Friday, August 10, 2012

မြောက်ခေါင်းဆောင်ဇနီးရဲ့ လက်ကိုင်အိတ်


မြောက်ခေါင်းဆောင်ဇနီးရဲ့ လက်ကိုင်အိတ်

North Korean leader Kim Jong-un (R) accompanied by his wife Ri Sol-ju (C) during a visit to a sub unit of the Korean People's Army Unit 552.  North Korea's young first lady has been pictured sporting what appears to be a Christian Dior handbag, an image in stark contrast to widespread shortages elsewhere in the impoverished nation, it was reported in the South Korean media on August 8, 2012.
(AFP photo)

မြောက်ကိုရီးယားပြည်သူတွေ အငတ်ဘေးသင့်၊ ဆင်းရဲနွမ်းပါးကြပေမယ့် သူတို့ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အသစ်စက်စက်ဇနီးဖြစ်သူကတော့ တန်ဘိုးကြီး Dior အမျိုးအစား လက်ကိုင်အိတ်နဲ့ လူလုံးပြနေပါတယ်။
ဒီသတင်းကို တောင်ကိုရီးယား မီဒီယာများမှာလည်း အထူး ဖော်ပြနေကြတာပါ။ မြောက်ရဲ့သတင်းကို တောင်က မပြတ်စောင့်ကြည့် ဖော်ထုတ်တာကတော့ ထုံးစံပါပဲ။
လိုရင်း ဆက်ရရင် - ရဲဘော် ကင်ဂျုံအန်းကတော်ရဲ့ ဘေးက လက်ကိုင်အိတ်ဟာ အစစ်မှ ဟုတ်ရဲ့လား?
အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် သိက္ခာ အကြွေးကျနေပါပြီ။
လက်ကိုင်အိတ်ဟာ အစစ်ဆိုရင် ဒေါ်လာ ၁,၆၀၀ တန် ပါတယ်။ ပြည်သူတွေ ဗိုက်ချပ်နေချိန် ဘယ်ကရမှန်းမသိတဲ့ငွေတွေ သုံးပြတာဟာ သိက္ခာ ကျစရာပါ။
လက်ကိုင်အိတ်ဟာ အင် ဆိုရင်လည်း သိက္ခာ ကျစရာပါ။
သိက္ခာ အကြွေးကျတယ် ဆိုတာက ဒီလင်မယားမှာ သိက္ခာဆိုတာ မရှိတော့ဘူးလေ။ ဒီတော့ အကြွေး ပေါ့ဗျာ။
အာဏာရှင်လေး ရဲဘော် ကင်ဂျုံအန်းဟာ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ အာဏာရှင်ကြီးကင်ဂျုံအီးရဲ့ ချစ်လှစွာသောသား ဖြစ်ပါတယ်။
ကင်ဂျုံအီးငရဲပြည်သွားတော့ သားတော်မောင် ရဲဘော် ကင်ဂျုံအန်းက မြောက်ကိုရီးယားမှာ အော်တိုမစ်တစ် ခေါင်းဆောင် ဖြစ်လာပါတယ်။
ဖေဖေကင်ဂျုံအီးလည်း ပြည်သူ့ဘဏ္ဍာသုံးဖြုန်းတယ် ဆိုပေမယ့် လူမြင်အောင် ဘူး။ အိမ်ထဲ၊ သူ့ရထားထဲက ဥရောပဖြစ် ဇိမ်ခံပစ္စည်းတွေနဲ့ တွဲပြီး ဓာတ်ပုံရိုက်မခံပါဘူး။ဒီတော့ ရဲဘော်လေး ကင်ဂျုံအန်းက သူ့အဖေထက် ပိုပြီး ပွင့်လင်းတယ်လို့ ဆိုနိုင်တာပေါ့။
ဒီပို့စ်ကို ရန်ကုန် မြောက်ကိုရီးယားသံရုံးက ဆရာတွေ မဖတ်မိပါစေနဲ့လို့ ဆုတောင်းပါတယ်။ ရှော့ရှိတယ်။ သူတို့ သိသွားရင် ဒီဘလော့ကို ဘန်းဖို့ နေပြည်တော်ကို ဖိအားပေးနေအုံးမယ်။
ဟောဒါက မူရင်းသတင်းပါ -
N. Korea's first lady displays Dior-style handbag
AFP/ck
08 August 2012
SEOUL: North Korea's young first lady has been pictured sporting what appears to be a Christian Dior handbag, in stark contrast to widespread shortages elsewhere in the impoverished nation.
Ri Sol-Ju, the wife of leader Kim Jong-Un, was pictured accompanying him on a "field guidance trip" to an army unit.
It was unclear whether the bag was genuine or an imitation. South Korea's JoongAng Ilbo newspaper said Wednesday it would cost 1.8 million won (US$1,594) in Seoul.
Photos, carried by state television and the official news agency, show the couple applauding while seated together watching outdoor art performances by soldiers.
Ri is wearing a white dress with black top and next to her is a small handbag, apparently with the luxury brand's signature "D" metal tag.
The attractive and stylish young woman contrasts sharply with her husband, clad in his customary Mao-style dark suit, and with the army officers in olive drab uniforms and oversized peaked caps.
The photo was carried by state TV Tuesday night but the date of the field guidance trip was unclear.
The secretive communist state, in an unusual move, confirmed last month Ri is Kim's wife. Recent photos had shown the pair at public events together, sparking speculation about her identity.
Kim, believed to be in his late 20s, took over as leader after his father and longtime ruler Kim Jong-Il died last December.
Disclosure of his marriage is seen as part of efforts to stress his maturity in a culture which puts high priority on family life.
The country of 24 million has suffered severe food shortages since a famine in the mid-1990s killed hundreds of thousands.
UN agencies estimated last autumn that three million people would need food aid this year.

