အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်သူများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆို |
|
|
Monday, 01 October 2012 13:01 |
လာရောက်ကြိုဆိုသူများကို
နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
ထိုသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့မှ ပါတီဝင်များ၊ အနုပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တိုင်းရင်းသားလူငယ်များ၊ Myanmar Egress သင်တန်းသားများနှင့်အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိများနှင့် ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
လာရောက်ကြိုဆိုသူများကို
နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတော်သမ္မတအား ကြိုဆိုနေသူများကိုတွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
ရခိုင်တိုင်းရင်းသူတစ်ဦးက ''ကျွန်မက ရခိုင်ပြည်နယ် စစ်တွေကပါ။ Myanmar Egress မှာ သင်တန်းလာတက်တာပါ။ အခုလို လာကြိုခွင့်ရတာ ၀မ်းသာပါတယ်။ ကြိုဆိုရမယ်လို့ မမျှော်လင့်ပါဘူး။ အခုလို အပြောင်းအလဲတွေလုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်မက တိုးတက်အောင်လုပ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုပါတယ်''ဟု ပြောပြခဲ့ပါသည်။
အထည်ချုပ်စက်ရုံ
အလုပ်သမများမှ နိုင်ငံတော်သမ္မတအား ဂုဏ်ပြုကြိုဆိုကြောင်း ဖော်ပြသည့်
ဆိုင်းဘုတ်များရေး သားနေစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
လှိုင်သာယာမြို့နယ် လက်ဝါးအထည်ချုပ်စက်ရုံမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက''မနက် ၇နာရီကတည်းက ရောက်နေတာပါ။ စက်ရုံက စီစဉ်ပေးမှုနဲ့ အခုလိုလာကြိုတာပါ။ အခုလိုလာကြိုရတာ အရမ်းဝမ်းသာပါတယ်။ သမ္မတကြီး အနေနဲ့ ဒီ့ထက်အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ လူနေမှုအဆင့်အတန်းတွေ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဆောင်ပေးမယ်လို့လည်း ယုံကြည်ပါ တယ်''ဟု ပြောပြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီအသင်းဝင်များမှ နိုင်ငံတော်သမ္မတအား
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ကြိုဆိုနေစဉ် ဓါတ်ပုံ -
အောင်ဇော်ထွန်း
နိုင်ငံတော်သမ္မဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလ ၂၄ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံတွင် ခေတ္တ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခြင်း အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင်ပြု လုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ဘင်္ဂလားဒေ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း၊ နယူးယောက်မြို့ရှိ အာရှအသင်းတွင် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ ပြည်ပမီဒီယာများနှင့် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာများနှင့် တွေ့ဆုံခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။ |
Just Keep Going, Mr.President
အိုင်စီး...အိုင်စီး...
သမ္မတကြီး နှင့် အမေ ဒေါ်စုတို့အား နောက်ပြန်မလှည့်စတမ်း ဒီမိုကရေစီ အပြောင်းအလဲဖေါ်ဆောင်ပေးနေသူများအဖြစ်ယုံကြည်လျက်ရှိပါ၏။
သန်း၆၀ကျော်သောပြည်သူတို့ရဲ့ မျှော်လင့်ချက် ဂုဏ်သိက္ခာရှိပြီး.ကြွယ်ဝချမ်းသာတဲ့ဒီမိုကရေစီမြန်မာ နိုင်ငံအဖြစ် မြင်စမ်းချင်လှပါပြီ။
သမ္မတကြီး..ကျန်းမာချမ်းသာလျက် အပြောင်းအလဲကို အချိန်တိုအတွင်း အလျှင်အမြန်ဖေါ်ဆောင်ပေးနိုင်ပါစေ.ကြောင်း...
ခဲ့ မည့် မြန်မာ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။၂၀၁၅ေ၇ွှးကောက်ပွှဲ
မှာဦးသိန်းစိန်ဝင်ပြိုင်ခဲ့ ၇င်မဲထည့် မည်လို့ ကတိပေးပါတယ်။
အရှိအတိုင်း လက်မခံနိုင်ရင်လည်း ရွေးချယ်ခွင့်မပေးတာက ပိုကောင်းပါတယ်။
အခုဟာက ကောက်ကျစ်ရာကျနေပါတယ်။
တာဝန်ရှိသူကိုယ်တိုင် စီမံတာမဟုတ်ရင် ပြန်ဆန်းစစ်စေချင်ပါတယ်။
လက်ပတောင်းတောင် စီမံကိန်းသာ သမ္မတကြီးရပ်ဆိုင်းကြည့်လိုက်၊ အာဘွားတွေ ဝိုင်းပေးလို့ဆံပင်တွေတောင် ပြန်ပေါက်လာမလားမသိ (ချစ်လို့စတာနော် စိတ်ဆိုးရဝူး)
I think that, you found warmly welcome from the
people. Would you please done straight & don't return
to military goverment.
I think, you can't find the word to present your feeling, rite?
ထောက်ခံရမှာပါ...
မေတ္တာရောင်ပြန်ဟပ်ပါတယ်.... ကြိုဆိုလိုက်ပါ
ကိုယ်မသိနိုင်တဲ့အရာတွေကို တွေးပြီး စေတနာမပျက်မိပါစေနဲ့...
