မယ်လို့ ကြေညာလိုက်တာနဲ့ အတူ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာလဲ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာကြတာတွေ့ရတယ်
မြောက်နဲ့တောင် ကိုရီးယား နှစ်ဖက်လုံးက နှစ်နိုင်ငံ ပေါင်းစည်းဖို့ထက် တနိုင်ငံက နိုင်ငံ သိမ်းယူဖို့ ထိန်းချုပ်ဖို့ ကြိုးစားကြကာ နှစ်ဖက်ခေါင်းဆောင်သစ်တွေကလဲ သူတို့ရဲ့ နိုင်ငံရေး စစ်ရေး စွမ်းအားကို သက်သေပြချင်နေကြတာဖြစ်တဲ့ အချိန်လို့မြင်တယ်။

တရုတ်ကြီးကလဲ ပေါင်းစည်းဖို့ထက် မြောက်ကိုရီးယားကို ပြုပြင်ပြောင်းလဲပြီး လက်ရှိအတိုင်း ရပ်တည်နေစေချင်ပုံပဲ ဒါကြောင့်လဲ အတော်လေးကာကွယ်ပြီးထောက်ပံခဲ့ပုံရပါတယ် ။

ဒါပေမဲ့ နူ လက်နက် စမ်းသပ်အောင်မြင်သွားတဲ့ အခါ တရုတ်ကြီးလဲ ဒေသတွင်း အန္တရာယ်ကို စိုးရိမ်တတ်လာပြီး UNနဲ့ အနောက်နိုင်ငံတွေ ဘက် ပါလာတဲ့ အတွက် မြောက်ကိုရီးယားအနေနဲ့အတော်လေး ကျပ်တည်းလာစေတယ် ။

နိုင်ငံတွင်းမှာလဲ ခေါင်းဆောင်သစ်ဖြစ်တဲ့ ကင်ဂျုံအွန်းဟာ ပါတီတွင်း ဗဟိုကော်မတီဝင်တွေကို ပြောင်းအလဲလုပ်ကာ ပါတီတွင်း အာဏာတည်ဆောက်လာပြီး ။ပြည်သူတွေရဲ့ ယုံကြည်မှုကို  ရဖို့ နဲ့ ခေါင်းဆောင်မှုစွမ်းရေးကို ပြဖို့ လိုအပ်နေတဲ့ အချိန်လဲဖြစ်တယ် ။
အစိုးရနဲ့ ပါတီအတွင်း အပြောင်းအလဲတွေမှ စစ်တပ်ရဲ့  အခန်း ကဏ္ဏကိုလဲ လျော့ချလာတာတွေ့ရတယ် ။

အထူးသဖြင့် ၂၀၁၀ နှစ်ဆန်းပိုင်းက ချ မှတ်ခဲ့တဲ့ စီပွားရေးဆိုင်ရာ ပေါ်လစီအပေါ် ပါတီနဲ့ စစ်တပ်တို့ သဘောထားကွဲလွဲမှု တွေရှိခဲ့ပြီး ၊ ဒီကွဲလွဲမှုတွေဟာ  ခေါင်းဆောင်သစ်ကို  အကြပ်ရိုက်စေခဲ့တယ်။
နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဗဟိုအစည်းအဝေးမှာ နိုင်ငံရဲ့ စီးပွားရေးကို စနစ်တကျပြုပြင်ပြောင်းလဲမှု လုပ်ဖို့
မူဝါဒ အသစ်တွေ အပြင် ။ နုလက်နက် တွေ ကိုအဆင့်မြင့်ဖို့ အစီအစဉ်တွေလဲထုတ်ပြန်ကြေညာခဲ့တယ် ။

ဗဟိုအစိုးရအသစ်အနေနဲ့ ချမှတ်ထားတဲ့ မူဝါဒအသစ်တွေကို အကောင်အထည်ဖော်ဖို့ ဘဏ္ဏာရေး အခက်အခဲနဲ့ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျော့နိုင်ဖို့ လိုအပ်နေတာဖြစ်တယ် ။

