Monday, April 1, 2013

ရေကျော်ဗလီမီးလောင်မှု သေချာမေးမြန်းပြီးမှ သတင်းရေးသင့်ဟုဆို




ရေကျော်ဗလီမီးလောင်မှု သေချာမေးမြန်းပြီးမှ သတင်းရေးသင့်ဟုဆို

Tuesday, April 2, 2013
ရေကျော် ဗလီမီးလောင်မှုနဲ့ပတ်သက်ပြီး ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က  သတင်းရေးကြ သူတွေ အနေနဲ့ တာဝန်ရှိသူတွေနဲ့ သေချာ မေးမြန်းအတည်ပြုပြီး မှ ရေးသားကြစေလိုတယ်လို့  သူ့ရဲ့ဖေ့စ်ဘုတ် မှာတိုက်တွန်း ထားပါတယ်။ 


"၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့ပါတယ်။

၉နာရီသတင်းမှာတော့ အခင်းဖြစ်ပွားရာနေရာက တွေ့ဆုံမေးမြန်းခဲ့ မှုများနဲ့ ထပ်မံတင်ဆင်ဖို့ ဆောင်ရွက်နေ ပါတယ်။
ပြန်လည်တွေ့ရှိသူ လေးဦးဟာ ထိခိုက်ဒဏ်ရာမှု မရှိပါဘူး။ အင်တာနက်က ကောလဟာလများကို မယုံကြပါနဲ့။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တီဗီ၊ ရေဒီယိုသတင်းများကို တစ်နာရီ တစ်ကြိမ် Update လွှင့်ပေးနေပါတယ်။
လုံခြုံရေးနဲ့ ပတ်သက်ပြီးသံသယရှိဖွယ်ရာများတွေ့ရင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို သတင်းပေးပို့ကြပါ။ ဘာသာအားလုံး မိမိတို့ ဒေသ၊ နိုင်ငံ၊ လုံခြုံ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်များကို ပိုမိုခိုင်မာအောင် မီးသတ်တပ်ဖွဲ့ ကလည်း တိတိကျကျ စစ်ဆေးနေပါတယ်။
ပြည်တွင်းမီဒီယာများကလည်း သတင်းအချက်အလက်များလိုအပ်ပါက တိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ် ရဲစခန်းများမှာ ဆက်သွယ်ရယူနိုင်ပါတယ်။ မေးမြန်း စုံစမ်းမှုများကို ဖြေကြားပေးဖို့အတွက် လည်း ပြည်ထဲရေး ၀န်ကြီးဌာန
က ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ "
"ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေလည်း မီးလောင်မှုဖြစ်ပွား တဲ့ နေရာကို ရောက်ရှိ စစ်ဆေးခဲ့ပါတယ်။