ပိုင်ဆိုင်တာ ဘယ်လောက်ရှိလဲ သိဖို့မလိုပါ တဲ့ ...


ပိုင်ဆိုင်တာ ဘယ်လောက်ရှိလဲ သိဖို့မလိုပါ တဲ့ ... 

(ဓာတ်ပုံ - ဧရာဝတီ)
အစိုးရအဖွဲ့ဝင်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာရေး ဆိုတာကို လွှတ်တော်မှာ စကားဦးသမ်းလိုက်တာ အကြီးအကျယ် ကန့်ကွက်ခံရပါတယ်။
ဒီအကြောင်း အစိုးရသတင်းစာမှာ သတင်းဖော်ပြထားတာကို အခုလို တွေ့ရပါတယ် -

အစည်းအဝေး (၁၄)ရက် မြောက်နေ့က တင်သွင်းခဲ့သော ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း နှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုနှင့် စပ်လျဉ်း၍
မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊
လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၊
မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း၊
မြန်အောင်မဲဆန္ဒနယ်မှ ဦးကျော်မြင့်၊
ဝါးခယ်မမဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စန်း၊
ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါက်တာဇော်မြင့်မောင်၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်၊
တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြသော ဗိုလ်မှူးကြီးခင်မောင်ထွန်း၊
ဗိုလ်မှူးကြီးအောင်မြင့်၊
နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုန်း၊
စမ်းချောင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်းနှင့်
ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးအောင်ဇင်တို့က ဆွေးနွေးကြရာတွင်
အဆိုရှင်၏ အဆိုပြုချက်များကို ဆောင်ရွက်ခြင်းအားဖြင့် ဒီမိုကရေစီကျင့်စဉ်များကို အထောက်အကူပြုမှာ ဖြစ်စေကြောင်း၊
ယင်းအဆိုအား ပြဋ္ဌာန်းလိုက်ပါက ထင်သာမြင်သာပွင့်လင်းမှု ရှိစေခြင်း၊ ပြည်သူတို့၏ ယုံကြည်မှုကို ရရှိစေခြင်း၊ နိုင်ငံတကာ၏ လေးစားယုံကြည်မှုကို ရရှိစေခြင်း၊ သန့်ရှင်းသော ဒီမိုကရေစီခေါင်းဆောင်များ ပေါ်ထွန်းစေခြင်း၊ အဂတိလိုက်စားမှုဖြင့် အလွဲသုံးစားမှုများ လျော့နည်းသွားစေခြင်းတို့ကို ဖြစ်စေနိုင်ပါကြောင်း။
လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းပပျောက်ရန် ဆောင်ရွက်မည်ဆိုပါက သမ္မတကြီးမိန့်ကြားထားသည့်အတိုင်း တာဝန်ရှိသူများက မိမိတို့ပိုင်ဆိုင်ထားသည့်ပစ္စည်းများကို မှန်မှန် ကန်ကန် စာရင်းပေးကြရန်လိုအပ်ကြောင်း။
အခြားနိုင်ငံများ၌လည်း ဒီမိုကရေစီရှင်သန်ကောင်းမွန်စေရန်အတွက် ယင်းသို့မှတ်တမ်းတင်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
လာဘ်ပေးလာဘ်ယူမှုသည် တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် ဌာနဆိုင်ရာအားလုံး၊ ဝန်ထမ်းအားလုံး အကျင့်ပျက်မှုကင်းရှင်းရေး အမိန့်ဥပဒေများ ပြဋ္ဌာန်းပြီး ထိန်းကျောင်းကြပ်မတ်ရန် လိုအပ်ပါကြောင်း၊
ဒီမိုကရက်တစ်ထိန်းကျောင်းမှု Check and Balance ရှိရန်လိုအပ်ပါကြောင်း၊
ပိုင်ဆိုင်မှုများသည် ရိုးရိုးသားသား ရှာဖွေရရှိထားခြင်းဖြစ်ကြောင်းကို စာရင်းဇယား မှန်မှန်ကန်ကန်ဖော်ပြမှတ်တမ်းတင်ထားခြင်းဖြင့် ရိုးသားဖြောင့်မတ်မှုကို ပြည်သူက အသိအမှတ်ပြုလာမည်ဖြစ်ပါကြောင်း၊
ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ယခုအဆိုပါအချက်အလက်များသည် မရှိမဖြစ် လိုအပ်ပါကြောင်း။
အဆိုတွင်ပါရှိသည့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ခွဲဝေအပ်နှင်းခြင်းခံရသည့် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို စာရင်းပြုစုထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရှိမည် ဆိုသည့်အတိုင်း ဆောင်ရွက်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ အား ကျော်လွန်နေသည်ကို တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ယင်းအဆိုအား ပြန်လည်သုံးသပ်သင့်ပါကြောင်း။
ယခုအဆိုအတိုင်း ဆောင်ရွက်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ ကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ခွဲဝေအပ်နှင်းခြင်းခံရသည့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသာမက တရားမျှတမှုနှင့် သာတူညီမျှဖြစ်စေရန် အတွက် ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာကို ခွဲဝေအပ်နှင်းခြင်းခံရသည့်ကော်မရှင်နှင့် ရေးရာကော်မတီဝင်များ၏ ပြည်တွင်းပြည်ပရှိ ပိုင်ဆိုင်မှုများကို စာရင်းပြုစုကာ ဖော်ထုတ်ကြေညာပြီး မှတ်တမ်းတင်ထားရှိသင့်ပါကြောင်းဖြင့် ဆွေးနွေးကြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ဆွေးနွေးရာတွင် ပြည်ထောင်စုသမ္မတ

 မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ တွင် နိုင်ငံတော်
သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းသော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ ဆုငွေနှင့် အခြားတန်ဖိုးများကို တန်ဖိုးနှင့်တကွ စာရင်း ပြုစုပြီး ပြည်ထောင်စုလွှတ်တော်အကြီးအကဲထံ စာရင်းပေးပို့ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
ဆင့်ပွားဥပဒေဖြစ်သောပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁ဝဝ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းသော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ ဆုငွေနှင့် အခြားတန်ဖိုးများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ရမည်ဖြစ်ကြောင်း၊
ပုဒ်မ ၁ဝ၁ တွင် လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁ဝဝ ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ ပါအတိုင်း ပြဋ္ဌာန်းထားသဖြင့် အခြေခံဥပဒေနှင့် ကိုက်ညီမှုရှိသော်လည်း ပုဒ်မ ၁ဝ၁ ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် အချက်ဖြစ်ပါကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်မဥပဒေဖြစ်ရာ ဆင့်ပွားဥပဒေများဖြစ်သည့် တည်ဆဲဥပဒေများသည် အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှသာ အတည်ဖြစ်ပါကြောင်း၊
ဥပဒေပြုအချုပ်အခြာအာဏာပိုင်က ဥပဒေပြုပြဋ္ဌာန်းသည်ဟု ဆိုစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေက အသေအချာခွင့်ပြုထားသည့် ရည်ရွယ်ချက်အတိုင်း (constitutionally desirable for certain purpose) သာ ပြဋ္ဌာန်းခွင့်ရှိပါကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိခြင်း၊ ပြဋ္ဌာန်းဥပဒေတစ်ရပ်သည် တရားမဝင်ဖြစ်နေခြင်း (unconstitutionality or illegality of the statute) များသည် ဥပဒေနှင့် ဆန့်ကျင်ပါကြောင်း၊ ဥပဒေမူသဘောလည်းရှိပါကြောင်း၊
သို့ဖြစ်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရာတွင် အခြေခံဥပဒေက အသေအချာခွင့်ပြုထားသည့် ရည်ရွယ်ချက်အတိုင်း လိုက်နာပြဋ္ဌာန်းကြရပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁ဝ၁ အရ လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ၊ လွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုသည့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့် ဥပဒေပြုရေးပိုင်း၌ ကြီးလေးသောတာဝန်များ ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများစာရင်းကို ရယူမည်ဆိုပါက အားလုံးမျှမျှတတ ဖြစ်စေရန် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ ၌ ဆောင်ရွက်လျက်ရှိသော အချုပ်အခြာအာဏာကို အပြန်အလှန်ထိန်းကျောင်းသည့် ပုဂ္ဂိုလ်များအားလုံး(all political exposed persons) ပါဝင်နိုင်ပြီး all inclusive ဖြစ်မည်ဟု သုံးသပ်ပါကြောင်း၊
သို့ဖြစ်၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများထံမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းရယူ သကဲ့သို့ လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ၊ လွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုသည့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ၊
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များထံမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများစာရင်းကိုရယူရန် သင့်မသင့်စဉ်းစားသင့်ပါကြောင်း။


ယခုတင်သွင်းသည့် အဆို၌ ပါရှိသည့် အချက်အလက်များသည် ရည်ရွယ်ချက်ကောင်းမွန်သဖြင့် မှတ်တမ်းတင်ထားသင့်ပါကြောင်း၊
အစိုးရအဖွဲ့အနေဖြင့် အဆိုနှင့်အညီ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များရှိနေပြီဖြစ်ရာ အားလုံးမျှမျှတတ ဖြစ်စေရေးအတွက် အထက်တွင် ဖော်ပြခဲ့သော ပုဂ္ဂိုလ်များ အားလုံး(all political exposed persons) အကျုံးဝင်စေရန် သင့်မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။
အဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် အဆိုအတည်မဖြစ်ကြောင်း ဆုံးဖြတ်သည်။

