ဝန်ထုပ်ဝန်ပိုးကြီး ပိနေတဲ့ မြန်မာပြည်
by mmnewshub
VOA News, 1March 2013 —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
ဧပြီလကစမယ့် ဘဏ္ဍာရေးနှစ်မှာ အစိုးရအသုံးစရိတ် (၂၄) ရာခိုင်နှုန်း
စစ်တပ်အတွက် သတ်မှတ်တာကို လွှတ်တော်မှာ ဆွေးနွေးဝေဖန်မယ့်သူ မရှိကြောင်း
သိရှိရပါတယ်။ မြန်မာပြည်မှာ စစ်တပ်ရဲ့  အသုံးစရိတ်အများဆုံးဖြစ်နေတာ (၅၁)
နှစ်ရှိပြီဖြစ်လို့ ဓလေ့ထုံးစံဖြစ်နေတဲ့အတွက် မဆွေးနွေးတာ ဖြစ်နိုင်ပါတယ်။
လွှတ်တော်ထဲမှာ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းက အများစုဖြစ်နေလို့ စစ်စရိတ်ကို
မကန့်ကွက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ဆိုတဲ့
ဝန်ထုပ်ဝန်ပိုးကြီးကို တိုင်းပြည်ကထမ်းနေရတာ အနှစ် (၅၀) ကျော်သွားပါပြီ။
ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ
by သစ်ထူးလွင်
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော
ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက
၅ နာရီမှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့်
မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထားတယ်”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။
နန်းခင်ဇေယျာကို မြန်မာဘောလုံး အဖွဲ့ချုပ် သံတမန် ခန့်အပ်
by Nyatasay
ဂျပန်နိုင်ငံ၌
ကျင်းပခဲ့သည့် Miss International 2012 တွင် ထင်ရှားလာပြီး
“ပရိသတ်ရွေးချယ်မှုဆု” နှင့် “မစ္စ အင်တာနက် ဆု” ရခဲ့သူ အလှမယ်
နန်းခင်ဇေယျာကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) ၏ သံတမန်တဦးအဖြစ်
ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
MFF အနေဖြင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို အားပေးသည့် ပရိသတ်
လျော့ကျနေမှုကို ပြန်လည် မြင့်တက်လာစေရန် အဓိကထား၍ နန်းခင်ဇေယျာကို
ခန့်အပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး
တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။
ကြွက်လည်း ကြောက်ရ … အထက်လည်း ကြောက်ရ ရန်ကုန်ရဲတို့ ဘဝ
by Nyatasay
ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်က ကျောက်တံတား ရဲစခန်း ဝန်ထမ်းလိုင်းခန်းများကို မြင်ရစဉ် (ဓာတ်ပုံ – စတိဗ် တစ်က်နာ / ဧရာဝတီ)
အခွံနွှာပြီးသား အုန်းသီးလုံး အရွယ်အစားရှိတဲ့ အမွှေးထူထူ အနက်ရောင်
မြို့ကြွက်တွေကို လူတယောက် ဝင်ရုံသာဆံ့တဲ့ တန်းလျား ရေချိုးခန်းမှာ
သိုင်းကွက်နင်းသလို ရှောင်နေရတာက အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက်
မထူးဆန်းတော့။
ဒါ့အပြင် ကိုလိုနီခေတ် အချိန်ဝန်းကျင်ကတည်းက ဆောက်လုပ်ထားခဲ့တယ်လို့
မသေမချာ ကြားဖူးနားဝ သူသိထားတဲ့ မိသားစု ၄ ယောက် နေသာရုံ ဆယ်ပေပတ်လည်
အခန်းထဲမှာ အနှစ် ၃၀ နီးပါး နေခဲ့ရတာ ဟာ လည်း သူ့အတွက် နေသားကျနေပါပြီ။
မြန်မာ့စီးပွားရေး ဦးမော့ရန် အများကြီး လုပ်စရာလို
by Nyatasay
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်အတွင်း မြန်မာနိုင်ငံ ပါဝင်လာနိုင်ရေး အချိန်များစွာ ဖြေရှင်းယူရဦးမည် (ဓာတ်ပုံ – Reuters)
နိုင်ငံတကာမှ မျှော်လင့်ထားသည်ထက် မြန်မာ့စီးပွားရေး
ပြုပြင်ပြောင်းလဲရေး အရှိန်ပိုမြန်နေခြင်းနှင့်အတူ တိုင်းပြည်စီးပွား
ပြန်လည်ဦးမော့စေရေး ခိုင်မာသော အခြေခံကောင်းများ ချမှတ် ဆောင်ရွက်ရာ တွင်
နေပြည်တော်အစိုးရ၏ သန္နိဌာန်နှင့် အားထုတ်မှုများအပေါ် အမေရိကန်နှင့်
အိုင်အမ်အက်ဖ်ရှိ ကျွမ်းကျင်သူတို့က ချီးမွမ်းကြသော်လည်း လုပ်စရာ
မြောက်မြားစွာ ကျန်နေသေးကြောင်း ပြော ဆိုကြသည်။