ဒီလို အကျပ်အတည်းကို ဖြေရှင်းဖို့ တခုတည်းသောနည်းက လက်တလော ပူးပူးနွေးနွေး စမ်းသပ်အောင်မြင်လိုက်တဲ့ နူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်ပြီး နိုင်ငံတကာနဲ့ ဆွေးနွေးမဲ့ စားပွဲဝိုင်းပေါ်မှာ advantage
ရအောင်လုပ်ယူနေတာလို့ မြင်တယ်။

အမေရိကန်ကို တိုက်မယ်ကြွေးကျော်ပေမဲ့ မြောက်ကိုရီယားမှာရှိတဲ့ နူ လက်နက် ဟာ ၁၀ ဂဏန်းလောက်ပါ ဒါတောင် ဒုံးပျံမှာ တပ်ဆင်ပီး ပစ်ခတ်မစမ်းသပ်ရသေးပါဘူး ။အမေရိကန်မှာ စမ်းသပ်ပြီး ကောင်းစွာပစ်ခတ် အလုပ်လုပ်နိုင်တဲ့ နူ က ၄၅၆၀ လုံးအဆင်သင့်ရှိပါတယ် ။ဆင်နဲ့ ဆိတ်မက ကွာနဲ့ အနေအထားဆိုတာ လူတိုင်းသိတဲ့ ကိစ္စဖြစ်တယ် ။ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်တွေဟာ အမေရိကန် မိန်းလန်းတွေကို ရောက်အောင်လောက်ထိ စွမ်းရည်မရှိသလို လေယာဉ်နဲ့သယ်ပြီး ဗုံးသွားကြဲဖို့ဆိုတာလဲ ဖြစ်နိုင်စရာအကြောင်းမရှိဘူးပါ ။ သူပြဿနာရှာနိုင်ရင် ဒေသတွင်းလောက်သာ ပတ်ပြဿနာရှာနိုင်ပါတယ် ။

တကယ်တမ်းဖြစ်လာခဲ့ရင် အမေရိကန်အနေနဲ့ အချိန် ၃ရက်မကြာပဲ မြောက်ကိုရီးယားကို  ပြုတ်ပြုတ်ပြုန်းအောင် တိုက်နိုင်ပါတယ်။ဒါဆိုဘာကြောင့် မြောက်ကိုရီးယားက အမေရိကန်ကို စိန်ခေါ်ရဲတာပါလဲ… အဖြေကရှင်းပါတယ် ထောက်ကင်း ရှိနေလို့ပါ။ အဲ့ဓီထောက်ထားတဲ့ ကင်းဟာ အနီးနားက တောင်ကိုရီးယားနဲ့ ဂျပန်ပါ။

တကယ်တမ်းဖြစ်ကြရင် မြောက်ကိုရီးယားက ဆုံးရှုံးစရာ သိပ်မရှိပေမဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီယားထက် လူဦးရေ ၂ဆ ရှိသလို ဖွံ့ဖြိုးမှုမှာလဲ အဆ ၄၀ ကွာပါတယ် ။တောင်ကိုရီးယားရဲ့ လူဦးရေ ထက်ဝက်ဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ လေယာဉ် ၃ မိနစ် ခရီးလောက်မှာ နေထိုင်ကြတာဖြစ်သလို တောင်ကိုရီးယား မြို့တော် ဆိုးလ်ဟာလဲ မိုင် ၃၀ သာဝေးပါတယ် ။ မြောက်ကိုရီးယား မြို့တော် ပြုံယမ်း ဟာ နှစ်နိုင်ငံနယ်နိမိတ်နဲ့ မိုင် ၇၀ သာဝေးပါတယ် ။

ဒါကြောင့်မို့ တကယ် စစ်ပွဲသာဖြစ်ခဲ့ရင် တောင်ကိုရီးယားအတွက် နစ်နာ ဆုံးရှုးံမှုက အတော်ကြီးမှာဖြစ်သလို လူသန်းပေါင်းများစွာ အသက် စတေးရမှာဖြစ်ပါတယ် ။အထူးသဖြင့် ကမ္ဘာနိုင်ငံတွေပါ စီးပွားရေး အကျပ်အတည်း ပြဿနာနဲ့ ရင်ဆိုင်ရမှာဖြစ်တယ် ။
ဒါတွေကို သိတဲ့ မြောက်ကိုရီးယားဟာ ဒီအချက်တွေကို ဝင့်ဝင့်ထည်ထည် အသုံးပြုကာ နိုင်ငံရေး ကစားလာတာလို့မြင်ပါတယ် ။

