Monday, February 25, 2013

မဆလခေတ် ပညာရေးကို စမ်သပ်တာဝန်ယူခဲ့သူ ဒေါက်တာညီညီ ၏ အမှား၂-ခုမှ တခုဝန်ခံချက်....


မဆလခေတ် ပညာရေးကို စမ်သပ်တာဝန်ယူခဲ့သူ ဒေါက်တာညီညီ ၏ အမှား၂-ခုမှ တခုဝန်ခံချက်.... 

ဘယ်အချက်တွေမှာ မှားခဲ့တာလဲ ဆရာ။
ပထမဆုံးအချက်က သင်နည်းစနစ် မှားတယ်ပေါ့ဗျာ။ အင်္ဂလိပ် စာသင်ရိုးတစ်အုပ်လုံးက စာဖတ်တာနားလည်ဖို့ (Reading Comprehension)  ကိုပဲ အသားပေးထားတာလေ။ အမှန်မှာက အပြောတတ်ရေးကို ဦးစားပေးရမှာ။ ကျွန်တော်တို့က အင်္ဂလိပ်စာကို ဖတ်တတ်ရင်တော်ပြီ။ အင်္ဂလိပ်လို ရေးတာသား တာကို နားလည် ရင်တော်ပြီ။
အင်္ဂလိပ်လို ကောင်းကောင်းဖတ်တတ်သွားရင် ခေတ်မီ ပညာရပ်တွေကို ကျွန်တော်တို့ ကျောင်းသားတွေ ကောင်းကောင်း နားလည်သဘောပေါက်နိုင်မှာပဲဆိုပြီး အဖတ်နားလည်ဖို့အတွက် ဖိလုပ်ခဲ့ကြတာ။ အဲဒါမှားပါတယ်။

ခေါင်းဆောင်ကောင်းဆိုတာ

ခေါင်းဆောင်ကောင်းဆိုတာ 
 တခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ အရမ်းကိုပင်ပန်းတာနဲ့ နေ့လည်နေ့ခင်းမှာ ခေတ္တ အိပ်စက်အနားယူတယ်။ သူအိပ်နေတဲ့အချိန်မှာ ဘေးကနေ မှူးမတ်တစ်ယောက်ကို ယပ်ခပ်ခိုင်းတယ်။ မှူးမတ်ကလည်း ဘုရင်ကြီးကို အိပ်ပျော်သွားသည့်တိုင်အောင် မရပ်နားဘဲ ခပ်ပေးရှာတယ်။ ဘုရင်ကြီးဟာ အချိန်အတော်ကြာတဲ့အထိ အိပ်ပျော်နေတာကြောင့် မှူးမတ်လည်း အိပ်ငိုက်လာတယ်။ နောက်ဆုံး ယပ်ခပ်ရင်းနဲ့ အိပ်ပျော်သွားတယ်။

အချိန်အတိုင်းအတာတစ်ခုကြာပြီးတဲ့အခါမှ မှူးမတ်နိုးလာတယ်။ နိုးလာတဲ့အခါမှာ မှူးမတ်အရမ်းကို လန့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်ကြီးက သူ့ကိုထိုင်ပြီး ယပ်ခပ်ပေးနေတယ်။ ချက်ခြင်းပဲ မှူးမတ်က ဒူးထောက်ပြီး ဘုရင်ကြီးကိုတောင်းပန်တယ်။ ဘုရင်ကြီးက မှူးမတ်ကို ပြန်ထခိုင်းတယ်။ နောက်ဘုရင်ကြီးက မှူးမတ်ကိုပြောတယ်။

(ဘုရင်ကြီး) ငါဟာ လူသားတစ်ယောက်ဖြစ်သလို မင်းဟာလည်း လူသားတစ်ယောက်ဖြစ်တယ်။
ငါအိပ်ချင်သလို မင်းလည်းအိပ်ချင်မှာပဲလေ။ ငါကိုယ်ချင်းစာပါတယ်။

ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်ရဲ့လက်အောက်ငယ်သားအပ်ါမှာ ကြင်နာသနားတတ်ရမယ်။ သူထမ်းနိုင်တဲ့ဝန်ကိုပဲ ထမ်းဆောင်ခိုင်းတတ်ရမယ်။

အားလုံးပဲ ပျော်ရွှင်ပါစေ။
www.facebook.com/jokecompany
dreamlover.org@gmail.com

ဘကြီးသက်

ငြိမ်းချမ်းရေး ယူထားသော်လည်း မင်းမဲ့စရိုက် ဆန်လွန်းသည် KIA သောင်းကျန်းသူ

ငြိမ်းချမ်းရေး ယူထားသော်လည်း မင်းမဲ့စရိုက် ဆန်လွန်းသည် KIA သောင်းကျန်းသူ 


ကချင်ပြည်နယ် မန်းဝိန်းကြီးဒေသတွင် တပ်မတော် နှင့် KIA သောင်းကျန်းသူ တို့ တစ်ဖက်နှင့် တစ်ဖက် တိုက် ခိုက်ခြင်းမပြုရန် ညှိနှိုင်းထားသောလည်း အချို့သော KIA သောင်းကျန်းသူများသည် လက်နက်အား ကိုးဖြင့် အပြစ်မဲ့သော တိုင်းရင်းသားများကို ရန်လိုတိုက်ခိုက်နေမှုများရှိနေပါသည်။

ကန့်သတ် ဥပဒေတွေနဲ့ မြန်မာ့မီဒီယာ




ကန့်သတ် ဥပဒေတွေနဲ့ မြန်မာ့မီဒီယာ 

ဦးသီဟစော
VOA News, 24February 2013  —- (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)  ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးဆင်ဆာအဖွဲ့ ဖျက်သိမ်းလိုက်ပြီမို့ ပုံနှိပ်မီဒီယာလောကမှာ အတော်အတန် လွတ်လပ်လာပြီလို့ ဆိုပေမယ့် ရေဒီယို၊ ရုပ်မြင်သံကြားအပါအဝင် တခြားကန့်သတ် ဥပဒေတွေနဲ့ ထုတ်ဝေခွင့် မှတ်ပုံတင်ကိစ္စတွေမှာ တင်းကြပ်မှုတွေရှိနေသေးတယ်လို့ မြန်မာသတင်းအယ်ဒီတာချုပ်ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုတိယ ဥက္ကဋ္ဌတဦးလည်းဖြစ်တဲ့ ဦးသီဟစော ကို ဗွီအိုအေက တွေ့ဆုံမေးမြန်း ထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။