မဆလခေတ် ပညာရေးကို စမ်သပ်တာဝန်ယူခဲ့သူ ဒေါက်တာညီညီ ၏ အမှား၂-ခုမှ တခုဝန်ခံချက်....
ဘယ်အချက်တွေမှာ မှားခဲ့တာလဲ ဆရာ။ပထမဆုံးအချက်က သင်နည်းစနစ် မှားတယ်ပေါ့ဗျာ။ အင်္ဂလိပ် စာသင်ရိုးတစ်အုပ်လုံးက စာဖတ်တာနားလည်ဖို့ (Reading Comprehension) ကိုပဲ အသားပေးထားတာလေ။ အမှန်မှာက အပြောတတ်ရေးကို ဦးစားပေးရမှာ။ ကျွန်တော်တို့က အင်္ဂလိပ်စာကို ဖတ်တတ်ရင်တော်ပြီ။ အင်္ဂလိပ်လို ရေးတာသား တာကို နားလည် ရင်တော်ပြီ။
အင်္ဂလိပ်လို ကောင်းကောင်းဖတ်တတ်သွားရင် ခေတ်မီ ပညာရပ်တွေကို ကျွန်တော်တို့ ကျောင်းသားတွေ ကောင်းကောင်း နားလည်သဘောပေါက်နိုင်မှာပဲဆိုပြီး အဖတ်နားလည်ဖို့အတွက် ဖိလုပ်ခဲ့ကြတာ။ အဲဒါမှားပါတယ်။ အမှန်လုပ်ရမှာက အပြော၊ ပြော နိုင်ဖို့ဦးစားပေးလုပ်ရမှာ။ (Speaking Skills) ကို ဖိလုပ်ရမှာ။ ဘာသာစကားတစ်ခုမှာ အဓိကကပြောဖို့ပဲလေ။ ဘာသာစကားကို ကျွမ်းကျင်ဖို့ဆိုတာပြောတတ်ဆိုတ တ်မှပြောတာကိုနားလည်မှဖြစ် တာလေ။ အဲဒါကို ကျွန်တော်ရုရှားမှာကျမှပိုသဘောပေါက်သွားတာ။ ဟိုရောက်တော့သူတို့ ရုရှားပညာရေးဌာနက တာဝန်ရှိသူတွေနဲ့ ဆွေး နွေးကြည့်တော့ သူတို့ပြောတာကရှင်းတယ်။ ““ခင်ဗျားတို့ ဘာသာ စကားကိုသင်တယ်ဆိုတာမပြောတတ်ဘဲနဲ့ ဘယ်လိုလုပ်သင်လို့ရမှာ တုံး၊ ဘယ်လိုလုပ်ကျွမ်းကျင်မှာတုန်း”” လို့ ရှင်းပြကြတယ်။ မှန်ပါတယ်။ သူတို့ပြောတာ။
မင်းကိုနိုင် အင်္ဂလိပ်ညံတာပြောနေကြတယ်၊ ၁၉၆၂-နှစ်နောက်ပိုင်း အားလုံးနီးပါးညံသွားခဲ့ပါတယ်။
မှတ်ချက်။ ။ ခေါင်းဆောင်ဖြစ်ချင်ရင်တော့ ညံလို့မဖြစ်ပါ ညံရင်သူများနောက်လိုက်ဖြစ်သွားပါလိမ့်မယ်။
No comments:
Post a Comment