Thursday, March 14, 2013

သားရွှေအိုးကိုမြင်စေမည့် လက်ပံတောင်းတောင်အစီရင်ခံစာနှင့်မယောင်ရာဆီလူးကြသူများ


သားရွှေအိုးကိုမြင်စေမည့် လက်ပံတောင်းတောင်အစီရင်ခံစာနှင့်မယောင်ရာဆီလူးကြသူများ
ညွှန့်အောင်(မြစ်မခ)

by Myit Makha Mediagroup on 14 Mar, 2013

 ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ၁၆၊၃၀ နာရီတွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်  စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို တင်သွင်းပြီး အစီရင်ခံစာအပြည့် အစုံကို မတ်လ(၁၂) ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။
 
ခေါင်းစဉ်ကြီး ၂၃-ခုခွဲကာ အပိုဒ်ပေါင်း ၉၆-ခု ဖြင့် ဖော်ပြထားပါသည်။
 
ကော်မရှင်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၃)ရက်က ဖွဲ့စည်းပေးခဲ့ပြီး မတ်လ (၁၁)ရက်နေ့တွင် အစီရင်ခံစာတင်သွင်းသဖြင့် အကြမ်းအားဖြင့် ရက်ပေါင်း ၁၀၀-အတွင်း ကော်မရှင်တာဝန်ပြီး စီးအောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
  အဆိုပါ အစီရင်ခံစာတွင်
·         ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ပညာရှင် ဖိတ်ခေါ် ပါဝင် ဆောင်ရွက်ချက်များ၊ တွှေ့ရှိချက်များ၊ သုံးသပ်ချက်များ နှင့် အကြံပြုချက်များကို· နောက်ခံသမိုင်း၊ လူမှုရေး၊ စီပွားရေး၊ ဒေသခံပြည်သူလူထု၏ နစ်နာမှု နှင့် ခံစားချက်များ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာလေထု၊ ရေထု( မြေပေါ် နှင့် မြေအောက်)၊ သစ်တောသစ်ပင်၊ သက်ရှိတိရစ္ဆာန်၊ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများအပေါ် နည်းပညာ၊ သိပ္ပံပညာ၊ လူမှုသိပ္ပံပညာ၊ စီးပွားရေးပညာ၊ ဘဏ္ဍာရေးပညာရပ် စသည့် ဘက်ပေါင်းစုံ ကိုအခြေခံလျက်
 
·         အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ နိုင်ငံတော် ဂုဏ်သိက္ခာ၊ ပြည်သူလူထုစီပွားရေးနစ်နာမှု ဖြေရှင်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဘာသာရေးအဆောက်အဦများထိန်းသိမ်းရေး၊ တည်ဆဲတရားဥပဒေများ စိုးမိုးရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင်သစ်များရရှိရေး၊ နည်းပညာလွှဲပြောင်းရရှိရေး၊ နိုင်ငံတော်၏ သယံဇာတများကိုရေရှည်တည်တန့် ခိုင်မြဲစွာဖြင့် အကျိုးရှိစွာဖြင့် ထုတ်ယူသုံးစွဲနိုင်ရေး၊ လက်ရှိမျိုးဆက် သာမကနောင် လာနောက်သားများပါ အကျိုးခံစားနိုင်ရေးစသည့် ရည်ရွယ်ချက်ပေါင်းများစွာပါဝင်သည့် နည်းလမ်းကို
 
·        အိမ်နီးချင်း နိုင်ငံ၊ ပြည်သူ၊ အစိုးရ နှင့် တပ်မတော် တို့ မျက်နှာမပျက် ပါဝင် ယှဉ်တွဲ ပူးတွဲ ဆောင်ရွက်နိုင်စေရန် တင်ပြထားသော အစီရင်ခံစာတစ်ရပ် ဖြစ်ကြောင်း တွေ့မြင်ရသည်။

၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..


၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..



