ရခိုင် – ကမန် အကြမ်းဖက် ပဋိပက္ခ
by mmnewshub
Rakhine riot
VOA News, 7November 2012 —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကာလကြာရှည်စွာ အတူရှင်တွဲ
နေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေနှင့် တိုင်ရင်းသား ကမန်တွေကြားမှာ
ဘာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့
ပြီးခဲ့တဲ့သတင်းတပတ်က ကမန်အမျိုးသားတစ်ဦးနှင့် မေးမြန်းခဲ့သလို
အခုတပတ်မှာတော့ ရခိုင်အမျိုးသား ဦးဘချမ်းဖြူ နှင့် ဦးကျော်ဇံသာက
ဆွေးနွေးသုံးသပ်ပြထားပါတယ်။
နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း
by mmnewshub

Myitmakha Media Group, 8 November 2012 — နိုဝင်ဘာလဆန်းပိုင်းမှစ၍
ရခိုင်ပြည်နယ်၌ လက်နက်များသိမ်းဆည်းအပ်နှံရန် ညွှန်ကြားချက်
ထုတ်ပြန်ပြီးသည့်နောက် ဒေသန္တရလုပ် သေနတ်(
၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊
လေးခွ (၂၈၉)လက် သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ်
ရဲတပ်ဖွဲ့မှူုးရုံးမှ သိရသည်။
နိုင်ငံတကာ ဝေဖန်ချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်ထုတ်ပြန်
by mmnewshub
Myitmakha Media Group, 8 November 2012 — ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပြောဆိုနေသော ဝေဖန်ချက်
များအပေါ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ(၇)ရက်နေ့က ကြေညာချက် တစ်စောင်
ထုတ်ပြန်ခဲ့ကြောင်း ဒီချုပ်ပါတီလွှတ်တော် ကိုယ်စားလှယ် များထံက သိရှိရသည်။
ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ
by mmnewshub
နိရဉ္စရာသတင်းဌာန. ၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ကော့စ်ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရပြီး နောက် ပိုင်း
ပျောက်ဆုံးသွားသည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို
ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့
အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB ကို ကိုးကားပြီး 24 Bdnews
ကဖေါ်ပြသည်။
တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ
by mmnewshub
နိရဉ္စရာသတင်းဌာန. ၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- အောက်တိုဘာလ ၆ ရက်နေ့က
ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ မြန်မာဘက်မှ တပ်သား (၃) ဦးကို
အပေးအယူဖြင့် ပြန်လည် လွှတ်ပေးမည်ဟု လက်နက်ကိုင် အဖွဲ့မှ ကမ်းလှမ်းချက်ကို
မြန်မာ ဘက်က ပယ်ချလိုက်သည်ဟု မြန်မာ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက
နိရဉ္စရာသို့ ပြောကြားသည်။
သူတို့ပြောသော သူတို့အကြောင်း (Hpyen Num တို့ပြောတဲ့ သူတို့ဘ၀)
by mmnewshub

Myitmakha Media Group, 8 November 2012 —-
“ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က
လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ်တပ်ကို
ကျွန်တော်ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့ အသက် (၂၄)
နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။