ALP ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင် (ဓာတ်ပုံ - ဘစောတင်/ ဧရာဝတီ)
နယူးဒေလီ (မဇ္ဈိမ) . ၂၆ရက်နေ့ အောက်တိုဘာ ၂၀၁၂ — လူဝင်မှုကြီးကြပ်ရေး
ဥပဒေကို တာဝန်ရှိသူများ အကောင်အထည် ဖော်ရာတွင် အားနည်းခဲ့၍ ယနေ့ပြဿနာများ
ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)က ပြောဆို
လိုက်သည်။
ထို့ကြောင့် စက်တင်ဘာလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်
လူထု အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး
ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ရန် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က
ပြောသည်။