လက်ရှိ လက်ပံတောင်းတောင် အရေးမှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ မလုပ်ကြပါနဲ့.. ဒီခေါင်းဆောင်၊ ဒီလမ်းကို အားလုံးတားမြစ်တဲ့ ကြားထဲက ကျဉ်းတည်း၊ ကြပ်တည်းမှာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတယ် ဆိုကတည်းက ဘယ်အတွက်ကြောင့်ဆို တာ မေးစရာ မလို ပြည်သူအတွက် ဖြစ်သည်။ တိုင်းပြည်တာဝန် ယူထားပြီး ခေါင်းဆောင် ဆိုသည့် ပုဂ္ဂိုလ်များမှခေါင်းရှောင်ကြသည်...။ အစိုးရဟူသည့် ပုဂ္ဂိုလ်များသည် သိက္ခာမရှိစွာပင် ပြည်သူအပေါ် ထားသည့် မေတ္တာနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိ၊ အများပြည်သူ ထောက်ခံမှု မရှိသည့်အတွက်ကြောင့် ကိုယ်လုပ်ထားသည့် အလုပ်ကို တာဝန်မယူ ခေါင်းရှောင်ကြသည်..။ သတ်ကွင်းကို မဖြတ်ဝံ့ ဖြတ်ရန် လည်း နှလုံးရည်၊ လက်ရုံးရည်လည်းမရှိ..။
တခါတခါ လူမျိုးနဲ့ ယှဉ်ပြောရမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မည်။ ဒူးလောက်တင်မှ ရင်လောက်ကျသည်။ ရေကူးညာတင် စသည့် မြန်မာစကားပုံများရှိသည်..။ မည်သည့်အရေးတွင်မဆို ရည်မှန်းချက် အပြည့်ဆိုသည်မှာ ရှားလှသည်..။ အရှုံးထဲမှ အမြတ်ရှိနိုင်သလို၊ အမြတ်ထဲမှလည်း အရှုံးရှိနိုင်ပေသည်..။

အမိမဲ့သား၊ရေနည်းငါး ပမာဖြစ်ရသော လက်ပံတောင်းတောင် အစီရင်ခံစာ


အမိမဲ့သား၊ရေနည်းငါး ပမာဖြစ်ရသော လက်ပံတောင်းတောင် အစီရင်ခံစာ

 
ဦးဝင်းမျိုးသူ Facebook မှာ တင်ထားတဲ့ သူ့ရဲ့ သုံးသပ်ချက်ကို ကူးယူ ဖော်ပြပါတယ်။
        မျက်ကြည်လွှာထွက်သွားလို့ အရေးပေါ်မျက်စိခွဲစိတ်ထားရတာ ၂၁ ရက်ရှိသွားပါပြီ။
မျက်စိ အခြေအနေ တိုးတက်လာပေမဲ့ ဆရာဝန်က အပြည့်အဝအနားယူဖို့၊ မျက်စိကို အလွန်အကျွံအသုံး မချဘို့ ညွှန်ကြားထားပါတယ်။
 ဒီနေ့တော့ ဒါတွေကို မလိုက်နာနိုင်ပါဘူး။
လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာတယ်ဆိုလို့ ကျန်တဲ့မျက်စိ တစ်ဖက်နဲ့ ကြိုးစားပမ်းစား ဖတ်ကြည့်မိပါတယ်။
 ဖတ်ပြီးတဲ့ အခါမှာလည်း ရင်ထဲမှာ တစ်ဆို့ဆို့ကြီးခံစားရလို့ ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကို ချရေးမိပါ တယ်။
         ပထမဆုံးပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက်တွေဟာ တစ်ခုခုကို ထိန်ချန်ထားသလို ခံစားရပါတယ်။
 ပြောသင့်ပြောထိုက်တာတွေကိုမပြောဘဲ၊ ထိန်ချန်ပြီး မရုတ်မလွန် မြွေမသေ၊ ဒုတ်မကျိုးပြောနေသလိုမျိုးဘဲ ခံစားရတယ်။
စီမံကိန်းရဲ့အားနဲချက်တွေကို ပြုပြင်ပြီး စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုတာကို ဘယ်လိုမှ ဝေဖန်အပြစ်မပြောလိုပါဘူး။

Wednesday, March 13, 2013

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ မင်္ဂလာပါ - ကော်မရှင်


ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ မင်္ဂလာပါ - ကော်မရှင် 

လက်ပံတောင်း အစီရင်ခံစာနဲ့ပတ်သက်လို့ စာရေး ဆရာ ဦးကျော်ဝင်းရဲ့ သုံးသပ်ချက် ဆောင်းပါးတခုပါ။ 
ဂိမ်းသီအိုရီ
အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင် ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက် များနှင့်အတူ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြ သည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက် များကို ဖော်ပြလိုက်ပါသည်။
အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ် စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်း သိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြု သည်။ ကော်မရှင် ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။