Saturday, October 27, 2012

မီဒီယာ သမားများ ဖြောင့်မတ်တဲ့ ဂုဏ်ကို ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မီဒီယာ သမားများ ဖြောင့်မတ်တဲ့ ဂုဏ်ကို ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား 


ရွှေဟင်္သာသတင်းဌာန. ၂၆ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  “သတင်းတွေ ယူတဲ့အခါမှာ၊ သတင်းမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာက အခြေအနေတွေ သုံးသပ်တဲ့နေရာမှာ လေးလေးနက်နက်လုပ်ပါ၊ အပေါ်ယံကြော မကြည့်နဲ့။ လူတွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ အရှေ့အနောက် ညီလားဆိုတာ အမြဲစစ်ဆေးနေ၊ အဲတာ အရေးကြီးတယ်။ ဟိုတမျိုး အခုတမျိုး ဆိုတာက ဘယ်တော့မှ စိတ်မချရဘူး ဆိုတာ သိရမယ်။ နောက်ပြီးတော့ အပေါ်ယံကြောလေး ကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် နိုင်ငံ့ အကျိုး မပြုနိုင်ဘူး။ အမေကတော့ တချိန်လုံး သတိပေးနေတယ်။

အကြမ်းဖက်မှုတွေ အရေးယူဖို့ ဘန်ကီမွန်းတိုက်တွန်း


အကြမ်းဖက်မှုတွေ အရေးယူဖို့ ဘန်ကီမွန်းတိုက်တွန်း 

ရခိုင် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ရာကျော်ရှိ သွားပြီဖြစ်ပါတယ်
VOA News, 26 October 2012  —-  ရခိုင်ပြည်နယ်အတွင်းက ဥပဒေမဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိဖို့ မျှော်လင့်တယ်လို့ သူ့ဆန္ဒကို ပြောသွားပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း ၆၀ ကျော် သေဆုံး


ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း ၆၀ ကျော် သေဆုံး 

ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု ၆၀ ကျော်သွားပြီဖြစ်ပါတယ်
VOA New ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူပေါင်း ၆၀ ကျော် ရှိနေပြီး၊ ဒုက္ခရောက်နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူကပြောပါတယ်။ နေရေးထိုင်ရေး အတွက် စီစဉ်ပေးနိုင်ဖို့ကိုလဲ စပြီးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Eid နေ့ မကျင်းပဖို့ အစ္စလာမ်အဖွဲ့တွေ ဆုံးဖြတ်


Eid နေ့ မကျင်းပဖို့ အစ္စလာမ်အဖွဲ့တွေ ဆုံးဖြတ် 

ရန်ကုန်မြို့ ဗလီတခုတွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေစဉ်
VOA News, 26 October 2012  —-  မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒီနှစ်ကျရောက်တဲ့ မူဆလင်တွေ အထွတ်အမြတ်ထားရာ ဘာသာရေး အစ်ဒ် ပွဲတော်ကို မကျင်းပတော့ဘူးလို့ အစ္စလာမ်အဖွဲ့က ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒီလိုမြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာရီမပြုလုပ်ဖြစ်တာဟာ နိုင်ငံတော်က တစုံတရာ တားဆီး ထားတာကြောင့်မဟုတ်ဘူး လို့ နိုင်ငံတော်သမ္မတရုံးက ပြောဆိုလိုက်ပါတယ်။

တရုတ်ဝန်ကြီးချုပ် သတင်းကြောင့် အင်တာနက်တင်းကျပ်



တရုတ်ဝန်ကြီးချုပ် သတင်းကြောင့် အင်တာနက်တင်းကျပ် 

တရုတ်ဝန်ကြီးချုပ် Wen Jiabao
VOA News, 26 October 2012  —  New York Times သတင်းစာမျက်နှာမှာ တရုတ် ၀န်ကြီးချုပ် Wen Jiabao မိသားစုရဲ့ ကျိကျိတက်ကြွယ်ဝချမ်းသာမှု သတင်းအသေးစိတ်ကို ဖော်ပြတဲ့ သတင်းပါပြီးတဲ့နောက် ၊ သောကြာနေ့ကတော့ New York Times အင်တာနက်စာမျက်နှာကို တရုတ်အစိုးရ စာပေစိစစ်ရေးအဖွဲ့က အမြန်ဆုံးပိတ်ပစ်လိုက်ပါတယ်။ ဒီသတင်းကြောင့် ရိုးသားပြီး စာနာတတ်သူ ပြုပြင်ပြောင်းလဲရေးသမားကြီး လို့ ပြည်သူတွေသိထားကြတဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ခြိမ်းခြောက်မဲ့ အန္တရာယ် ရှိနေတာကြောင့်ဖြစ်ပါတယ်။

တူရကီနိုင်ငံမှ စစ်လေယာဉ် ၂စီး ဆိုက်ရောက်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူမှ အသိပေးပြောကြား


တူရကီနိုင်ငံမှ စစ်လေယာဉ် ၂စီး ဆိုက်ရောက်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူမှ အသိပေးပြောကြား   PDF Print
Friday, 26 October 2012 18:42
AddThis Social Bookmark Button
တူရကီနိုင်ငံမှ စစ်လေယာဉ် ၂စီး အောက်တိုဘာလ ၂၅ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ညွှန်းကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ယင်း၏ Facebook စာမျက်နှာတွင် အသိပေး ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုအတွင်း သေဆုံးသူ တစ်ရာကျော်ရှိနေ


ရခိုင်ပြည်နယ် အကြမ်းဖက်မှုအတွင်း သေဆုံးသူ တစ်ရာကျော်ရှိနေ 

RFAရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်၂၀၁၂ခုနှစ်ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေးဘာသာရေးပဋိပက္ခမှုများဖြစ်ပေါ်နေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့စစ်တွေမြို့တွင်းကင်းလှည့် စောင့်ကြပ်နေစဉ်။
RFA News, 26 October 2012  —-  ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊ ဒဏ်ရာရသူအရေအတွက်ဟာ ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ-ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။