ဒီကစားကွက်ဟာ မြောက်ကိုရီးယားအတွက် အရူံးနဲ့ အနိုင် အရဲစွန့်ကစားရတဲ့ low hand နဲ့ all in  ပွဲဖြစ်ပြီး ။ ဒီဟာရဲ့ တဖက်မှာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေး ပြောင်းလဲမှု အတွက် ကွေ့တခုဖြစ်လာလိမ့်မယ်လို့ ကျွန်တော့အနေနဲ့ သုံးသပ်မိတယ်ဗျ ။
နောက်တချက်အနေနဲ့ မြောက်ကိုရီးယားဟာ တကယ်တန်းစစ်ဖြစ်ချင်ရင် သူရဲ့ အမေရိကန်ကို တိုက်ခိုက်မဲ့  “U.S. Mainland Strike Plan” တွေ မီဒီယာ ပေါ်ရောက်လာစရာအကြောင်းရှိပမလား တွေးနေမိတယ် ။

ဒါပေမဲ့ ကျွန်တော့် ဖေဖေ ဆုံးမဖူးတာ တခုတော့ရှိတယ် ။ ဘဝမှာ ဘာမှမျော်လင့်ချက်မရှိတော့ပဲ လောကကြီးကို နာကျည်းနေတဲ့ လူတယောက်နဲ့တော့ ပြဿနာဖက်မဖြစ်နဲ့တဲ့ သူ့ကိုယ်သူ သေမထူးနေမထူးလို့ သက်မှတ်ထားပြီး ငါတို့လဲသေ အားလုံးလဲ ပျက်စီးဆိုတဲ့ မူနဲ့ လုပ်ရင်တော့ မပြောတတ်ဘူးဗျာ :(

ကျွန်တော် အားလုံးကို လိုက်မဖတ်နိုင်လို့ ကျွန်တော် မမြင်တဲ့ အချက်အလက်များရှိရင်လဲ သူငယ်ချင်းတို့ရဲ့ အမြင်လေးတွေကို ဆွေးနွေးပေးပါဦး...

အညတရ မင်းဆရာ
မြောက်ကိုရီးယားနဲ့စစ်ရေးအခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~

