စစ်တွေ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေ
by mmnewshub
နိရဉ္စရာသတင်းဌာန. ၃ရက်နေ့ မတ်လ ၂၀၁၃ — စစ်တွေမြို့ မာန်စီ ကျေးရွာ
အနီးရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ
ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။
ယခုလက်ရှိ ရရှိသော သတင်းအရ မာန်စီကျေးရွာ အနီးရှိ မွတ်ဆလင် ဒုက္ခသည်
စခန်းတွင် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များက ချာရီယာ ဥပဒေဖြင့်
တရားစီရင်မူများ ရှိနေရာ တချို့သူများမှာ သေဒဏ် အထိ အပြစ်ပေးခံနေကြရသည်ဟု
ဆိုသည်။
များမကြာမှီက အဆိုပါ စခန်းမှ ဦးအာလီမော် ဆိုသူ မွတ်ဆလင် လူကြီး
တစ်ဦးသည် ချာရီယာ ဥပဒေအရ သေဒဏ် အပြစ်ပေးခံခဲ့ရသည် ဆိုသော သတင်းများလည်း
ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်ဟု ဒေသ အာဏာပိုင် တစ်ဦးက ပြောသည်။
မြန်မာ အနောက်ဘက် နယ်စပ် သတိထား စောင့်ကြပ်ရန်လို
by mmnewshub
မြန်မာ နယ်စပ် အနီး စောင့်ကြပ်နေသော ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် ဘီဂျီဘီ တပ်သား တစ်ဦး။
နိရဉ္စရာသတင်းဌာန. ၂ရက်နေ့ မတ်လ ၂၀၁၃ —- ဘင်္ဂလာဒေခ်ျ့တွင် နိုင်ငံရေး
အခြေအနေ ရှုပ်ထွေးနေပြီး နေရာ အနှံ့အပြားတွင် ဆူပူ အကြမ်းဖက်မူများ
ပေါ်ပေါက်နေသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ကို အထူး သတိထား
စောင့်ကြပ်ရန် လိုအပ်နေကြောင်း နယ်စပ်နေ ဒေသခံ များက ပြောဆိုသည်။
ယခုအခါ မြန်မာ နယ်စပ်ဘက်သို့ အမည်မသိသူ လက်နက်ကိုင်များ ချဉ်းကပ်
ဝင်ရောက်မူများ ရှိနေပြီ လူနည်းစု ကျေးရွာများကို ဓါးပြတိုက်မူများလည်း
ရှိနေကြောင်း နတ်ကျောက်ဆရီမြို့နယ် အပိုင် ဗျိုင်းမတောက် ရွာသား တစ်ဦးက
ပြောသည်။
အထောက်အထား ခိုင်လျှင် မလက်တို လယ်များ ပြန်ရမည်
by Nyatasay
မလက်တိုကဲ့သို့ လယ်သိမ်းခံရသူများစွာ ရှိနေသေးသည် (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)
သိမ်းဆည်း ခံထားရသော လယ်ယာမြေများ ပြန်ရလိုမှုကြောင့် အဓိကရုဏ်း
ဖြစ်ပွားခဲ့သည့် မလက်တို ကျေးရွာအုပ်စုတွင် လယ်ယာမြေ ပိုင်ဆိုင်မှု
အထောက်အထား တင်ပြနိုင်ပါက လယ်သမားများအား လယ်ယာမြေများ ပြန်လည် ပေးအပ်မည်ဟု
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
ဆေးရုံဆေးခန်းများကို အမြန်ဆုံး ထောက်ပံ့ရန် လို
by Nyatasay
စရိတ်မျှပေး
ကျန်းမာရေးစနစ်ကို ပယ်ဖျက်ပြီး အမှန်တကယ် လိုနေသူများကို
အရည်အသွေးပြည့်မီသော လူထုကျန်းမာရေးဝန်ဆောင်မှုကို အခမဲ့ ပေးသင့် (ဓာတ်ပုံ –
Reuters)
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံဆေးခန်းများ၏
ပြည့်သူ့ကျန်းမာရေး ၀န်ဆောင်မှု အမှန်တကယ် ထိရောက်မှုရှိရန် အမြန်ဆုံး
ထောက်ပံ့ကူညီရန် လိုအပ်နေပြီဖြစ်ကြောင်း လူထုကျန်းမာရေးဝန်ထမ်းများက
ပြောဆိုလာကြသည်။
အင်းလေးတွင်နေထိုင်သည့် လူဦးရေ ၇ဝ ရာခိုင်နှုန်း၏ သွေးထဲတွင် ပိုးသတ်ဆေးများတွေ့ရ
by mmnewshub
image credit : Earthshots
The Myanmar Post News Journal, 1March 2013 —- အင်းလေးဒေသတွင် နေထိုင်သည့် လူဦးရေ၇ဝ ရာခိုင်နှုန်း၏ သွေးထဲတွင် ပိုးသတ်ဆေးများကို တွေ့ရသည်ဟု ယခင်က ကျန်းမာရေးလေ့လာဆန်းစစ်ခဲ့မှုများ ကြား သိရကြောင်း MOAG ဥက္ကဋ္ဌ ဦးင်းဦးကပြောသည်။
စိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိသာ အင်းလေးဒေသတွင်
သီးနှံဖျက်ပိုးများကျပါက သုံးစွဲလျက်ရှိ သော စိုက်ပျိုးရေးသုံး
ပိုးသတ်ဆေးများကြောင့် သီးနှံများသာမကဘဲ ယင်းပိုးသတ်ဆေးရည်များ
အင်းလေးကန်အတွင်းသို့ ကျရောက်ပြီး ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ခြင်း၊
ထိုရေများကို အမှီပြုသောက်သုံးနေကြသော လူများတွင် ကျန်းမာရေး
ဘေးဥပါဒ်များကျရောက်ခြင်း၊ အင်းလးကန်အတွင်းရှိ ကျက်စားလျက် ရှိသော
ရေနေသတ္တဝါများ သေကြေ ပျက်စီးမှု များလည်းရှိနေကြောင်း သိရသည်။
ဗန်းမော်မြို့တွင် မြန်မာငွေစက္ကူ အတုများ ပျံ့နှံ့
by mmnewshub
သျှမ်းသံတော်ဆင့်သတင်းဌာန . ၁ရက်နေ့ မတ်လ ၂၀၁၃ —- သစ်မှောင်ခို
လုပ်ငန်းနယ်ပယ်များမှ ဝင်ရောက်လာသည်ဟု ယူဆရသည့် ကျပ်ငွေ ငါးထောင်တန်နှင့်
တစ်သောင်းတန် အတုများ ယခုလ ၂၇ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်
စီးပွားရေး လုပ်ငန်းများအတွင်း ပျံ့နှံ့ဝင်ရောက်ခဲ့ရာ မြို့ခံများ အကြား
စိုးရိမ်မှုတိုးပွားနေကြောင်း သိရသည် ။
အိန္ဒိယမှ ပေးသည့် ချင်းပြည်နယ်ဖွံ့ဖြိုးရေး အကူအညီ အလဟဿ ဖြစ်မည်ကို ဒေသခံများ စိုးရိမ်
ချင်းတိုင်းရင်းသားကလေးငယ်တစ်ဦး
ရန်ကုန် (မဇ္ဈိမ) . ၂၈ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃ —- ချင်းပြည်နယ်
ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ အိန္ဒိယအစိုးရက ပေးအပ်မည့် ငွေကြေး
အကူအညီများသည် မြန်မာနိုင်ငံ၏ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တဆင့် ပေးအပ်မည်
ဖြစ်သောကြောင့် ထိုအကူအညီများအား တကယ်လိုအပ်သည့် နေရာတွင် အသုံးချခွင့်
မရဘဲ အဟောသိကံ ဖြစ်သွားမည်ကိုဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
“အိန္ဒိယအနေနဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီဖို့ ဆန္ဒရှိတာက ကောင်းပါတယ်။ ပိုပြီး အရေးကြီးတာကတော့ ဒေသတွင်းက လူတွေ ဘာအကျိုးကျေးဇူးမှ မခံစားလိုက်ရ မယ့် အဖြစ်မျိုးကို
ရှောင်လွှဲဖို့အတွက် အိန္ဒိယရဲ့ အကူအညီတွေ မဆိုင်သူတွေလက်ထဲ
ရောက်မသွားဖို့ပါပဲ” ဟု ဒေသခံ ချင်းလူမျိုး သင်းအုပ်ဆရာ တဦးက Chinland
Guardian သတင်းဌာနသို့ ပြောကြားခဲ့သည်။
မြန်မာနှင့် ဆက်သွယ်မည့် ကားလမ်းများအတွက် အိန္ဒိယက ဘဏ္ဍာရေးဝန်ကြီး အဆိုပြု
by mmnewshub
ချင်းပြည်နယ်၊
တီးတိန်မြို့နယ်အတွင်း ကားလမ်းတခုတွင် ဘီးမြုပ်လု ရွှံ့ဗွက်အတွင်းမှ
ဂျစ်ကားတစီး ရုန်းကန်နေသည်ကို တွေ့စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
နယူးဒေလီ (မဇ္ဈိမ) . ၁ရက်နေ့ မတ်လ ၂၀၁၃ —- မြန်မာနိုင်ငံနှင့်
ဆက်သွယ်သည့် နယ်စပ် ကားလမ်းများ ပြုပြင် ဖောက်လုပ်ရန် အတွက်
ကမ္ဘာ့ဘဏ္ဍာအရင်းများထံမှ အကူအညီများ တောင်းခံရန် အိန္ဒိယ ဗဟိုအစိုးရ
ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ ပါလီမန် ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်း
ပြောဆိုသွားသည်။