Sunday, February 24, 2013

အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ




အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ

အီကြာကွေးမှာ အမိုးနီးယား ပါဝင်လို့ဆို
BBC News, 22February  2013  —-  မြန်မာနိုင်ငံမှာ လူတွေနေ့စဉ် စားသုံးနေတဲ့ ငရုတ်သီးမှုန့်၊ လက်ဖက်နဲ့ ငါးပိရည် ကအစ ဝက်အူချောင်း၊ ပုဇွန်ခြောက် စတဲ့ စားသောက်ကုန် တွေထဲက တံဆိပ် အချို့ မှာ စက်ရုံလုပ်ငန်းသုံး ဓာတု ပစ္စည်းတွေ ပါဝင်နေ တယ်လို့ အစိုးရက ကြေညာ ထားတာ ရှိပေမယ့် ထိရောက်တဲ့ စစ်ဆေး အရေးယူမှု တွေကို အခုထိ မလုပ်နိုင်ဘဲ ရှိနေပါတယ်။

Friday, February 22, 2013

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)


ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ) 

 ဓာတ်ပုံ ဧရာဝတီ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

ကညနယာဉ် မှတ်ပုံတင်ဌာန(ကနဦး) မြင်သာ ရန်ကုန်တောင်ဉက္ကလာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် နိုင်ငံတော်မှ စေတနာထား၍  ပြည်သူအများ သက်သာချောင်ချိ နိုင်ငံတကာအဆင့်မှီ ကားများ  စီးနိုင်စေရန် စေတနာထား၍၊ ယာဉ်အိုဟောင်းအပ်ကာ အဆင့်မြင့် ယာဉ်များ သွင်းစေခြင်း၊ မော်ဒယ်မြင့်များ  နိုင်ငံခြားငွေစာရင်းဖြင့် သွင်းစေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ယင်းဌာန၏ ယာဉ်စစ်အင်္ဂျင်နီယာဌာန ယာဉ်စစ်ဆေးခြင်းအထိ  အဆင်ပြေချောမွေ့သော်လည်း၊ ကနဦးဌာနသို့ ရောက်ရှိ၍ အမှုတွဲ စဖွင့်သည်မှ စ၍ကိစ္စရပ်တိုင်းအား ငွေညှစ်ခြင်းငွေ   တောင်းခြင်းများကို လုပ်ငန်း၏ ဆောင်ရွက်မှု အဆင့်တိုင်းတွင် ယာဉ်မှတ်ပုံတင် စာအုပ်လက်ဝယ် ရောက်ရှိသည့် ဆောင်ရွက်ပေးသည့် စားပွဲတိုင်း ငွေလမ်းခင်းနေရပါသည်။

Thursday, February 21, 2013

ရန်ကုန်မှာ ယနေ့ရိုက်စားတရုတ်များ အများပြားရောက်ရှိနေ


ရန်ကုန်မှာ ယနေ့ရိုက်စားတရုတ်များ အများပြားရောက်ရှိနေ 



လူဦးရေသန်းတစ်ထောင်ကျော်တဲ့ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းဖြစ်နေတာ ခိုးဝင်တရုတ်ကိစ္စကို ဂရုစိုက်ပြီးမဖြေရှင်းရင် လူမျိုးပျောက်သွားပါမယ်။

" မလိုလားအပ်သော ဆိုးကျိုးများမဖြစ်ရလေအောင် ...... "
-----------------------------------------------------------------
ခု.... ရန်ကုန်မြို့ မှာ ရိုက်စားတရုတ်တွေ အများအပြား ရောက်နေပါတယ်
ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးလာတဲ့ခေတ်မှာရောက် လာတာမဆန်းပေမယ့် သူတို့  .. စိတ်ထဲမှာ မြန်မာပြည်ဟာ ဘာလုပ်လုပ် ရတယ် လို့ ထင်မြင်ယူဆနေကြတာကိုတွေ့ ရတယ် ..ဆိုလိုတာက တရားဝင်တာရော မ၀င်တာရော...လုပ်လို့ လွယ်တယ်ကောင်းတယ်
မြန်မာပြည်မှာ စံနူန်းသတ်မှတ်ချက်တွေ တိတိကျကျ မရှိဘူး ....
ဘာမဆို အလွယ်တကူလုပ်လို့ ရတယ် လို့ ထင်မှတ်နေကြပုံရတယ် ...
ခုတစ်လော ... ပြည်ကြီးတရုတ်တွေ တစ်ချို့ လမ်းဘေး မှာ တောင်
ကြက်ကင် ဘဲကင်ဆိုင်လေးတွေ လာဖွင့်ကြတယ်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။