Friday, August 3, 2012

မြန်မာနိုင်ငံတွင် လူမျိုးခြားပြဿနာမရှိစေရန်နိုင်ငံသားဥပဒေအားလေးစားလိုက်နာမှု ရှိကြရန်လိုအပ်


မြန်မာနိုင်ငံတွင် လူမျိုးခြားပြဿနာမရှိစေရန်နိုင်ငံသားဥပဒေအားလေးစားလိုက်နာမှု ရှိကြရန်လိုအပ် 
ဝင့်သင်ဇာကျော်+မိုးဝေ (မြစ်မခ)
by Myit Makha Mediagroup on 3 Aug, 2012


 









 မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးမှလွဲ၍လူမျိုးခြားပြဿနာမရှိစေရန် နိုင်ငံသားဥပဒေအား လေးစားလိုက်နာမှု ရှိကြရန်လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။
 ပြနာမဖြစ်ရအောင် အစိုးရအနေနဲ့က တည်ဆဲဥပဒေအရ တိုင်းရင်းသားဥပဒေ၊နိုင်ငံသား ဥပဒေကို ပြတ်ပြတ်သားသား လုပ်ထားရမယ် ၊ မဟုတ်ရင်ဒီပြနာကအေးမှာ မဟုတ်ဘူး ၊ နိုင်ငံသား ၊ ဧည့်နိုင်ငံသားဆိုတာဘင်္ဂါလီတစ်ခုတည်းမဟုတ်ဘူး တရုတ်တွေလည်း မြန်မာနိုင်ငံမှာ ရှိနေတယ် အခုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာကိုပဲကြည့်    နောက်ဒီလို   ပြဿနာတွေထပ်ဖြစ်မလာဖို့ဆိုရင် နိုင်ငံသားဥပဒေကို တိတိကျကျပြဌာန်းထားဖို့နဲ့လိုက်နာကြဖို့လိုတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေးကော်မရှင် ရခိုင်ပြည်နယ်အတွင်းရေးမှူးဦးအောင်ကြွင်းအောင်က ပြောသည်။
  ရခိုင်ပြည်နယ်တွင် ပဋိပက္ခပြဿနာဖြစ်ပေါ်ရခြင်းမှာ နယ်စပ်ဒေသများမှတရားမဝင်ဖြတ်ကျော်ဝင်ရောက်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်အထူးကြပ်မတ်စစ်ဆေး အေးယူဆောင်ရွက်မ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်ပြောဆိုသည်။
  တရားမဝင် ဝင်ရောက်လာတဲ့လူတွေကို မဝင်လာနိုင်အောင်လုံခြုံရေးတင်းကြပ်ပြီး စနစ်တကျ ချထားခဲ့ရင်အခုလို   ပြဿနာတွေဆက်ဖြစ်စရာမရှိဘူး အဓိကက လုံခြုံရေးပါပဲ ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းညိုကပြောသည်။
  ဘင်္ဂလီိများမှ မြန်မာနိုင်ငံသားအဖြစ်ခံယူလိုပါက ၁၉၈၂ခုနှစ် မတိုင်ခင်ထုတ်ပေးထားသော White Card ယာယီသက်သေခံကဒ်ပြားရှိရန် လိုအပ်ပြီး၁၉၈၂ခုနှစ်တွင်ပြဌာန်းခဲ့သောမြန်မာနိုင်ငံသား ဥပဒေအရဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
  White Card ရှိတဲ့ဘင်္ဂလီတွေမြန်မာနိုင်ငံသားဖြစ်ချင်ရင်ဖြစ်ခွင့်ရှိတယ်၊အခွင့်အရေးလည်းအတူတူပဲရမှာပါ၊ ကိုယ်ရေးရာဇဝင် တင်ပြရမယ်၊ မြန်မာစကားပြောတတ်ရမယ်၊ ဘိုးစဉ်ဘောင်ဆက်အချက် အလက်ပြနိုင်ရမယ်။ ဒါတွေက ၁၉၈၂ခုနှစ်ကပြဌာန်း ခဲ့တဲ့နိုင်ငံသားဥပဒေအရပဲ ဆောင်ရွက်မှာပါ”ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးခင်ရီသည်မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ တွင်ရိုဟင်ဂျာလူမျိုးဟူ၍မရှိသော်လည်း ဘင်္ဂလီများသည် ၁၉၈၂ခုနှစ် မတိုင်ခင်ကတည်းက   မြန်မာနိုင်ငံတွင်   နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း ရခိုင်အရေးနှင့်ပတ်သက်သည့် သံတမန်များအား ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
  ၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင်ရိုဟင်ဂျာလူမျိုးများပါဝင်ဖွယ် မရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားထားကြောင်းကိုလည်း သိရှိသည်။
  နိုင်ငံတော်အစိုးရအနေဖြင့် လူမျိုးခြားပြသာနာနှင့် ပတ်သက်ပြီးဘာသာရေးခေါင်းဆောင်များ   ၊ လူမှုအသင်းအဖွဲ့များ ၊ နိုင်ငံရေးပေါတီများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများမှသတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
 