အစိုးရ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီ


အစိုးရ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီ 

Opions_01_00998kopမြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရခက်ခဲ နေပြီးဖြစ်ကြောင်း မြန်မာ အစိုးရက တမြန်နေ့ (သြဂုတ်လ ၈) ရက်နေ့တွင် သတိပေးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားခဲ့ပါသည်။ အစိုးရသည် ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်း၌ပင် မူးယစ်ဆေးဝါး အမှုပေါင်း ၃၄၂ မှု ဖေါ်ထုတ်နိုင်ခဲ့ပြီး ပါဝင် ပတ်သက်သူပေါင်း ၄၇၃ ဦးကိုလည်း  ဖမ်းဆီး ရမိသည်ဟု အစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေး ဌာန ၀န်ထမ်း တစ်ဦးက ဆိုပါသည်။
“ ဒီလိုပါဗျ။ စစ်တပ် ရံပုံငွေဆိုပြီး တပ်ဖွဲ့တွေ ကိုယ်တိုင်က လက်ကားလုပ်ပြီး၊ ဖြန့်နေတာရှိတယ်။ ပြီးတော့ လိုင်းကြေးပေး ပြီး လက်လီရောင်းနေတဲ့ သူတွေကလည်း သူတို့လူတွေပါဘဲ၊ ကျနော်မြင်တာက အခုပြောနေတဲ့အချက်ဟာ ၀ယ်သောက်တဲ့ ကလေးတွေနဲ့ ရောင်းရင် ဘယ်လိုလျင်းကပ်ရမလဲ ဆိုတာကို လွှတ်ပြီးစုံစမ်းခိုင်းလို့ ပြောရဲနေတာပါ။ တကယ်လို့ လိုင်း ကြေးတာမပေးဘူးဆိုရင်တော့ ဟဲဟဲ ထောင်ဒါဏ်က တန်းစီသွားလိမ့်မယ်။ ဒီတော့ဒီနေရာမှာ ပြောချင်တာက အစိုးရဆိုတဲ့ အဖွဲ့တွေကိုလည်း သိပ်မယုံဘူးဗျ။ သူတို့က လိုရင်တမျိုး မလိုရင်တမျိုး အခုလည်း ပြောကုန်ပြီးလေ- ဟု ရန်ကုန်မြို့ခံ တဦး က ပြောပါသည်။
အစိုးရသည် ပြီးခဲ့သည့် ရက်ပိုင်းက စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၁ သန်း ၄ သိန်း နဲ့ ဘိန်းဖြူ ပိဿာ ၇၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ခြင်းကြောင့် အစိုးရက စိုးရိမ်စရာဖြစ်လာသည်ဟု AFP ကဆိုပါသည်။  ဖမ်းဆီး ရမိသည့် မူးယစ်ဆေး ၀ါးများ၏ အများစုသည် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်တွင် ဖြစ်သော်လည်း ဖြန့်ဖြူးရောင်းချမှုသည် နိုင်ငံအနှံ့တွင် အလွယ်တကူ ၀ယ်ယူရရှိနေသည်ဟု အသုံးပြုသူများက ဆိုပါသည်။
Opion_ShanShan_02
ဘိန်းမစိုက်ရင် ထမင်းမစားရဘူး ဆိုတဲ့ ရှမ်းပြည်နယ်မှ
တိုင်းရင်းသားများ၏ ဘ၀ကို
ဝိုင်းဝန်းဖြေရှင်းပေးပါ
အစိုးရသည် မူးရစ်ဆေးဝါး နှိမ်နှင်းရေး၌ ခက်ခဲနေသည်မှာ နယ်စပ်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ၄င်းတို့၏ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်း တခုဖြစ်နေခြင်းကြောင့်ဟု အမြဲတမ်း စွပ်စွဲလေ့ ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကလည်း မူးရစ်ဆေးဝါး လုပ်ငန်းလုပ်ကို အစိုးရ တပ်ဖွဲ့ အပါဝင် ၄င်းတို့ ဖွဲ့စည်းပေးထားသော ပြည်သူ့စစ်များကလည်း ထုတ် လုပ်နေကြောင်း ဆိုနေပါသည်။
“အစိုးရကတော့ ဒီကိစ္စနဲ့ ပါတ်သက်နိုင်တဲ့ အဲဒီအဖွဲ့တွေကို သူတို့ စစ်ဆင်တော့မယ် ဆိုရင် ဆေးဝါးတွေကို ဖမ်းပြတယ်။ ပါတ် သက်တဲ့နိုင်ငံတွေနဲ့ ဆွေးနွေးတယ် လိုအပ်ရင် ကမ္ဘာ့ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ ဆွေးနွေးပြီး အကူအညီယူ တယ်၊ ဒီလိုမျိုးဝါဒဖြန့်ပြီး လုပ်နေကြပါတယ်။ အခုလည်း တနေ့က ထိုင်းမူးရစ် တိုက်ဖျက်ရေးနဲ့ ဆွေးနွေးတယ်၊ ပြီးတော့ အခု သူတို့ ဖမ်းပြတယ်၊ပြီးတော့ သတင်းထုတ်တယ်၊ ဒါဆိုရင် ရှမ်း၊ ၀နဲ့ မိုင်းလားအဖွဲ့တွေကို စစ်ဆင်ဖို့ ဖြစ်နိုင်သလို အကူအညီ ရ နိုင်မလားလို့ လုပ်စားကွက်တွေ ရှာတာလည်း ဖြစ်နိုင်တယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံအရပြောရင်” ဟုရှမ်းပြည် တိုးတက်ရေး ပါတီဝင် တဦးက ၄င်း၏အ တွေ့အကြုံကို ပြောပြပါသည်။
Shan_0009876မူးရစ်ဆေးဝါးတိုက်ဖျက်ရေးကို နိုင်ငံရေးလက်နက်မသုံးကြပါရန်
ဤကဲ့သို့သော ကစားကွက်မျိုး ဖန်တီး လာခဲ့သည်မှာ ကြာလှပြီးဖြစ်သည်ဟု ဆိုပါသည်။ ပြသနာအရင်းခံဖြစ်သော ဘ၀ရပ် တည်ရေးအတွက် မူးရစ် ဆေးဝါးကို မဖြစ်မနေ စိုက်နေရသည့် တိုင်းရင်းသားများ၏ ဘ၀ဖူလုံရေးကိုမူ တကြိမ် တခါမျှကူညီ ဆောင်ရွက်ခြင်း မရှိခဲ့ဟု ရှမ်းနိုင်ငံရေး သမား တဦးက ဆိုပါသည်။ 
မူးရစ်ဆေးဝါး ထုတ်လုပ်မှုသည် အစိုးရပေါ်လစီ ကစားကွက်တခု အဖြစ် ရှိနေဆဲဖြစ်ပြီး၊  ကုလသမဂ္ဂသည်လည်း အရင်းခံပြသနာကို တိုက်ရိုက် မဖြေရှင်းဘဲ အစိုးရ၏ လှည့်ကွက်၌သာ ထုတ်ပြောနေကြသည်ဟု ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်း သား လက်ကိုင် အဖွဲ့များက ဆိုပါသည်။ ယခုလည်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ခုနှစ် အတွင်း ၃ ဆ များလာသည်ဟုသာ ထုတ်ပြန် ထားပါသည်။ ပံ့ပျောက်ရေးအတွက် တိုင်းရင်းသားများနှင့် တိုက်ရိုက်ပူး ပေါင်းရန် ဖိတ်ခေါ်အပ်ပါကြောင်း တိုင်းရင်းသား အဖွဲ့များက ဆိုပါသည်။