မြောက်ကိုရီးယား ဟာ
လက်ရှိနိုင်ငံရေး အခက်အခဲတွေကို နောက်ဆုံးဖြေရှင်းတဲ့ အနေနဲ့ ဖဲသဘောနဲ့ ပြောရင် low hand နဲ့ all in လုပ်တဲ့ သဘောလို့ ဆိုရမယ်ထင်တယ်။
ဘာကြောင့်လဲ ဆိုတော့ အရင်က သူရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ တရုတ်ကြီးဟာ တချိန်က ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ မက်လုံးတွေနဲ့ အတူ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ကာကွယ်ပေးနေပေမဲ့
ကျန်ခဲ့တဲ့ (failed) satellite launch. စမ်းသပ်မှု လုပ်ပြီးနောက်ပိုင်း တရုတ်ကြီး စိတ်ကောက်သွားကာ သူ့မွေးတဲ့ မျောက်ကို သူမနိုင်တော့လို UN ရဲ့ ချမှတ်ချက်တွေကို သဘောတူလာရာကနေ မြောက်ကိုရီးယား နိုင်ငံဟာ မလှုပ်သာမလူးသာ အကျပ်အတည်းတွေ့နေတာဖြစ်တယ်။
မေလ ၆ရက် ၂၀၁၂ မှာ မြောက်ကိုရီးယားက သူရဲ့ နူကလီးယား စမ်းသပ်မှုတွေကို ပြန်လည်အကောင်အထည်ဖော်မယ်လို့ ကြေညာလိုက်တာနဲ့ အတူ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာလဲ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာကြတာတွေ့ရတယ်
မြောက်နဲ့တောင် ကိုရီးယား နှစ်ဖက်လုံးက နှစ်နိုင်ငံ ပေါင်းစည်းဖို့ထက် တနိုင်ငံက နိုင်ငံ သိမ်းယူဖို့ ထိန်းချုပ်ဖို့ ကြိုးစားကြကာ နှစ်ဖက်ခေါင်းဆောင်သစ်တွေကလဲ သူတို့ရဲ့ နိုင်ငံရေး စစ်ရေး စွမ်းအားကို သက်သေပြချင်နေကြတာဖြစ်တဲ့ အချိန်လို့မြင်တယ်။
တရုတ်ကြီးကလဲ ပေါင်းစည်းဖို့ထက် မြောက်ကိုရီးယားကို ပြုပြင်ပြောင်းလဲပြီး လက်ရှိအတိုင်း ရပ်တည်နေစေချင်ပုံပဲ ဒါကြောင့်လဲ အတော်လေးကာကွယ်ပြီးထောက်ပံခဲ့ပုံရပါတယ် ။
ဒါပေမဲ့ နူ လက်နက် စမ်းသပ်အောင်မြင်သွားတဲ့ အခါ တရုတ်ကြီးလဲ ဒေသတွင်း အန္တရာယ်ကို စိုးရိမ်တတ်လာပြီး UNနဲ့ အနောက်နိုင်ငံတွေ ဘက် ပါလာတဲ့ အတွက် မြောက်ကိုရီးယားအနေနဲ့အတော်လေး ကျပ်တည်းလာစေတယ် ။
နိုင်ငံတွင်းမှာလဲ ခေါင်းဆောင်သစ်ဖြစ်တဲ့ ကင်ဂျုံအွန်းဟာ ပါတီတွင်း ဗဟိုကော်မတီဝင်တွေကို ပြောင်းအလဲလုပ်ကာ ပါတီတွင်း အာဏာတည်ဆောက်လာပြီး ။ပြည်သူတွေရဲ့ ယုံကြည်မှုကို ရဖို့ နဲ့ ခေါင်းဆောင်မှုစွမ်းရေးကို ပြဖို့ လိုအပ်နေတဲ့ အချိန်လဲဖြစ်တယ် ။
အစိုးရနဲ့ ပါတီအတွင်း အပြောင်းအလဲတွေမှ စစ်တပ်ရဲ့ အခန်း ကဏ္ဏကိုလဲ လျော့ချလာတာတွေ့ရတယ် ။
အထူးသဖြင့် ၂၀၁၀ နှစ်ဆန်းပိုင်းက ချ မှတ်ခဲ့တဲ့ စီပွားရေးဆိုင်ရာ ပေါ်လစီအပေါ် ပါတီနဲ့ စစ်တပ်တို့ သဘောထားကွဲလွဲမှု တွေရှိခဲ့ပြီး ၊ ဒီကွဲလွဲမှုတွေဟာ ခေါင်းဆောင်သစ်ကို အကြပ်ရိုက်စေခဲ့တယ်။
နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဗဟိုအစည်းအဝေးမှာ နိုင်ငံရဲ့ စီးပွားရေးကို စနစ်တကျပြုပြင်ပြောင်းလဲမှု လုပ်ဖို့
မူဝါဒ အသစ်တွေ အပြင် ။ နုလက်နက် တွေ ကိုအဆင့်မြင့်ဖို့ အစီအစဉ်တွေလဲထုတ်ပြန်ကြေညာခဲ့တယ် ။
ဗဟိုအစိုးရအသစ်အနေနဲ့ ချမှတ်ထားတဲ့ မူဝါဒအသစ်တွေကို အကောင်အထည်ဖော်ဖို့ ဘဏ္ဏာရေး အခက်အခဲနဲ့ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျော့နိုင်ဖို့ လိုအပ်နေတာဖြစ်တယ် ။
ဒီလို အကျပ်အတည်းကို ဖြေရှင်းဖို့ တခုတည်းသောနည်းက လက်တလော ပူးပူးနွေးနွေး စမ်းသပ်အောင်မြင်လိုက်တဲ့ နူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်ပြီး နိုင်ငံတကာနဲ့ ဆွေးနွေးမဲ့ စားပွဲဝိုင်းပေါ်မှာ advantage
ရအောင်လုပ်ယူနေတာလို့ မြင်တယ်။
အမေရိကန်ကို တိုက်မယ်ကြွေးကျော်ပေမဲ့ မြောက်ကိုရီယားမှာရှိတဲ့ နူ လက်နက် ဟာ ၁၀ ဂဏန်းလောက်ပါ ဒါတောင် ဒုံးပျံမှာ တပ်ဆင်ပီး ပစ်ခတ်မစမ်းသပ်ရသေးပါဘူး ။အမေရိကန်မှာ စမ်းသပ်ပြီး ကောင်းစွာပစ်ခတ် အလုပ်လုပ်နိုင်တဲ့ နူ က ၄၅၆၀ လုံးအဆင်သင့်ရှိပါတယ် ။ဆင်နဲ့ ဆိတ်မက ကွာနဲ့ အနေအထားဆိုတာ လူတိုင်းသိတဲ့ ကိစ္စဖြစ်တယ် ။ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်တွေဟာ အမေရိကန် မိန်းလန်းတွေကို ရောက်အောင်လောက်ထိ စွမ်းရည်မရှိသလို လေယာဉ်နဲ့သယ်ပြီး ဗုံးသွားကြဲဖို့ဆိုတာလဲ ဖြစ်နိုင်စရာအကြောင်းမရှိဘူးပါ ။ သူပြဿနာရှာနိုင်ရင် ဒေသတွင်းလောက်သာ ပတ်ပြဿနာရှာနိုင်ပါတယ် ။
တကယ်တမ်းဖြစ်လာခဲ့ရင် အမေရိကန်အနေနဲ့ အချိန် ၃ရက်မကြာပဲ မြောက်ကိုရီးယားကို ပြုတ်ပြုတ်ပြုန်းအောင် တိုက်နိုင်ပါတယ်။ဒါဆိုဘာကြောင့် မြောက်ကိုရီးယားက အမေရိကန်ကို စိန်ခေါ်ရဲတာပါလဲ… အဖြေကရှင်းပါတယ် ထောက်ကင်း ရှိနေလို့ပါ။ အဲ့ဓီထောက်ထားတဲ့ ကင်းဟာ အနီးနားက တောင်ကိုရီးယားနဲ့ ဂျပန်ပါ။
တကယ်တမ်းဖြစ်ကြရင် မြောက်ကိုရီးယားက ဆုံးရှုံးစရာ သိပ်မရှိပေမဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီယားထက် လူဦးရေ ၂ဆ ရှိသလို ဖွံ့ဖြိုးမှုမှာလဲ အဆ ၄၀ ကွာပါတယ် ။တောင်ကိုရီးယားရဲ့ လူဦးရေ ထက်ဝက်ဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ လေယာဉ် ၃ မိနစ် ခရီးလောက်မှာ နေထိုင်ကြတာဖြစ်သလို တောင်ကိုရီးယား မြို့တော် ဆိုးလ်ဟာလဲ မိုင် ၃၀ သာဝေးပါတယ် ။ မြောက်ကိုရီးယား မြို့တော် ပြုံယမ်း ဟာ နှစ်နိုင်ငံနယ်နိမိတ်နဲ့ မိုင် ၇၀ သာဝေးပါတယ် ။