အချိုရည်နှင့်အားဖြည့်အချိုရည်များအား တစ်ပတ်(၂)ဗူးသာ သောက်သုံးသင့်


အချိုရည်နှင့်အားဖြည့်အချိုရည်များအား တစ်ပတ်(၂)ဗူးသာ သောက်သုံးသင့်
ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 3 Aug, 2012



 









အချိုရည်နှင် အားဖြည်အချိုရည်များအား အလွန်အကျွံသောက်သုံးခြင်းဖြင့်အရိုးပါး ရောဂါဆီးလမ်းကြောင်းကျောက်တည် သည်  ရောဂါဆီးချိုနှင်အဝလွန်ရောဂါများပါဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်များထံကသိရှိရသည်။
အချိုရည်သောက်သုံးလျှင် တစ်ပတ်လျှင် အချိုရည် (၂)ပုလင်းခန့်သာ သောက်သုံးသင်ကာင်း သိရှိရသည်။
  အချိုရည်ရဲ့ ကျန်းမာရေးအနရာယ်တွေဟာ နေခြင်းညခြင်းပေါ်ပေါက်လာမှာ မဟုတ်ပေမယ့် နာင် စွဲစွဲလမ်းလမ်းသောက်ပါများရင် မလိုလားအပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် ဆင်ဆင်ခြင်ခြင် သောက်သုံးဖို့လိုပါတယ်’’ဟုအလုံမြို့နယ် မှဒေါက်တာ မြင့်ဦးက ပြောသည်။
  သောက်သုံးရာတွင် ခွက်ထဲည်သွင်း သောက်သုံးခြင်းထက် ပိုက်ဖြင်စုပ်ယူသောက်သုံး ခြင်းသည် သွားများအားအက်ဆစ် မစားနိုင်အောင်ကာကွယ်ပေးနိုင်ကြောင်း ၊ သောက်သုံး ပီးပါက သွားများပျက်ဆီးမှုမှ ကာကွယ်နိုင်ရန် ပလုတ်ကျင်းသင်ကာင်း ဆရာဝန်များက အကံပြုပြောသည်။
  ခွန်အားပြည့် အချိုရည်တွင် ကဖင်းဓါတ်အလွန်အကျွံထည့်သွင်းထားခြင်းကြောင့် ကိုယ်တွင်း ရေဓါတ်ခမ်းခြောက်လာခြင်း၊   သောက်သုံးသူပါးစပ်ထဲမှ အပေါ်ယံ ကြွေသွားလွှာများအား ပျက်စီးနိုင်ပီး သွားပိုးစားခြင်း အက်ဆစ်ဓါတ်သည် အစာအိမ်အား ပိုမိုဆိုးရွားနိုင်စေခြင်း  ကားနှင့်အက်ဆစ်ဓါတ်များပါဝင်မှုကြောင့် အဝလွန်ရောဂါ သွေးတိုးရောဂါ အရိုးပါးရောဂါများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။
  ပူပြင်းတဲ့ခြောက်သွေ့တဲ့ နွေရာသီမှာ ရေငတ်တယ်ပီး အချိုရည်ပုလင်းတွေကို အလွန်ကျွံသောကမယ့်အစား   ရေကိုပဲများများသောက်ပြီး အရည်ရွှမ်းတဲ့ လတ်လတ် ဆတ်ဆတ်သစ်သီးဝလံတွေကို ပိုမိုစားပေးသင့်ပါတယ်  ဟု”ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ဆရာဝန်တစ်ဦးကပြောသည်။
  ဒိုင်းမွန်းဘိလပ်ရည်စက်ရုံအား ပြည်သူပိုင်သိမ်းပြီးနောက် အစိုးရမှကီးကပ်ထုတ်လုပ်ခဲပီး နောက်ပိုင်းတွင် လွယ်ဟိန်းကုမ္ပဏီမှက်ပြောင်းယူခဲ့ကြောင်းထိုနောက် MGS,Zero အစရှိသည်ကုမ္ပဏီများမှ ယခုအခါပုဂလိကအချိုရည်စက်ရုံများ အပိုင်အဆိုင်ပေါ်ပေါက်လာကြောင်း သိရှိရသည်။
  အချိုရည်ဈေးကွက်အတွင်းတွင် Pepsi , Cola, Orange, Sprite, Lemon, Lychee, Sparkling, Sevev Up, Power၊ကျွဲရိုင်းလစ်ပိုပင်မှည့်၊မာလကာ စတော်ဘယ်ရျီစ်ဘယ်ရီသီး စသည့် အချိုရည်ဗူးနှင် ပုလင်းများအား မြန်မာ တရုတ်ထိုင်းနှင် အိန္ဒိယနှင်အခြားနိုင်ငံများက အင်္ဂလိပ်နာမည်မျိုးစုံဖြင့် အချိုရည်နှင် အားဖြည်အချိုရည်များ ထုတ်လုပ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
 