ဦးသိန်းစိန် နဲ့ တူရကီဝန်ကြီး ဘာတွေပြောကြသလဲ


ဦးသိန်းစိန် နဲ့ တူရကီဝန်ကြီး ဘာတွေပြောကြသလဲ 

ဦးသိန်းစိန် နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu တို့ မနေ့က တွေ့ဆုံစကားပြောကြတဲ့ထဲက စိတ်ဝင်စားစရာကောင်းတာတွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
ဝန်ကြီးရဲ့ ပြောဆိုချက်ထဲ ပါဝင်တဲ့ OIC ဆိုတာ Organization of Islamic Cooperation အဖွဲ့ကို ဆိုလိုတာပါ။ နိုင်ငံ ၅၇ ခု ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
ဝန်ကြီး
ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ပြု၍ ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းဒေသ၏ ပကတိအခြေအနေကို သိရှိရလျှင် အခြားနိုင်ငံများသို့ တင်ပြရှင်းလင်းနိုင်မည့် အခွင့်အရေးရရှိ မည် ဖြစ်ပါကြောင်း၊
လာမည့် သီတင်းပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသအရေးကိစ္စကို ရှင်းလင်းတင်ပြပေးမည် ဖြစ်ပါကြောင်း။
နိုင်ငံတိုင်းတွင် လူမျိုးစုများ၊ ဘာသာကွဲများ တစ်ခါတစ်ရံ ပဋိပက္ခဖြစ်လေ့ရှိပါကြောင်း၊
မိမိတို့သည် လက်ရှိဖြစ်စဉ်အား လူသားချင်းစာနာထောက်ထားမှုဖြင့်ရှုမြင်ပါကြောင်း၊
အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ အားလုံးကို ကူညီထောက်ပံ့ရမည်ဖြစ်ကြောင်း၊
TICA၊ လခြမ်းနီအဖွဲ့အပြင်NGO အလှူရှင်များက ဒုက္ခရောက်နေသူများ အားလုံးကို ကူညီ ထောက်ပံ့လိုပါကြောင်း၊
လောလောဆယ်တွင် ရခိုင်ဒေသကိစ္စအတွက် တူရကီနိုင်ငံရှိ အလှူရှင်များထံမှ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၅ဝ ရရှိခဲ့ရာ မြန်မာနိုင်ငံမှ စားသောက်ကုန်များ၊ ဆေးဝါးများဝယ်ယူ၍ ဒုက္ခသည်များအား ဖြန့်ဝေပေးလိုပါကြောင်း၊
ရွက်ဖျင်တဲများ၊ အဆောက်အအုံများလည်း လှူဒါန်းလိုပါ ကြောင်း၊
ထပ်မံလှူဒါန်းလိုသူ အများအပြားရှိနေပါကြောင်း၊
မြန်မာနိုင်ငံအစိုးရက ရခိုင်ဒေသရှိ ဒုက္ခသည်များအား အစွမ်းကုန် ကူညီထောက်ပံ့နေမှုများကို အသိအမှတ်ပြုပါကြောင်း။
ယခုကဲ့သို့ အရေးကြီးကာလတွင် တစ်လွဲအသုံးချခံရမှုကို ဟန့်တားသွားရန် အရေးကြီးပါကြောင်း၊
နိုင်ငံတကာမှ အဖွဲ့အစည်းများကို ဖြစ်စဉ်ဒေသများသို့ လေ့လာခွင့်ပြုခြင်းဖြင့် တစ်လွဲအသုံးချ လှုံ့ဆော်မှုများကို ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊
မိမိသည် တူရကီနိုင်ငံက မြန်မာနိုင်ငံအပေါ် တစ်လွဲမြင်နေမှုများအား ကာကွယ်ပြောကြားခဲ့ပါကြောင်း၊
မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ သဟဇာတဖြစ်စွာ နေထိုင်နိုင်သော နိုင်ငံဖြစ်၍ အစ္စလာမ်သာမက အခြားဘာသာဝင်များပါ ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်သော နိုင်ငံဖြစ်ကြောင်းကို ပြသနိုင်သောနိုင်ငံဖြစ်သည်ဟု မိမိယူဆပါကြောင်း၊
လူသားချင်းစာနာမှု အကူအညီပေးအပ်ရန် ခွင့်ပြုခြင်းအားဖြင့် OIC နိုင်ငံများက အထင်အမြင်လွဲမှားမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဦးသိန်းစိန်
အဆွေတော်၏ အမြင်၊ အကြံဉာဏ်နှင့် ကူညီလိုမှုများကို ကြားသိရ၍ ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုကို နီးနီးကပ်ကပ် လေ့လာထားသော အဆွေတော်နှင့် ဆွေးနွေးရသည်မှာ များစွာ အကျိုးရှိပါကြောင်း။