ဆရာ လူထုဦးစိန်ဝင်း
သမ္မတကြီးလို တိုင်းပြည်သားကောင်းတွေ တကယ်ကိုနောက်ထပ်အများကြီးထွက်ပေါ်လာပစေဆုတောင်းပါတယ်။ သမ္မတကြီးဦးသိန်းစိန်တက်လာပြီးကတည်းက မမျှော်မှန်းဝံ့ခဲ့တဲ့အပြောင်းအလဲတွေ ၀မ်းသာစရာသတင်းတွေတစ်ခုပြီးတစ်ခု တိုင်းသူပြည်သားတွေမျက်ရည်လည်အောင်ဝမ်းမြောက်ရတာအခါခါ သိုးမဲ့ပုံပြင်နဲ့ နှိုင်းရယင် သိုးမဲအုပ်ထဲကထွက်လာတဲ့အထင်ရှားဆုံးသိုးဖြူပေါ့ ဗျာ။ တအုပ်လုံးကိုဖြူအောင်စွမ်းဆောင်မှာသံသယပင်မရှိသင့်ပါ။
ဒီလိုခေါင်းဆောင်တွေရှိတာအလွန်ပင်ဂုဏ်ယူမိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေအတွက်လည်း သာမာန်ပြည်သူတဦးအနေနဲ့ အထူးပင်ကျေးဇူးတင်မိပါတယ်။ ကျန်းမာချမ်းသာပါစေ။
လူအုပ်ကြီးတိုးဝှေ့ကြိုနေတာ ပြည်သူလူထုရဲ့ ဆန္ဒကို မြင်သာပါတယ်။
သို့ပေမယ့် တစ်ခြားနိုင်ငံမှာလို အသေခံဗုံးခွဲမယ့်သူမရှိလို့သာပေါ့ဗျာ။ တစ်ကယ်လို့ သမ္မတကြီးကိုလုပ်ကြံချင်တဲ့သူများရှိရင် အခုအခြေအနေက တစ်ကယ့် အကွက်ကောင်းဖြစ်နိုင်ပါတယ်။
သမ္မတကြီးရဲ့လုံခြုံရေးကို စိုးရိမ်မိလို့ပြောတာပါ။
လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်တခုပါ။
မှန်ရင် ထောက်ခံမယ်၊ မှားရင် ကန့်ကွက်မယ်၊ ခွင့်တူညီမျှတော့ ရှိရမှာပေါ့။
စိတ်မဆိုး၊ စိတ်မကောက်ကြေးပေါ့ဗျာ။
ရှေ့ဆက်ပြီး ပြည်သူချစ်တဲ့ သမ္မတကြီး ဖြစ်ပါစေလို့...
ဂုဏ်ယူပါတယ်သမ္မတကြီး
သမ္မတကြီးက ပြည်သူ့အပေါ်တကယ်ချစ်ရင် ပြည်သူ ကလည်းသမ္မတကြီးအပေါ် ပြန်ပြီး ချစ်မြတ်နိုးမှာပါ ။
တပ်မတော် အကြီးအကဲတွေနဲ့ တခြားဌာနဆိုင်ရာတွေ လည်း ပြည်သူ့ကို တကယ်ချစ်ရင်၊ ပြည်သူ့အပေါ်တကယ် မေတ္တာထားရင် ပြည်သူကပြန်ချစ်ဖို့၊ ပြန်မေတ္တာထားဖို့ ၀န်မလေးပါဘူး ... ။
သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အတုယူကြပါ ။
တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် လုပ်တဲ့သူနဲ့
ကိုယ်ကျိုးအတွက် အဖက်ဖက်လိမ်ဆင်နဲ့ တိုင်းပြည်နစ်နာအောင်ုလုပ်ခဲ့ကြတဲ့သူတွေ...
ကွာခြားမှုကို နားလည်လောက်ပါပြီ...
ကော်ဇောအနီကြီးတွေ ယူနီဖောင်းဝတ် လက်နက်ကိုင် တပ်မတော်သားသက်တော်စောင့်တွေ၊ အနက်ရောင်ကားတန်းတွေ ဘယ်လိုပဲစီစဉ်ထားပစေ အခုလို ပြည်သူတွေရဲ့ အပြုံးပီတိနဲ့ကြိုတာလောက်မခမ်းနားပါဘူး။
သမ္မတဂျီး အဲဒီ ချိုမြိန်မှုတွေရဲ့အရသာကို စတင်ခံစားတတ်နေပြီလို့ယူဆပါတယ်။ ဖြောင့်ဖြောင့်ကြီးသာဆက်သွားပါ ပြည်သူတွေ တသီကြီးလိုက်လာမှာပါ။
ဦးသိန်းစိန်ဆီမှာ ၁၀၀% နှုန်း ပြောဆိုလုပ်ပိုင်ခွင့်တွေရှိနေ ရနေပြီလို့မယုံသေးပေမဲ့ သူလုပ်ပေးထားတာတွေအတွက် အပြတ်အသတ်ကို လေးစားထောက်ခံပါတယ်။
ပြည်သူ့အသံနားထောင်တာ
မြစ်ဆုံအဖျက်လုပ်ငန်းကြီးကို ရပ်ပလိုက်တာ
နိုင်ငံခြားရောက်မြန်မာနိုင်ငံသားတွေ အခွန်လွှတ်လိုက်တာ
နိုင်ကျဉ်းတွေ လွှတ်ပေးတာ
ရခိုင်ထဲကို ခိုးဝင်နေတဲ့ ချီးစားခွေးတွေ ကို ချီးစားခွေးလိုသဘောထားတဲ့အကြောင်းပြောတာ