အကြမ်းဖက်မှု သက်ဆိုးမရှည်ရန် အားလုံးတွင် တာဝန်ရှိသည်


အကြမ်းဖက်မှု သက်ဆိုးမရှည်ရန် အားလုံးတွင် တာဝန်ရှိသည်

Hits:1,452
 
မိတ္ထီလာ ပဋိပက္ခကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူများကို မတ်လ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ရွှေ့ပြောင်း နေရာချထားပေးနေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
တချို့က ကမ္ဘာ့သမိုင်းကို စစ်ပွဲများ၏ သမိုင်းဟု ရှုမြင်ကြသည်။ ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်နှင့် စစ်ရပ်စဲထားသော ကာလကို ခေါ်သည်ဟု ဆိုကြသည်။
ကမ္ဘာပေါ်တွင် စစ်ပွဲ အလီလီ ဖြစ်ကြရာတွင် အကြောင်းရင်းခံမှာ အမျိုးမျိုးပင် ဖြစ်သည်။ ဘုရင်က ဘုန်းလက်ရုံး ဆန့်တန်းလို၍ (ဥပမာ – ဂျင်ဂစ်ခန်၊ အလက်ဇန္ဒာ သည်ဂရိတ် စသည်ဖြင့် …) အင်ပါယာ လက်နက် နိုင်ငံတော်ကြီး ထူတောင်ရန် စစ်ခင်းကြသည်။ တချို့က စီးပွားရေး အလို့ငှာ (ဥပမာ – ကုန်ကြမ်းယူ၍ ကုန်ချောရောင်းရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့သော ကိုလိုနီနယ်ချဲ့စစ်)၊ ထို့နောက် အယူဝါဒ ပြန့်ပွားလိုသဖြင့် (ဆိုဗီယက်က ချက်ကိုစလိုဗက်ကို ကျူးကျော်ခြင်း) ခင်းရသောစစ်။ အယူဝါဒ ဆိုရာ၌ နိုင်ငံရေး သာမဟုတ် ဘာသာရေးလည်း ပါဝင်ပေသည်။
ဥပမာ – ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော ခရူးဆိတ် (Crusade) စစ်ပွဲများ။ တပ်ခ် (တူရကီ) အစ္စလမ် ဘာသာဝင်များက ဂျေရုစလင်ကို သိမ်းပိုက်မိသောအခါ ဥရောပရှိ ခရစ်ယာန်များနှင့် ထိပ်တိုက်တွေ့ရသည်။ ဂျေရုစလင်သည် သူတို့အတွက် Holy Land (မြင့်မြတ်သော မြေ)၊ သူတို့ ကိုးကွယ်သော ယေရှုခရစ် ဖွားမြင်ရာ အရပ်၊ ထိုအရပ်သို့ ဘုရားဖူး ရောက်ရှိလာသော ခရစ်ယာန် များကို အစ္စလမ် ဘာသာဝင်များက နှိပ်စက် စော်ကားမှုများ ပြုသဖြင့် ပုတ်ရဟန်းမင်းထံ အကူအညီတောင်းသည်။ ထိုစဉ်က ပုတ်ရဟန်းမင်း ဖြစ်သော ဒုတိယမြောက် အာဘန်းက ဥရောပရှိ ဘုရင်များအား အကူအညီတောင်းကာ ဂျေရုစလင်ကို ပြန်လည်တိုက်ခိုက်ရာမှ ဘာသာခြားများ အကြား ခင်းရသော ခရူးဆိတ်စစ်ပွဲ ဖြစ်လာရသည်။ ထိုစစ်ပွဲသည် ၁၀၉၅ မှ ၁၂၉၁ အထိ အနှစ် ၂၀၀ တိုင် ကြာမြင့်ခဲ့လေသည်။
ကမ္ဘာတွင် မူဂျာဟစ်ဒင်တို့နှင့် ပတ်သက်၍ ဂျီဟတ် (Jihad) စကား ခေတ်စားလာ၏။ ထိုစကားလုံးကို ကိုရ်အန်ကျမ်းတွင် ၄၁ ကြိမ်တိတိ ဖော်ပြထားတာကို တွေ့ရသည်။ အဓိပ္ပာယ်မှ “ဘုရား၏ လမ်းစဉ်အတိုင်း နေထိုင်ခြင်း” (Al-Jihad Fi Sabil Allah) ဟူ၍ ဖြစ်သည်။ ထို ဂျီဟတ် လမ်းစဉ်ကျင့်သုံးသူကို Mujahid (မူဂျာဟစ်) ဟုခေါ်သည်။ အများစု အနေဖြင့်မူ မူဂျာဟစ်ဒင်ဟု ခေါ်သည်။ ဂျီဟတ် နှစ်မျိုးရှိရာ အဆင့်မြင့် ဂျီဟတ် (Greater Jihad) မှာ အတွင်းစိတ်ဝိညာဉ် အားထုတ်မှုကို ခေါ်၍ (Lessen Jihad) မှာမူ အပြင် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုကို ဆိုလိုသည်။ Lessen Jihad တို့သည် မွတ်စလင်၏ ရန်သူများကို တိုက်ခိုက်ရန် တာဝန်ယူရသည်။

ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း သမ္မတ၏ စတုတ္ထမြောက် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြား


ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း သမ္မတ၏ စတုတ္ထမြောက် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြား

AddThis Social Bookmark Button
ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း သမ္မတ၏ စတုတ္ထမြောက် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြား၊ ပြည်သူများအနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံ
4.1.1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ်လ ၂၈ ရက်နေ့ မိတ္ထီလာပဋိပက္ခနှင့် ဆက်စပ်ပြီး ပြည်သူသို့ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)
ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ၊ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း မတ်လ ၃၁ ရက် ည ၇ နာရီက နိုင်ငံတော် သမ္မတ၏ စတုတ္ထအကြိမ်မြောက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူများ အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြရန်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံခဲ့သည်။
ပြည်သူအချို့သည် ပြဿနာတစ်ရပ် ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနှင့် မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု မီးရှို့မှုများ ကျူးလွန်နေကြသောကြောင့် တိုင်းပြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့ မပြီးဘဲ ဒေသတွင်းမှာရော နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်း နေရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံး စေခဲ့ပါတယ်။ တချို့ကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက် ကြရမယ့်အစား ပြဿနာပိုမို ကြီးထွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြပါတယ်” ဟု ပြောကြားခဲ့သည်။

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်


၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ် လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်Created on Tuesday, 02 April 2013 08:29

AddThis Social Bookmark Button
ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
သတင်းထုတ်ပြန်ချက်တွင် ''ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု ဖြစ်ပွားကြောင်း၊ သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်း တပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ အမှတ် (၂) တိုင်းမီးသတ် ဦးစီးမှူးနှင့် အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀) ဦး ရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။
မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် စာသင်ကျောင်းသား ၄ ဦးကို ထိခိုက်ဒဏ်ရာ မရရှိဘဲ နံနက် ၇ နာရီကျော်တွင် ပြန်လည်တွေ့ခဲ့ကြောင်း ရဲချုပ်ရုံးမှ တစ်ဆင့် သိရှိရသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါဗလီသည် စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်ဟု သတင်းကြေညာချက်တွင် ပါဝင်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ကောလာဟလများကို မယုံကြည်ရန်နှင့် မြန်မာ့ရုပ်မြင်သံကြာမှ ဖြစ်စဉ်အမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။