အဆွေတော်တို့သမ္မတကြီး၏ ဖိတ်ကြားချက်အပေါ် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊
နှစ်ဖက် အဆင်ပြေချိန်တွင်လာရောက်လည်ပတ်နိုင်ရန် ကြိုးစားမည်ဖြစ်ပါကြောင်း၊
အလားတူ တူရကီနိုင်ငံ ဝန်ကြီးချုပ်၏ စကားလက်ဆောင် သယ်ဆောင်လာသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊
တူရကီနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်သူများ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းမှုအား အဆွေတော်မှတစ်ဆင့် စကားလက်ဆောင်ပါးလိုပါကြောင်း။
မိတ္ထီလာတွင်ရှိသော တူရကီစစ်သင်္ချိုင်းအား သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးထားပါကြောင်း၊ သရက်မြို့တွင်လည်း နောက်ထပ်စစ်သင်္ချိုင်းတစ်ခု ရှိသေးကြောင်း၊
ဒုတိယကမ္ဘာစစ်ကာလတွင် အသက်စွန့်ခဲ့ကြသည့် စစ်သည်များအား လေးစားဂုဏ်ယူပါကြောင်း၊
၎င်းတို့၏ စစ်သင်္ချိုင်းများအား ထိန်းသိမ်းစောင့်ရှောက်ပေးထားပါကြောင်း၊
စစ်သင်္ချိုင်းများ ပိုမိုကောင်းမွန်အောင် ပြုပြင်လိုသောဆန္ဒကို နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
အဆွေတော်နှင့်အတူ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ဒုက္ခသည်များအား ပေးအပ်ရန် ထောက်ပံ့ရေးပစ္စည်းများ ယူလာ၍ ကျေးဇူးတင်ရှိပါကြောင်း၊
ယင်းထောက်ပံ့ရေးပစ္စည်းများကို ဒုက္ခသည်များထံ စနစ်တကျ ဝေငှပေးအပ်သွားမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော နိုင်ငံဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး၊ လူမျိုးရေးကြောင့် ဖြစ်ပွားခြင်းမဟုတ်ပါကြောင်း၊
ယင်းပြဿနာသည် မိန်းကလေးတစ်ဦးကို အနိုင်အထက်ပြုကျင့် သတ်ဖြတ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါကြောင်း၊
ပြဿနာ၏အစသည် တရားမဲ့ပြုကျင့်မှုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊
အုပ်စု တစ်စုနှင့်တစ်စု ကလဲ့စားချေမှုများဖြစ်ပွားခဲ့၍ နှစ်ဖက်စလုံး ဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊
မိမိတို့အစိုးရက အချိန်မီထိန်းသိမ်းနိုင်ခဲ့ပြီး ထပ်မံ မဖြစ်ပွားစေရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေပါကြောင်း။
ယနေ့ သတင်းမီဒီယာများတွင် ဖြစ်စဉ်ထက် ပုံကြီးချဲ့၍ ဖော်ပြမှုများအတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊
အင်တာနက်တွင် အစုလိုက်အပြုံလိုက်သေဆုံးမှုကိုဖော်ပြနေမှုများသည် မိမိနိုင်ငံမှ ဖြစ်စဉ်များမဟုတ်ဘဲ အခြားနိုင်ငံမှသေဆုံးမှုများကို မိမိနိုင်ငံတွင်ဖြစ်ပွားသည့်သဖွယ် ဖော်ပြနေခြင်းသာဖြစ်ပါကြောင်း။
ဖြစ်စဉ်တွင် နှစ်ဖက်သေဆုံးမှုစုစုပေါင်းမှာ ၇၇ ဦးသာရှိပြီး ရခိုင်တိုင်းရင်းသား ၃၁ ဦးနှင့် ဘင်္ဂါလီလူမျိုး၄၆ ဦးသာ ဖြစ်ပါကြောင်း၊
နှစ်ဖက်ဒဏ်ရာရရှိမှုမှာ ဦးရေ ၁ဝဝ ဝန်းကျင်သာရှိပါကြောင်း၊
သို့သော် တစ်ဖက်နှင့် တစ်ဖက် ဒေါသအလျောက် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၄,၈ဝဝ ကျော် ပျက်စီး ဆုံးရှုံးသွားခဲ့ပါကြောင်း၊ ယင်းမှာ နှစ်ဖက် ဆုံးရှုံးမှုဖြစ်ပါကြောင်း၊
ယင်းသို့ နေအိမ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဒုက္ခသည် ၆ဝ,ဝဝဝ ကျော်ရှိခဲ့ရပြီး ယင်းဒုက္ခသည် များအတွက် ကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်လှစ်ပေးထားပါကြောင်း၊

