Thursday, November 1, 2012

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ကြရန် UNFC နှင့် NCUB သဘောထားထုတ်ပြန်


အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ကြရန် UNFC နှင့် NCUB သဘောထားထုတ်ပြန် 


KIC News, 1 November 2012  —  မြန်မာနိုင်ငံတွင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ဂုဏ်သိက္ခာရှိသော ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင် ရွက်ကြရန် ရည်ရွယ်၍ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC  နှင့် ပြည်ထောင် စုမြန်မာနိုင်ငံ အမျိုး သားကောင်စီ-NCUBတို့က ယနေ့ ပူးတွဲသဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော် ပြင်ဆင် အတည်ပြု


ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော် ပြင်ဆင် အတည်ပြု  

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပစဉ်
VOA News , 1 October 2012  —   မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး လိုက်ပါပြီ။ နိုင်ငံတော် သမ္မတရဲ့ ပြင်ဆင်ချက်တွေနဲ့ ပြန်လည် တင်သွင်းလာတဲ့ ဒီဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အချိန် အတော်ကြာ ဆွေးနွေး မှုတွေ လုပ်ပြီးတော့မှ အတည်ပြုခဲ့တဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပြပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်၊ လွတ်လပ်တဲ့ဌာန တခုဖြစ်ဖို့ရှိ


မြန်မာနိုင်ငံဗဟိုဘဏ်၊ လွတ်လပ်တဲ့ဌာန တခုဖြစ်ဖို့ရှိ 

ဘဏ္ဍာရေး မကျွမ်းကျင်တဲ့ ဝန်ကြီးတွေ လက်အောက်မှာ ဆိုရင် လုပ်ရ ကိုင်ရ ခက်ခဲတယ်
BBC News, 1 November 2012  —-   မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာန အောက်မှာ မထားတော့ဘဲ သီးခြား လွတ်လပ်တဲ့ ဌာန တစ်ခု အနေနဲ့ သမ္မတရုံး အောက်မှာ ထားဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယက ဆီကို ပြီးခဲ့ တဲ့ သောကြာနေ့ က သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးရေးအကူအညီပေး


မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးရေးအကူအညီပေး

ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim
BBC News, 1 October 2012  — ကမ္ဘာ့ ဘဏ်က မြန်မာ နိုင်ငံကို ဒေါ်လာ သန်း ၈ဝ ဖိုး ဖွံ့ဖြိုးရေး အကူအညီ တွေ ပေးမယ်လို့ ပြောကြား လိုက်ပါတယ်။
ဘက်ဂျက်နဲ့ ပုဂ္ဂလိက ကဏ္ဍဍ ပြုပြင်ရေး တွေ အတွက် ဒေါ်လာ ၂၄၅ သန်းဖိုး ချေးငွေတွေနဲ့ အကူအညီ တွေကို လာမယ့် တနှစ်ခွဲ အတွင်း ထုတ်ချေး သွားမှာ ဖြစ်ပါတယ်။

ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ အထူးစိုးရိမ်


ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ အထူးစိုးရိမ်  

ဇွန်လ ပဋိပက္ခတွေ ဖြစ်ပြီးနောက်၊ မစ္စတာ ကင်တားနားဟာ ရခိုင်ဒေသကို ဇူလိုင်လ ၃၁ ရက်နေ့မှာ သွားရောက်ခဲ့
BBC News, 1 November 2012  —  ကုလသမဂ္ဂက မြန်မာ့အရေး ကျွမ်းကျင်သူ သုံးဦးက မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ လူမှု အဖွဲ့ အတွင်း တဘက်နဲ့ တဘက် အကြမ်းဖက် တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်ကြောင်း ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

အနောက်သံတမန်များ ရခိုင်သွားရောက်လေ့လာ


အနောက်သံတမန်များ ရခိုင်သွားရောက်လေ့လာ 

ရခိုင်ပြည်နယ်အကြမ်းဖက်ပဋိပက္ခကြောင့် ဒုက္ခရောက်သူပေါင်း ၅သောင်း ၈ထောင်ကျော်ရှိပါတယ်။
VOA News, 1 November 2012  —-  ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပိုပြီးသိရှိနားလည်ဖို့နဲ့ ဘယ်လို အကူအညီတွေ ပေးရမယ်ဆိုတာ သုံးသပ်ဖို့အတွက် ဗြိတိန်၊ အမေရိကန် နဲ့ Australia နိင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီးတွေ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေပါတယ်။

တရားမဝင် နယ်စပ် ကုန်သွယ်သူများကို အရေးယူမည်


တရားမဝင် နယ်စပ် ကုန်သွယ်သူများကို အရေးယူမည် 

နယ်စပ်ဖြတ်ကျော်သူများကို စစ်ဆေးနေစဉ်။
VOA News, 1 November 2012  —-  မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာန နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်ရေးဦးစီးဌာနက နေပြီးတော့ တရားမ၀င် ကုန်တင်ပို့မူတွေ ကျဆင်းရေးအတွက်နဲ့ စားသုံးသူတွေရဲ့ ဘေးအန္တရယ်ကို ကာကွယ်တဲ့အနေနဲ့   နိုဝင်ဘာလ ၁ရက်နေ့ကစပြီး တရားမ၀င် ကုန်သွယ်မှုကို တားဆီးမှုတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။