Sunday, April 7, 2013

နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများ၊ သတင်းအေဂျင်စီများသို့ ရောင်းချမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ကို ၀ါရင့်သတင်းစာ ဆရာကြီးများ အပါအ၀င် ဂျာနယ်လစ်များ ဝေဖန်

နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများ၊ သတင်းအေဂျင်စီများသို့ ရောင်းချမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ကို ၀ါရင့်သတင်းစာ ဆရာကြီးများ အပါအ၀င် ဂျာနယ်လစ်များ ဝေဖန်

AddThis Social Bookmark Button
4.7.1
ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် The Voice Weekly ဂျာနယ်များတွင် သတင်းဖော်ပြထားစဉ်
နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများသို့ လပေး (သို့မဟုတ်) နေ့အလိုက် ရောင်းချမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြား ခဲ့ပြီးနောက် ထိုအစီအစဉ်ကို လက်မခံနိုင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများနှင့် ဂျာနယ်လစ်များ က ဝေဖန်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က၂၀၁၃ ခုနှစ်ဧပြီလ ၂ ရက်တွင် ထုတ်ဝေခဲ့သည့် ရန်ကုန်တိုင်းမ် ဂျာနယ် (အတွဲ ၉၊ အ မှတ် ၁၄) တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ ရောင်းချရန် ညှိနှိုင်းမှုများ ပြုလုပ်နေ သည်ဟု တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေး ၀န်ကြီးဋ္ဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ လပေး(သို့ မဟုတ်)နေ့အလိုက်ရောင်းချနိုင်ရန် စီစဉ်နေပြီး ရောင်းချပေးမည့် အစီအစဉ်အား ဧပြီလ တတိယအပတ်အတွင်း ထုတ်ပြန်ပေးမည်ဟု ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ် တွင် ဖော်ပြခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတကာ ခေါင်းဆောင်များ တွေ့ဆုံကြသည့် နိုင်ငံတော်အဆင့် သတင်းများ၊ နိုင်ငံတော်သမ္မတ၏ ပြည်တွင်းပြည်ပ ခရီးစဉ်များ အပါအ၀င် အခြားသော နိုင်ငံတော်အဆင့် သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့သတင်းစဉ် အစရှိသော အစိုးရ သတင်းဌာနများကသာ ချုပ်ကိုင်ထားလျက် ရှိနေပါသည်။ ထို့အတူ အခြားသော ၀န်ကြီးဌာနများ၏ သတင်းများ အပါအ၀င် အစိုးရသတင်းများကို အစိုးရ သတင်းဌာနများကသာ ချုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။
ပုဂ္ဂလိက သတင်းဌာနများက နိုင်ငံတော်အဆင့် သတင်းများကို လွတ်လပ်စွာ သတင်းရယူခွင့်ရှိရန် အတွက် ကြိုးပမ်းနေသည့်နည်းတူ အစိုးရ၀န်ကြီးဌာနများ အနေဖြင့်လည်း နိုင်ငံတကာရှိ အစိုးရ၀န်ကြီးဌာနများ နည်းတူ ၀န်ကြီးဌာနတစ်ခုချင်းစီ အလိုက် ၀က်ဘ်ဆိုက်များ၊ ပြောရေးဆိုခွင့်ရှိသူများ ထားရှိခြင်းအားဖြင့် သတင်းထုတ်ပြန်မှုများ ပြုလုပ်ရန် တိုက်တွန်းမှုများ ရှိနေချိန်တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ ရောင်းချမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီးဦးရဲထွဋ်က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ

AddThis Social Bookmark Button
matehtilararrest40people-april8
မိတ္ထီလာမြို့နယ် အတွင်းရှိ အင်းကုန်းကယ်ဆယ်ရေး စခန်းအတွင်းရှိ ဒုက္ခသည်များအား ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ၀ဏ္ဏ(မိတ္ထီလာ))
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ပြီးဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးမှ ဧပြီလ ၆ ရက်နေ့က Eleven Media သို့ ပြောကြားခဲ့သည်။
နှစ်ပတ်ကျော်ကြာ စုံစမ်းစစ်ဆေးချက်အရ ပြည်တွင်းအဖွဲ့အစည်း တစ်ခုမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆရပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်း၏ ကွင်းဆက်ဟု ယူဆရသူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးနေပြီး ကွင်းဆက်များ ရှိနိုင်သဖြင့် စုံစမ်းလျက်ရှိကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက အတည်ပြု ပြောကြားသည်။
မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်အား ပြုလုပ်ခဲ့သည့် ပြည်တွင်းအဖွဲ့အစည်းအား တရားဝင်ထုတ်ပြန်ရန် စုံစမ်းစစ်ဆေးမှုများ လိုအပ်နေသေးကြောင်း၊ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။ "ဖြစ်စဉ်မှာ ဖမ်းဆီးထားတဲ့ လူတွေနဲ့ ကွင်းဆက်တွေကို ဆက်လက်စုံစမ်း ဖမ်းဆီးမှုတွေ ပြုလုပ်သွားပါမယ်။ ဥပဒေပိုင်းအရတော့ လက်ရှိ ဖွဲ့စည်းထားတဲ့ အရေးယူ ဆောင်ရွက်မှု အဖွဲ့ကနေပြီး စီရင်ချက် ချသွားမှာပါ" ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက် ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာမှ  ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်းခဲ့ရာတွင် အခြေအနေမှာ ပိုမိုဆိုးရွားမှုများ ဖြစ်ပေါ်လာသည့်အတွက် မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ်အခြေအနေ ကြေညာကာ တပ်အင်အား အသုံးပြု ထိန်းသိမ်းခဲ့ရသည်။

Monday, April 1, 2013

ကိုရီးယားရေး ကန်သတိထားကိုင်တွယ်

ကိုရီးယားရေး ကန်သတိထားကိုင်တွယ်
နောက်ဆုံး ရေးသားချိန် 1 ဧပြီလ 2013 - 23:29 GMTFacebook
Twitter
Send to a friend

Printစစ်ရေး လေ့ကျင့်နေတဲ့ တောင်ပိုင်းတပ်များမြောက်ကိုရီးယား တပ်တွေ အကြီးအကျယ် ရွှေ့ပြောင်း ပြင်ဆင်တာတွေ လုပ်တဲ့ အထောက် အထား မတွေ့ရပေမယ့် အသစ် တမျိုး ခြိမ်းခြောက်နေမှု တွေကို အရေးတယူ စဉ်းစားနေကြောင်း အမေရိကန် အစိုးရက ပြောကြား ပါတယ်။တောင်ကိုရီးယားနဲ့ စစ်ဖြစ်ပြီလို့ ကြေညာတာမျိုး မြောက်ကိုရီးယား ဘက်က ကြိမ်းဝါး ခြိမ်းခြောက်မှုတွေ ပြီးခဲ့တဲ့ ရက်တွေက ရှိခဲ့ပါတယ်။ဒီလိုမျိုး တင်းတင်းမာမာ ပြောဆိုမှု မျိုးတွေနဲ့ ယဉ်ပါး နေပြီ ဖြစ်ပေမယ့် လိုအပ် လာရင် ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိထား ကိုင်တွယ်သွားဖို့ အမေရိကန် ဘက်က အသင့်ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေးကာနေက ပြောပါတယ်။သတိထား ကိုင်တွယ် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ထဲမှာ အမိမြေ ကာကွယ်ရေး နဲ့ မဟာမိတ် လုံခြုံရေး စနစ်တွေ ပါဝင်တဲ့ ဒုံးခွင်း ကာကွယ်ရေး စနစ်၊ ပြီးတော့ ဘီတူးနဲ့ ဘီ ၅၂ ဗုံးကြဲ လေယာဉ်တွေ လဲ ပါဝင်ပါတယ်။ တောင်ကိုရီးယား အပေါ် ဖိအားတွေ လျော့ကျသွားပြီး မှားယွင်း တွက်ချက်မှုတွေ မဖြစ်ရအောင် ကာကွယ်သွားမယ်လို့ လဲ ဆိုပါတယ်။မြောက် ကိုရီးယား ဒုံးကျည်တွေကို ခြေရာခံ လိုက်နိုင်တဲ့ အမေရိကန် စစ်သင်္ဘ࿿ော ကို ကိုရီးယား ကျွန်းဆွယ်နဲ့ ပိုနီးတဲ့ဆီ ရွှေ့ထားလိုက်ပြီလို့ ကာကွယ်ရေး ဌာန အရာရှိတွေက ပြောကြား ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။