ညွှန်း - မြန်မာ့အလင်းကြေးမုံ

ဆုံးမစာများ


ဆုံးမစာများ


ဓာတ်ပုံ- ၀ိမုတ္တိရသ


"ဆုံးမစာများ"


ဝ မရှိဘဲနဲ့  ၀ိမလုပ်ပါနဲ့ 
ခေါ်တိုင်းလည်း မသွားနဲ့ 
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ့ 
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။
စာနာတတ်သူသည် ရိုင်းရိုင်းပြပြပြောခဲ၏။

ကိုထွန်းဝေ (ဂျပန်) စုစည်းဖော်ပြသည်။

ပြုတ်သွားလည်း လုပ်စားဖို့ လွယ်တဲ့ မင်းသားကြီးကျော်ဆန်း


ပြုတ်သွားလည်း လုပ်စားဖို့ လွယ်တဲ့ မင်းသားကြီးကျော်ဆန်း 

မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးဆိုတဲ့ စာပေကင်ပေတိုင်ဆိုတာကြီး ပျက်သွားတဲ့သင်္ကေတ အနေနဲ့ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းလိုက်တဲ့ သတင်းထွက်ပေါ်လာပါပြီ။
မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမိန့်
အငြင်းပွားဖွယ်ရာများ ရှိနိုင်သော်လည်း
၁။ အစိုးရအရာရှိများ (ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိများ) မပါရှိခြင်း၊
၂။ စာနယ်ဇင်းသမားများ ကိုယ်တိုင် ရေးဆွဲရမည့် စာနယ်ဇင်းကောင်စီ ဥပဒေကြမ်း၊
၃။ ဥပဒေအရ ရပ်တည်သော ကောင်စီ ဖြစ်လာမည် ဖြစ်သောကြောင့် မည်သည့် အစိုးရဌာန၊ မည်သည့် ပုဂ္ဂလိက အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ် နှင့်မျှ သက်ဆိုင်ခြင်း မရှိသော သီးခြားလွတ်လပ်သည့် အဖွဲ့ အစည်း ဖြစ်လာခြင်း၊
၎။ ဥပဒေနှင့်အညီ၊ စာနယ်ဇင်းများ အားလုံး သဘောတူကျေနပ် လက်ခံ နိုင်သော ကောင်စီအသစ် ဖြစ်ပေါ်လာရေးသည် ဥပဒေကြမ်း ရေးဆွဲသည့် အချိန်ကာလအပေါ်တွင် မူတည်နေခြင်း စသည့် အချက်များကို တင်ပြလိုပါသည်။
အဓိကတင်ပြလိုသည့် အချက်မှာ စာနယ်ဇင်းလောက၏ အနာဂတ်သည် စာနယ်ဇင်းသမားများ၏ လက်ဝယ်တွင်သာ ရှိပါတော့မည် ဟူသော အချက်ပင် ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး တဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပါ ဖော်ပြချက်ပါ။
ဒါဆိုရင် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ဘာဖြစ်သွားပြီလဲ။
အခုရက်ပိုင်း အနံပြင်းပြင်းထွက်လာတဲ့ သတင်းတခုကတော့ ဇာတ်တော်တွေ ခင်း ငိုချင်းသည် ဦးကျော်ဆန်း တယောက် ပြန်ကြားရေး ၀န်ကြီး ရာထူးက ဖယ်ရှားပေးရမယ်ဆိုပဲ။
အရင် အလုပ်သမား ၀န်ကြီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် က ပြန်ကြားရေး ၀န်ကြီး တာဝန်ယူတော့မယ်တဲ့။
သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး သမားဖြစ်တာကြောင့် "လောကကို ပြုပြင်ပြောင်းလဲချင်သူဟာ မိမိ ကိုယ် မိမိ အရင် ပြုပြင်ပြောင်းလဲ ရမယ်" ဆိုတဲ့ အယူအဆအတိုင်း နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလည်း လုပ်ရတဲ့ပုံပါပဲ။
ဒီအတွက် ဦးကျော်ဆန်းကို ၀န်ကြီး တာဝန် ရပ်နားဖို့ ဖြုတ်ပစ်တာ လူမြင်မကောင်းတော့ သမ္မတက နုတ်ထွက် စာ တင်ဖို့ ပြောဆို တာကို ငြင်းပယ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။
မီးမရှိပဲ မီးခိုးမထွက်ဘူးဆိုတဲ့ စကားအတိုင်း ဒီကိစ္စဖြစ်နိုင်ခြေရှိပါတယ်။ အငိုသန်တဲ့ ဦးကျော်ဆန်းလည်း သမ္မတကြီးကို ငိုပြနေမှာပေါ့။

