၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၁)
မဇ္ဈိမသတင်းဌာန
|
တနင်္လာနေ့၊ ဒီဇင်ဘာလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၈ မိနစ်
အမှတ်စဉ် (၁) အိုဘားမား၏ မြန်မာပြည် သမိုင်းဝင်ခရီးစဉ်

အမေရိကန်
သမ္မတ အိုဘားမားနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာလက ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ်။
(ဓာတ်ပုံ - NLD)
အာရှနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို
ဒေသဆိုင်ရာအဖွဲ့စည်းများတွင် ပါဝင်ရန် ဖိတ်ခေါ်ပါက အမေရိကန်နှင့်
ဥရောပနိုင်ငံများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရမည်ဖြစ်သည်။ သို့သော်
ယခုလိုဖြစ်ခြင်းက ယခင်ကဖြစ်ပြီး၊ အခုတော့ အနောက်နိုင်ငံများက
မြန်မာနိုင်ငံကို မျက်စိကျလာကြသည်။ နိုဝင်ဘာလအတွင်းက အိုဘားမား၏ သမိုင်းဝင်
မြန်မာနိုင်ငံခရီးစဉ်ကြောင့် အရှေ့အနောက် သမိုင်းဖြစ်စဉ်များကို
ပြန်တိုင်းတာကြည့်ရန် ဖြစ်လာ
သည်။