Wednesday, October 24, 2012

ကျောက်ဖြူမှ ဘင်္ဂလီများ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး


ကျောက်ဖြူမှ ဘင်္ဂလီများ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး 


နိရဉ္စရာသတင်းဌာန. ၂၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  —- ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် ဘင်္ဂလီ မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ



မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ  


Arakan Times, 24 October 2012  —-  မောင်တောမြို့နယ် ဝန်ထမ်းများနေထိုင်သည့် ဖက်ဝန်းချောင်းကျေးရွာတွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်နေကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့သွားရောက် အကြောင်းကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ ဒေသခံက “ဘင်္ဂလီတွေရဲ့ အင်အားစုစည်းနေတဲ့ အခြေအနေကို တွေ့တဲ့အတွက် ဒေသခံရဲကို သွားပြီးအကြောင်း ကြားပါတယ်။ အကြောင်းကြားတော့ ရဲကပြောတာက ပြဿနာဖြစ်တဲ့အခါမှ လာခဲ့မယ်လို့ပြောပါတယ်။ ပြဿနာမဖြစ် သေးတဲ့အတွက် မလာဘူးဆိုတဲ့သဘောပေါ့။

မြောက်ဦးမြို့အဓိကရုဏ်းအတွင်း စစ်တွေသို့ဆေးကုသရန် ရောက်ရှိနေသူများစာရင်း


မြောက်ဦးမြို့အဓိကရုဏ်းအတွင်း စစ်တွေသို့ဆေးကုသရန် ရောက်ရှိနေသူများစာရင်း 


Arakan Times, 24 October 2012  —-  မြောက်ဦးမြို့နယ် ပုရိန်ရွာနှင့်  ယိုင်သည်ရွာတို့မှ ဘင်္ဂလီများတိုက်ခိုက်မှုကြောင့် စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေရသည့် ဒါဏ်ရာရ ရခိုင်တိုင်းရင်းသားများအား အာရ်ကန်တိုင်းမ်စ်သို့ သတင်းပေးပို့ချက်အရ ဖော်ပြပေးလိုက်ရပါသည်။

မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားလျှက်ရှိ


မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားလျှက်ရှိ 


Arakan Times, 24 October 2012  —-  မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဖြစ်ပွားနေသော အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုများ ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ယနေ့တိုက်ခိုက်မှုမှာ နေ့လည် (၁)နာရီခန့်၌  မြောက်ဦးမြို့အနီးတွင်ရှိသော ရခိုင်ရွာတစ်ရွာသို့ ဘင်္ဂလီများ၏ အကြမ်းဖက်မီးရှို့ရန် ဝိုင်းထားခြင်းကို ရခိုင်များကဝင်ရောက်တားဆီးရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။