အခုဖြစ်ရပ်တွေက ဦးကျော်ဆန်းရဲ့ စာနယ်ဇင်းလောကကို ပုရွက်ဆိတ်အုံ တုတ်နဲ့ ထိုးဆွလိုက်သလို ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် အကန့်အသတ်မရှိ စာပေ ကင်ပေတိုင် ဆင်ဆာဘုတ်အဖွဲ့က ပိတ်လိုက်တာရဲ့ နောက် ဆက်တွဲ ဆိုပဲ။
သမ္မတနဲ့ နီးစပ်တဲ့ သူတွေ ရှယ်ယာပါတဲ့ The Voice Weekly နဲ့ Envoy ဂျာနယ် ၂ စောင်ကို ပိတ်လိုက်တာ ကလည်း သူ့ ရှေ့ကျား စာနယ်ဇင်း ဖျက်မြင်း ဦးမြတ်ခိုင်ရဲ့ ဂျာနယ်ကို တရားစွဲခဲ့လို့ လက်တုန့်ပြန်တဲ့ အနေနဲ့ လုပ်လိုက်တာလို့ လူတွေ ပြောနေကြတယ်။
ဒါဟာ အစိုးရ အဖွဲ့အတွင်းက အာဏာ လွန်ဆွဲပွဲရဲ့ ထင်ရှားတဲ့ သင်္ကေတလည်းဖြစ်မယ်ထင်ပါတယ်။ ဘာပဲ ပြောပြော ဂိုဏ်းမာအဖွဲ့ဝင်တွေ အာဏာနဲ့ ဝေးသွားပြီး ပြုပြင်ပြောင်းလဲရေး သမားတွေ ဆက်ပြီး ရှေ့ တန်းရောက်လာခြင်းဟာ သန်းခြောက်ဆယ်ကျော် မြန်မာနိုင်ငံသားတွေအတွက် ကောင်းတဲ့ လက္ခဏာပါ။
သေချာတာတော့ ပြန်ကြားရေး ၀န်ကြီးဖြစ်နေတဲ့ ဦးကျော်ဆန်းဟာ စားလို့ ၀ ရုံတင်မကပါဘူး။ နောက်ဆယ် သက်စားလို့ မကုန်အောင် ငွေမထည့်ပဲ ရှယ်ယာ ဝေစုတွေ စားနေရတာမို့ ဒီစားကျက်က မဖယ်ချင်ပါဘူး။
ဒါပေမယ့် ဦးကျော်ဆန်းက ၀န်ကြီး ရာထူး ပြုတ်သွားလည်း လုပ်စားဖို့ လွယ်ပါတယ်။ သူက အငိုကောင်း တယ်။
သူ့ရဲ့ အထင်ရှားဆုံး သတင်းစာ ဆရာတွေ ခေါ်ပြီး ငိုပြတဲ့ ပွဲတုန်းက ငိုချင်းကို ပရိတ်သတ်များ မှတ်မိမယ် ထင်ပါတယ်။ မနှစ်က သြဂုတ်လတွင်း လုပ်တဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။
သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်း မေးပါတယ်။ ဒီ မြစ်ဆုံဆည်စီမံကိန်းကို အများက ကန့်ကွက်နေကြပြီ။ ဘယ်လို ဆက်လုပ်မလဲ တဲ့။
ဝန်ကြီး ဖြေပုံက
“တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ်။ နိုင်ငံတော်အကြီးအကဲတွေက
အနစ်နာ ခံပြီး လုပ်ဆောင်ခဲ့တာ။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် ကိစ္စ
ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို
ဝိုင်း ဖိ နှိပ် ပြီး................................................” (အဟင့် အဟင့်)
ပြောရင်းနဲ့ ချုံးပွဲချငိုချလိုက်ပါတယ်။ ၀န်ကြီးရဲ့ ငိုကြွေးမှု ၁၅ မိနစ် ကြာသွားပြီးတဲ့နောက်မှာ သတင်းစာ ရှင်းလင်းပွဲကို အဆုံးသတ်လိုက်ရပါတော့တယ်။


နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။