ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော
တရားရုံး၌ မိမိယဉ်ကျေးမှုအရ တရားသူကြီးအား နှုတ်ဆက်နေပုံ
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁ရက်နေ့ အောက်တိုဘာ ၂၀၁၂ —- တရုတ်နိုင်ငံ ၌
ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ
အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့်
တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။“ သူက ခေါင်းဆောင်တယောက်ဖြစ်နေလို့ တာဝန်ယူတဲ့အနေနဲ့ အဖမ်းခံလိုက်တာဖြစ်တယ်လို့ ပြောတယ်။ အမှန်ဆို တရုတ် ၁၃ ဦးသတ်တာ သူမလုပ်ရဘူးလို့ ပြောတယ်။ အဖမ်းခံရတုန်းကလည်း သူနဲ့ အရင်းနှီးဆုံးပုဂ္ဂိုလ်၊ သူ့နဲ့အနီးကပ် ဆုံးလူကဘဲ သစ္စာဖောက်ပြီး အာဏာပိုင်တွေကို လမ်းပြခေါ်လာတာလေ” ဟု ၄င်း၏ ညီမတော်သူ နန်းညွန့်အေးက ဘန်ကောက်ပို့စ် အား ပြောပါသည်။
စိုင်းနော်ခမ်း၏ ညီမ နန်းညွန့်အေးသည် အစ်ကိုဖြစ်သူနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့က စကားပြော ခွင့်ရခဲ့သည်ဟု ဆိုပါသည်။
စိုင်းနော်ခမ်းအား တရုတ်အစိုးရက ပြစ်ဒဏ်မစီရင်သေးသည်မှာ ၄င်းတို့လိုချင်သော သတင်းအချက် အလက်များ မပြည့်စုံ သေး၍ ဖြစ်နိုင်ကြောင်း၊ သို့သော် ၄င်းကျူးလွန်ထားသော ပြစ်မှုမှာ ၂၈ မှုထက်မနည်း ရှိနေသဖြင့် ပြစ်ဒဏ်မှာလည်း သေဒဏ်ကျခံရဖွယ်သာရှိကြောင်းဒေသတွင်းလုံခြုံရေးအရာရှိတဦးကပြောပါသည်။
“စိုင်းနော်ခမ်းက သူပိုက်ဆံရှာနိုင်တုန်းကတော့ မြန်မာအာဏာပိုင်တွေထဲက အကြီးအကဲတွေရော၊ ဒေသခံကျေးလက် လူထု ကပါ သူ့ကိုအကာအကွယ်ပေးခဲ့ကြတယ်။ သူ့ကိုလည်း သျှမ်းရော်ဘင်ဟွဒ်(Robin Hood) လို့ တင်စားကြတယ်လေ။ သူ အဖမ်းခံရတုန်းက ပြန်လွှတ်ပေးဖို့ ရွာသားတွေကနေ သွားပြီးဆန္ဒပြကြ သေးတာဘဲ။ နောက်ပြီးသူက မြန်မာအာဏာပိုင် ထဲက ထိပ်သီးတွေနဲ့ လည်း ဝင်ထွက်ရင်းနှီးတဲ့လူဘဲ။ ဒါပေမယ့် ခုအဖမ်းခံရပြီးနောက်ပိုင်း သူ့ကို အရေးတယူအားပေး မေးမြန်း တဲ့လူမရှိတော့ သူစိတ်ညစ်နေတယ်” ဟု နန်းညွန့်အေးက ဘန်ကောက်ပို့စ်သတင်းစာ၌လည်း ပြောကြားပါသည်။
စိုင်းနော်ခမ်းသည် အသက် ၉ နှစ်ကတည်းက ကျောင်းမှထွက်၍ အလုပ်လုပ်ခဲ့ရသဖြင့် စာရေးတတ်ဖတ် တတ်ရုံသာ ရှိခဲ့ ကြောင်း ညီမ ဖြစ်သူကပြောကြား၏။ သို့သော် လူမှုဆက်ဆံရေး၌ အတော်အတန်ကောင်း မွန်သဖြင့် MTA အတွင်း စစ်မှုထမ်း စဉ် လားဟူရွာသားများနှင့် အသင့်မြတ်ဆုံးပေါင်းသင်းတတ်သူအဖြစ် အထက်အရာရှိများ၏ ချီးမွမ်း ခြင်းခံရကြောင်း ထိုစဉ် က လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါသည်။
ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့် ပတ်သက်ပြီး တြိဂံဒေသ မူးယစ် ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ -၂၁ ရက် နေ့တို့၌ ရုံးတင်စစ်ဆေးရာ ၄င်းနှင့်အတူ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် လားဟူအမျိုးသား ဂျဘိုး ၊ ဂျထိုးဘိုးနှင့် ဂျဆီးကား တို့ပါဝင်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ ကထုတ်လွင့်ဖော်ပြခဲ့သည်။ အဆိုပါသတ်ဖြတ်မှုနှင့်ပတ်သက်၍ မိမိလုံးဝ မသိရှိရကြောင်း စိုင်းနော်ခမ်းက ငြင်းဆိုခဲ့ပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအားတောင်းပန်၍ ဘတ်ငွေ သန်း ၃၀ လျော်ပေးရန် ကမ်းလှမ်းလိုက်သည်။ သို့သော်ယနေ့တိုင် ၄င်းအပေါ် တရုတ်အစိုးရက ပြစ်ဒဏ်မချရသေးပေ။
စိုင်းနော်ခမ်းသည် ထိုင်းနိုင်ငံမှ အမှု ၁၇ မှု ၊ မြန်မာအစိုးရမှ ၁၅ မှု၊ လောဝ် (လာအို) မှ ၇ မှု ၊ တရုတ်မှ ၂၉ မှု ဖြင့် စွဲချက် တင်ခံထား ရသူဖြစ်သည်။
သျှမ်းသံတော်ဆင့်
Just Keep Going, Mr.President
အိုင်စီး...အိုင်စီး...
