Tuesday, January 22, 2013

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖတ်ဖို့


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖတ်ဖို့ 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။ 
 ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ ဒု အလုပ်သမားဝန်ကြီး ဦးမြင့်သိန်းက ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း အစိမ်းနုရောင် လက်မှတ်ကို ပြသနေစဉ် (ဓာတ်ပုံ - Bangkok Post)
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါ တယ်။ 
မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ 

အိုဘားမား ဒုတိယသက်တမ်း နဲ့ မြန်မာ့အရေး


အိုဘားမား ဒုတိယသက်တမ်း နဲ့ မြန်မာ့အရေး 


VOA News, 20 January 2013 —– (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်သူ ဦးဘိုလှတင့်နဲ့ သမ္မတ အိုဘားမားအနေနဲ့ သူ့ သမ္မတအစိုးရ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည်အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေနဲ့ ကျင့်သုံးဆောင်ရွက်လုပ်ကိုင်သွားမယ်ဆိုတာကို ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဒုတိယသက်တမ်းကို ကျမ်းသစ္စာကျိန်ဆိုမယ့် သမ္မတ အိုဘားမားအနေနဲ့ ဒီ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည်အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေ ကျင့်သုံးလာမယ်ဆိုတာကို ဆွေးနွေးထားပါတယ်။

Sunday, January 20, 2013

တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ


တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ 


(17 January 2013 ရက်စွဲပါ the Diplomat မှ David Cohen ရေးသားသော China’s Myanmar Problem ကို ဘာသာပြန်ဆိုပါသည်)
နိုင်ငံခြားမှဝေဖန်သုံးသပ်သူများက ယုံကြည်နေသည်မှာ ကချင်ပြည်နယ်တွင် မြန်မာက စစ်ဆင်ရေးပြုလုပ်နေသည်မှာ အဆိုပြုထားသော ရေလှောင်တမံနေရာများကို ထိန်းချုပ်မှု ရရေးဖြစ်သည်ဟူသည့်အချက်ဖြစ်သည်။ ထိုရေလှောင်တမံများကို မြန်မာပြည်သူများက မလိုလားသော်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအတွက်မူ အရေးကြီးနေပါသည်။

နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ်


နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ် 

From : မဇ္ဈိမ

Photo:
နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ နေရာအလိုက် ကွက်၍ အရောင်းအဝယ်များ ဆက်ဖြစ်နေကြောင်း သိရသည်။
“နေပြည်တော် အိမ်ခြံမြေ ဈေးကွက်ကြီး တခုလုံး အနေနဲ့ဆိုရင်ဈေးကွက် အေးပါတယ်။ နေရာ ကွက် အရောင်းအဝယ် ဖြစ်နေတာတွေကတော့ ရှိတယ်။ ရာဇဌာနီ လမ်းမကြီး အနီးပတ်ဝန်းကျင် က မြေကွက်တွေ အရောင်းအဝယ် ဆက်ဖြစ်နေတယ်” ဟု နေပြည်တော်ရှိ နှင်းထက်နိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင် ဦးဝင်းနိုင်ထွန်း က ပြောသည်။

Friday, January 18, 2013

တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ


တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ


(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)
အဓိက အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ဂျပန်နှင့် အိန္ဒိယ တို့သည် ယခုမှ တံခါးဖွင့်လာသော မြန်မာနိုင်ငံသို့ နေရာတစ်နေရာရရန် ဝင်ရောက်လာကြရာ မြန်မာနိုင်ငံတွင်နေရာယူထားသော တရုတ်၏ စီးပွါးရေးနှင့် မဟာဗျူဟာ အရ ခြေကုတ်ယူထားမှုမှာ လျော့ကျလာနေသည်ဟု သုံးသပ်သူများက ပြောပါသည်။

တရုတ်ကမြန်မာကိုလက်လွှတ်ဆုံးရှုံးရပြီလော


တရုတ်ကမြန်မာကိုလက်လွှတ်ဆုံးရှုံးရပြီလော


(16 Jan 2013 ရက်စွဲပါ Foreign Policy မှ Yun Sun ရေးသားသော Has China Lost Myanmar? ကို ဘာသာပြန်ပါသည်)
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနျစ် သမ္မတဦးသိန်းစိန် တက်လာပြီး လျှင်မြန်သောပြောင်းလဲမှုများ ပြုလုပ်လာ ကတည်းက တရုတ် အတွက် ပြဿနာ ဖြစ်လာခဲ့ပါသည်။ တရုတ်သည် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် အိမ်နီး ချင်းနှင့် အေးချမ်းသော ဆက်ဆံရေးရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတနှင့် နိုင်ငံခြားရေး မူဝါဒတွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်လုနီးပါးရှိခဲ့ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။