အင်းလေးတွင်နေထိုင်သည့် လူဦးရေ ၇ဝ ရာခိုင်နှုန်း၏ သွေးထဲတွင် ပိုးသတ်ဆေးများတွေ့ရ
စိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိသာ အင်းလေးဒေသတွင် သီးနှံဖျက်ပိုးများကျပါက သုံးစွဲလျက်ရှိ သော စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကြောင့် သီးနှံများသာမကဘဲ ယင်းပိုးသတ်ဆေးရည်များ အင်းလေးကန်အတွင်းသို့ ကျရောက်ပြီး ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ခြင်း၊ ထိုရေများကို အမှီပြုသောက်သုံးနေကြသော လူများတွင် ကျန်းမာရေး ဘေးဥပါဒ်များကျရောက်ခြင်း၊ အင်းလးကန်အတွင်းရှိ ကျက်စားလျက် ရှိသော ရေနေသတ္တဝါများ သေကြေ ပျက်စီးမှု များလည်းရှိနေကြောင်း သိရသည်။
”အင်းသူအင်းသားတွေက အင်းထဲက ငါးကိုစားတဲ့အတွက် အဆိပ်တွေရှိတဲ့ငါးကို စားသလိုဖြစ်ပြီး လူတွေရဲ့ခန္ဓာကိုယ်ထဲမှာလည်း အဆိပ်တွေဖြစ်လာတယ်။ စိုက်ပျိုးရေး အတွက် ပိုးသတ်ဆေးကို လျှော့သုံးဖို့ လိုလာတယ်။ အခုချိန်မှာ စီးပွားရေး နဲ့အသက်လဲမလားဆိုတဲ့ ပုံစံတောင် ဖြစ်နေတယ်”ဟု ဦးနှင်းဦးက အင်း လေးဒေသသို့ စိုက်ပျိုးရေးနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို ပြန်လည်ပြောပြသည်။
အဆိုပါဒေသသို့ သွားရောက် လေ့လာသူများသည် ယခင်က ယင်းဒသရှိ လူထု၏ ကျန်းမာရေးကို လေ့လာ ဆန်းစစ်ချက်များ ပြုလုပ်ခဲ့ရာ ဒေသအတွင်း နေထိုင်သူများ၏ ၇ဝ ရာခိုင်နှုန်းခန့်၏ သွေးထဲတွင် ပိုးသတ်ဆေး ၇ဝ ရာခိုင်နှုန်းခန့်တွေ့ရကြောင်း အင်းလေးကန်တွင် နေထိုင်ကြသော အင်းသားနှင့် ငါးအပြန်အလှန်စားသုံးမှု၊ အင်းလေးကန် အတွင်း ညစ်ညမ်းမှု ရေနေသတ္တဝါ များ ပျက်စီးဆုံးရှုံးမှုများအပြင် ဒေသခံများ၏ အသက်အန္တရာယ် ကိုပါ ထိခိုက်လာနိုင်ဖွယ် ရှိကြောင်း ယင်းက ပြောသည်။
————————––
MP khine
No comments:
Post a Comment