သမ္မတကြီး နှင့် အမေ ဒေါ်စုတို့အား နောက်ပြန်မလှည့်စတမ်း ဒီမိုကရေစီ အပြောင်းအလဲဖေါ်ဆောင်ပေးနေသူများအဖြစ်ယုံကြည်လျက်ရှိပါ၏။
သန်း၆၀ကျော်သောပြည်သူတို့ရဲ့ မျှော်လင့်ချက် ဂုဏ်သိက္ခာရှိပြီး.ကြွယ်ဝချမ်းသာတဲ့ဒီမိုကရေစီမြန်မာ နိုင်ငံအဖြစ် မြင်စမ်းချင်လှပါပြီ။
သမ္မတကြီး..ကျန်းမာချမ်းသာလျက် အပြောင်းအလဲကို အချိန်တိုအတွင်း အလျှင်အမြန်ဖေါ်ဆောင်ပေးနိုင်ပါစေ.ကြောင်း...
ခဲ့ မည့် မြန်မာ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။၂၀၁၅ေ၇ွှးကောက်ပွှဲ
မှာဦးသိန်းစိန်ဝင်ပြိုင်ခဲ့ ၇င်မဲထည့် မည်လို့ ကတိပေးပါတယ်။
အရှိအတိုင်း လက်မခံနိုင်ရင်လည်း ရွေးချယ်ခွင့်မပေးတာက ပိုကောင်းပါတယ်။
အခုဟာက ကောက်ကျစ်ရာကျနေပါတယ်။
တာဝန်ရှိသူကိုယ်တိုင် စီမံတာမဟုတ်ရင် ပြန်ဆန်းစစ်စေချင်ပါတယ်။
လက်ပတောင်းတောင် စီမံကိန်းသာ သမ္မတကြီးရပ်ဆိုင်းကြည့်လိုက်၊ အာဘွားတွေ ဝိုင်းပေးလို့ဆံပင်တွေတောင် ပြန်ပေါက်လာမလားမသိ (ချစ်လို့စတာနော် စိတ်ဆိုးရဝူး)
I think that, you found warmly welcome from the
people. Would you please done straight & don't return
to military goverment.
I think, you can't find the word to present your feeling, rite?
ထောက်ခံရမှာပါ...
မေတ္တာရောင်ပြန်ဟပ်ပါတယ်.... ကြိုဆိုလိုက်ပါ
ကိုယ်မသိနိုင်တဲ့အရာတွေကို တွေးပြီး စေတနာမပျက်မိပါစေနဲ့...
