Wednesday, November 21, 2012

ဝန်ကြီးဌာနများ၏ ငွေအလွဲသုံးစားမှု အချိန်တခုထားပြီး ပြန်ပေးသွင်းရန် လွှတ်တော်တွင် သဘောတူ


ဝန်ကြီးဌာနများ၏ ငွေအလွဲသုံးစားမှု အချိန်တခုထားပြီး ပြန်ပေးသွင်းရန် လွှတ်တော်တွင် သဘောတူ 


DVB News, 20 November 2012  —-  အစိုးရဝန်ကြီးဌာနေတွရဲ့ ငွေအလွဲသုံးစားမှုတွေကို အချိန်တခုပေးပြီး နိုင်ငံတော်ကို ပြန်လည်ပေးသွင်းစေဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ပါတယ်။
ဝန်ကြီးဌာန ၁၅ ခုရဲ့ ငွေအလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်ထဲကျင်းပတဲ့ လွှတ်တော်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အရေးကြီးတွေ့ရှိချက်ဆိုပြီး အစီရင်ခံစာ တင်ပြခဲ့ပါတယ်။

ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရန် သံဃာနှင့် တောင်သူ သပိတ်စခန်းများ ဖွင့်


ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရန် သံဃာနှင့် တောင်သူ သပိတ်စခန်းများ ဖွင့် 

မန္တလေး၊ မုံရွာ၊ ပခုက္ကူ စသည့် မြို့နယ်များမှ သံဃာ အပါး ၃ဝဝ ကျော်၊ ဒေသခံ လယ်သမား တထောင်ကျော်နှင့် ပူးပေါင်းကာ ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရန် သပိတ်တား ဆန္ဒပြ (ဓါတ်ပုံ - OpenSociety Monywa)
ချင်းမိုင်၊ စံခလပူရီ (မဇ္စျိမ). ၂၀ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် သံဃာ အပါး ၃ဝဝ ခန့် အပါအဝင် လယ်မြေ သိမ်းခံ ၂၆ ရွာမှ လယ်သမားက သပိတ်စခန်း လေးခု ဖွင့်၍ လက်ပံတောင်း ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ဆန္ဒပြနေရာ အင်္ဂါနေ့တွင် လေးရက်မြောက်ပြီ ဖြစ်ကြောင်း ဆည်တဲကျေးရွာ အောင်မြေမြင်သာ ကျောင်းတိုက်မှ ဦးပဉ္ဇင်း ဦးနန္ဒာစာရ က မိန့်သည်။

သတင်းသမားများ သတင်းသွားယူရင်း ဖမ်းဆီး တရားစွဲခံရ


သတင်းသမားများ သတင်းသွားယူရင်း ဖမ်းဆီး တရားစွဲခံရ 


Burma Vj Media , 20 November 2012  —-  ဘားမားဗီဂျေမီဒီယာမှ သတင်းရိုက်ကူးသူ သတင်းသမား ကိုမျိုးကျော် (ခေါ်) ညီထွေးသည် New Day မီဒီယာမှ Freelance သတင်းသမား မကြည်ငြိမ်းသော်နှင့်အတူ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ကညွတ်အိုင် အင်းကိစ္စ သတင်းသွားယူရာ ၁၉-၁၁-၂၀၁၂ ညနေ ၄း၃၀ နာရီတွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် သဲခုံရွာမှအထွက် ပုသိမ်-ရန်ကုန်ကားလမ်းပေါ်တွင် ကျောင်းကုန်းရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့နှင့် တပါတည်း လိုက်ပါခဲ့ရန် ပြောဆိုကာ ပန်းတနော်ရဲစခန်းသို့ ခေါ်ယူခြင်း ခံခဲ့ရပြီး

ဆက်သွယ်ရေး ဥပဒေကြမ်းကို ဘယ်လိုသုံးသပ်လဲ


ဆက်သွယ်ရေး ဥပဒေကြမ်းကို ဘယ်လိုသုံးသပ်လဲ 


မဇ္စျိမသတင်းဌာန. ၂၀ရက်နေ့ နိုဝင်ဘာ ၂၀၁၂   —-   ဆက်သွယ်ရေး ဥပဒေကြမ်းကို ယခုလ ၇ ရက်နေ့က သတင်းစာတဆင့် ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့အတူ ၁၈၈၅  ခုနှစ်က The Myanmar Telegraph Act 1885 နှင့် The Myanmar Wireless Telegraph Act 1934 ကို ရုပ်သိမ်းလိုက်ပါတယ်။ ၂ဝဝ၄ ခုနှစ်က နိုင်ငံတော် အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ လက်ထက် မှာ  ထုတ်ထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ကို ရုပ်သိမ်းထားခြင်း မရှိသေးပါဘူး။

နယ်စပ်ကုန်သွယ်ရေး တရားဝင်ထက် တရားမဝင်က ပိုများ


နယ်စပ်ကုန်သွယ်ရေး တရားဝင်ထက် တရားမဝင်က ပိုများ 


ရန်ကုန် မဇ္ဈိမ .၂၀ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  တရားမဝင် ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုများ သိသာစွာ တိုးတက်မှု မရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ထားဝယ် စီမံကိန်းတွင် လုပ်ငန်းရှင်များ ပူးပေါင်းရန် ဖိတ်ခေါ်မည်


ထားဝယ် စီမံကိန်းတွင် လုပ်ငန်းရှင်များ ပူးပေါင်းရန် ဖိတ်ခေါ်မည် 


ရန်ကုန် (မဇ္ဈိမ) . ၂၀ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-   ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နိုင်စွမ်းရှိသော လုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသော လုပ်ငန်းရှင်များအားလုံးကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်သွားရန် နိုဝင်ဘာလ ၁၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ peace palace တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် ရှင်နာဝပ် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မည့်သည့်နေရာတွင်မဆို ကား ဝယ်ယူနိုင်ခွင့်မူ ရောင်းဝယ်သူများ လိုလား


မည့်သည့်နေရာတွင်မဆို ကား ဝယ်ယူနိုင်ခွင့်မူ ရောင်းဝယ်သူများ လိုလား 


ရန်ကုန် မဇ္ဈိမ . ၂၀ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-   ပြည်တွင်းတွင် အမှန်တကယ် အသုံးပြုသူများ အတွက် မည်သည့်နေရာ ဒေသ တွင်မဆို
မော်တော်ယာဉ် ဝယ်ယူနိုင်ခွင့်မူချပေးသင့်ကြောင်း မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီကြီးများက ဆိုသည်။

“ကားတစီးပဲ လိုချင်ချင်၊ နှစ်စီးပဲ လိုချင်ချင် ပြည်ပကို လှမ်းမှာရတာ ဝယ်ယူ သုံးစွဲသူတွေအတွက် အခက်အခဲ အတားအဆီး ဖြစ်စေပါတယ်။ အမှန်တကယ် သုံးစွဲလိုသူတွေအတွက် ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဝယ်ယူနိုင်ခွင့်မူကို ချပေးသင့်ပါတယ်” ဟု ရွှေယမုံ ကားအရောင်းပြခန်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းအေး က ပြောသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။