ကြက်သွန်ဖြူဈေးကျချိန် အနီဈေးပြန်လည်မြင့်တက်


ကြက်သွန်ဖြူဈေးကျချိန် အနီဈေးပြန်လည်မြင့်တက်
ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 4 Aug, 2012


မီးဖိုချောင်သုံး စားသောက်ကုန်ဈေးကွက်တွင်းရှိ ကြက်သွန်ဖြူဈေးနူန်းများသိသိသာသာကျဆင်းလျှက်ရှိပြီး ကြက်သွန်နီဈေးနူန်းမှာ အနည်းငယ်မြင့်တက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။
  ယခင် ပြီးခဲ့သည့် ၂ဝ၁၁ခုနှစ်တွင် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၄ ထောင်- ၅ ထောင်ခန့် ဈေးရရှိခဲ့သော်လည်း လက်ရှိတွင် ထူးတစ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၆၅ဝ ရရှိကာ ထူးလေး ကြက်သွန်ဖြူမူ တစ်ပိဿာလျှင် ကျပ် ၁ဝ၅ဝ သို့ ကျဆင်းနေခြင်း ဖြစ်သည်။
  ကြက်သွန်ဖြူဈေးလျော့ကျနေသော်လည်း ကြက်သွန်နီမှာမူ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၄၅ဝမှ ကျပ် ၆၅ဝ ဝန်းကျင်ရှိသည့် အတွက် ပြီးခဲ့သည့် ဇူလိုင်လထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝ ဝန်းကျင်ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
  ကြက်သွန် (ဖြူ/၊နီ) ဈေးနူန်းများ တစ်ဖြည်းဖြည်း ကျဆင်းလာခြင်းသည် စိုက်ပျိုးတောင်သူများပြားကာ ဈေးကွက်တွင်း ပိုလျှံလာခြင်းကြောင့်ဖြစ်သည်ဟု ညောင်ပင်လေးဈေးရှိ ကြက်သွန်ကုန်သည်များက ဆိုသည်။
  ''ကြက်သွန်ဖြူက ပြီးခဲ့တဲ့နှစ်ကဆို ဒီချိန် လေးငါးထောင်လောက် ဈေးရတယ်။ ဝယ်လိုအားလည်း များခဲ့တယ်။ ဒီနှစ်တော့ ဈေးကလည်း တော်တော်လေး ထိုးကျသွားတယ်။ အရောင်းအဝယ်လည်းအေးနေတယ်။'' ဟု အောင်ကုန်မျိုးစုံရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်ဈေးကွက်တွင်းသို့ ဝင်ရောက်နေသောကြက်သွန်များမှာ မြင်းခြံ၊ တောင်သာ၊ပခုက္ကူနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှ အများဆုံးဝင်ရောက်လျှက်ရှိပြီး အခြားဒေသများမှလည်း ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။
  လက်ရှိဈေးကွက်တွင်း ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်းများ
အမျိုးအစား          အရေအတွက်   ဈေးနူန်း
ကြက်သွန်နီ(အသေး)    တစ်ပိသာ     ၄၅ဝ ကျပ်
ကြက်သွန်နီ(အကြီး)     တစ်ပိသာ     ၆၅ဝ ကျပ်
ကြက်သွန်ဖြူ(ထူး ၁)    တစ်ပိသာ     ၆၅ဝ ကျပ်
ကြက်သွန်ဖြူ(ထူး ၄)    တစ်ပိသာ     ၁ဝ၅ဝ ကျပ်
 

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။