ဆရာ လူထုဦးစိန်ဝင်း
သမ္မတကြီးလို တိုင်းပြည်သားကောင်းတွေ တကယ်ကိုနောက်ထပ်အများကြီးထွက်ပေါ်လာပစေဆုတောင်းပါတယ်။ သမ္မတကြီးဦးသိန်းစိန်တက်လာပြီးကတည်းက မမျှော်မှန်းဝံ့ခဲ့တဲ့အပြောင်းအလဲတွေ ၀မ်းသာစရာသတင်းတွေတစ်ခုပြီးတစ်ခု တိုင်းသူပြည်သားတွေမျက်ရည်လည်အောင်ဝမ်းမြောက်ရတာအခါခါ သိုးမဲ့ပုံပြင်နဲ့ နှိုင်းရယင် သိုးမဲအုပ်ထဲကထွက်လာတဲ့အထင်ရှားဆုံးသိုးဖြူပေါ့ ဗျာ။ တအုပ်လုံးကိုဖြူအောင်စွမ်းဆောင်မှာသံသယပင်မရှိသင့်ပါ။
ဒီလိုခေါင်းဆောင်တွေရှိတာအလွန်ပင်ဂုဏ်ယူမိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေအတွက်လည်း သာမာန်ပြည်သူတဦးအနေနဲ့ အထူးပင်ကျေးဇူးတင်မိပါတယ်။ ကျန်းမာချမ်းသာပါစေ။
လူအုပ်ကြီးတိုးဝှေ့ကြိုနေတာ ပြည်သူလူထုရဲ့ ဆန္ဒကို မြင်သာပါတယ်။
သို့ပေမယ့် တစ်ခြားနိုင်ငံမှာလို အသေခံဗုံးခွဲမယ့်သူမရှိလို့သာပေါ့ဗျာ။ တစ်ကယ်လို့ သမ္မတကြီးကိုလုပ်ကြံချင်တဲ့သူများရှိရင် အခုအခြေအနေက တစ်ကယ့် အကွက်ကောင်းဖြစ်နိုင်ပါတယ်။
သမ္မတကြီးရဲ့လုံခြုံရေးကို စိုးရိမ်မိလို့ပြောတာပါ။
လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်တခုပါ။
မှန်ရင် ထောက်ခံမယ်၊ မှားရင် ကန့်ကွက်မယ်၊ ခွင့်တူညီမျှတော့ ရှိရမှာပေါ့။
စိတ်မဆိုး၊ စိတ်မကောက်ကြေးပေါ့ဗျာ။
ရှေ့ဆက်ပြီး ပြည်သူချစ်တဲ့ သမ္မတကြီး ဖြစ်ပါစေလို့...
ဂုဏ်ယူပါတယ်သမ္မတကြီး
သမ္မတကြီးက ပြည်သူ့အပေါ်တကယ်ချစ်ရင် ပြည်သူ ကလည်းသမ္မတကြီးအပေါ် ပြန်ပြီး ချစ်မြတ်နိုးမှာပါ ။
တပ်မတော် အကြီးအကဲတွေနဲ့ တခြားဌာနဆိုင်ရာတွေ လည်း ပြည်သူ့ကို တကယ်ချစ်ရင်၊ ပြည်သူ့အပေါ်တကယ် မေတ္တာထားရင် ပြည်သူကပြန်ချစ်ဖို့၊ ပြန်မေတ္တာထားဖို့ ၀န်မလေးပါဘူး ... ။
သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အတုယူကြပါ ။
တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် လုပ်တဲ့သူနဲ့
ကိုယ်ကျိုးအတွက် အဖက်ဖက်လိမ်ဆင်နဲ့ တိုင်းပြည်နစ်နာအောင်ုလုပ်ခဲ့ကြတဲ့သူတွေ...
ကွာခြားမှုကို နားလည်လောက်ပါပြီ...
ကော်ဇောအနီကြီးတွေ ယူနီဖောင်းဝတ် လက်နက်ကိုင် တပ်မတော်သားသက်တော်စောင့်တွေ၊ အနက်ရောင်ကားတန်းတွေ ဘယ်လိုပဲစီစဉ်ထားပစေ အခုလို ပြည်သူတွေရဲ့ အပြုံးပီတိနဲ့ကြိုတာလောက်မခမ်းနားပါဘူး။
သမ္မတဂျီး အဲဒီ ချိုမြိန်မှုတွေရဲ့အရသာကို စတင်ခံစားတတ်နေပြီလို့ယူဆပါတယ်။ ဖြောင့်ဖြောင့်ကြီးသာဆက်သွားပါ ပြည်သူတွေ တသီကြီးလိုက်လာမှာပါ။
ဦးသိန်းစိန်ဆီမှာ ၁၀၀% နှုန်း ပြောဆိုလုပ်ပိုင်ခွင့်တွေရှိနေ ရနေပြီလို့မယုံသေးပေမဲ့ သူလုပ်ပေးထားတာတွေအတွက် အပြတ်အသတ်ကို လေးစားထောက်ခံပါတယ်။
ပြည်သူ့အသံနားထောင်တာ
မြစ်ဆုံအဖျက်လုပ်ငန်းကြီးကို ရပ်ပလိုက်တာ
နိုင်ငံခြားရောက်မြန်မာနိုင်ငံသားတွေ အခွန်လွှတ်လိုက်တာ
နိုင်ကျဉ်းတွေ လွှတ်ပေးတာ
ရခိုင်ထဲကို ခိုးဝင်နေတဲ့ ချီးစားခွေးတွေ ကို ချီးစားခွေးလိုသဘောထားတဲ့အကြောင်းပြောတာ