ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း သမ္မတ၏ စတုတ္ထမြောက် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြား
- Created on Monday, 01 April 2013 00:54
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ်လ ၂၈ ရက်နေ့ မိတ္ထီလာပဋိပက္ခနှင့် ဆက်စပ်ပြီး ပြည်သူသို့ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)
ပြဿနာတစ်ခု ဖြစ်လာပါက ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ရမည့်အစား ပိုမိုကြီးထွားအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ၊ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြောင်း မတ်လ ၃၁ ရက် ည ၇ နာရီက နိုင်ငံတော် သမ္မတ၏ စတုတ္ထအကြိမ်မြောက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူများ အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြရန်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံခဲ့သည်။
ပြည်သူအချို့သည် ပြဿနာတစ်ရပ် ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနှင့် မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု မီးရှို့မှုများ ကျူးလွန်နေကြသောကြောင့် တိုင်းပြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့ မပြီးဘဲ ဒေသတွင်းမှာရော နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်း နေရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံး စေခဲ့ပါတယ်။ တချို့ကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက် ကြရမယ့်အစား ပြဿနာပိုမို ကြီးထွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြပါတယ်” ဟု ပြောကြားခဲ့သည်။
“ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတားတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ် အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိစွာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီ ကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားသည်။
ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အတက်နိုင်ဆုံး အကာအကွယ် ပေးသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။
မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များအား ဧပြီလမှစပြီး အသက်သာဆုံး ကျပ်ငွေနှုန်းထားများဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံကြေးများအား တိုင်းပြည်၏ စီးပွားရေး အခြေအနေအရ အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းနှင့် ယခင် ထောက်ပံပေးခဲ့သည့် ကျပ်ငွေသုံးသောင်းအား ယခင်အတိုင်း ထောက်ပံ့ကြေးငွေအဖြစ် ဆက်လက်သတ်မှတ်ပြီး ကျပ်ငွေနှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှ စတင်ထပ်မံ တိုးမြှင့်ပေးသွားမည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တားဆီး မှုများ ဖြေလျော့ပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုတချို့ ရရှိနေပြီဖြစ်ပြီး တိုင်းပြည်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အထောက်အကူများ ရနေပြီဖြစ်ရာ အဓိက လိုအပ်ချက်သည် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “အလုပ်သမားနဲ့ တောင်သူလယ်သမားများ၏ဘ၀ တိုးတက်မြင့်မားရေး အတွက် ပြည်ပအထောက်အပံ့နှင့် ချေးငွေများ ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရာတွင် တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာများအား အင်အားတွေအဖြစ် အသုံး ပြုသွားရမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
Comments
+8
#
2013-04-01 12:10
Quote:
အကြမ်းဖက်မှုတွေကို မဖြစ်ဖြစ်အောင်သွေးထိုးလှုံ့ ဆော်တာတွေ က ဘယ်သူတွေလဲ အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတာတွေက ဘယ်သူတွေလဲဆိုတာ ပြည်သူအားလုံး သိပြီးသားပါ။သမ္မတ အနေနဲ့ လည်း မသိချင်ယောင်ဆောင်နေတာမျိုး မလုပ်ပါနဲ့ ။ပြတ်ပြတ် သားသားဆောင်ရွက်ရမယ့်အချိန်ရောက်ပါပြီ။မဟုတ်ရင် နိုင်ငံရဲ့  ရှေ့ခရီးမှာ အနှောင့်အယှက် ပယောဂတွေ အများကြီး ဝင်လာနိုင်ပါတယ်။
ပြည်သူအချို့ ဆိုတာက ဘာကိုဆိုလိုချင်တာလဲမသိဘူး ။မိတ္တီလာ ပဋိပက္ခနောက်ပိုင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်တာက ပြည်သူတွေမဟုတ်တော့ပါဘူး။ဒါကို ရှင်းအောင်လင်းအောင်ပြောသင့်ပါတယ်။ပြည်သူဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးကိုပုံမချလိုက်ပါနဲ့ ။ပြည်သူအချို့သည် ပြဿနာတ်ရစပ် ကြုံတွေ့တိုင်း တရားဥပေဒ နည်းလမ်းနှင့် မေဖြရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု မီးရှို့မှုများ ကျူးလွန်နေကြေသာကြောင့် တိုင်းပြည်အေနဖြင့် နိုငင်ံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖ်ွရယာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုငင်ံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အကြမ်းဖက်မှုတွေကို မဖြစ်ဖြစ်အောင်သွေးထိုးလှုံ့ ဆော်တာတွေ က ဘယ်သူတွေလဲ အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတာတွေက ဘယ်သူတွေလဲဆိုတာ ပြည်သူအားလုံး သိပြီးသားပါ။သမ္မတ အနေနဲ့ လည်း မသိချင်ယောင်ဆောင်နေတာမျိုး မလုပ်ပါနဲ့ ။ပြတ်ပြတ် သားသားဆောင်ရွက်ရမယ့်အချိန်ရောက်ပါပြီ။မဟုတ်ရင် နိုင်ငံရဲ့  ရှေ့ခရီးမှာ အနှောင့်အယှက် ပယောဂတွေ အများကြီး ဝင်လာနိုင်ပါတယ်။
+55
#
2013-04-01 02:56
Quote:
သမ္မတမိန့်ခွန်းမှာ အဖြေကပါပြီးသားပဲ။ နှစ်ပေါင်းများစွာ တရားလက်လွတ် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ ဆိုးမွေကြော့င့် လူထုက တရားရုံးနဲ့ရဲ ကို ယုံကြည်ကိုးစားမှု လုံးဝမရှိလို့ ဥပဒေကို မိမိတို့ လက်ထဲက နေ မိမိဘာသာ စီ၇င်နေကြတာလို့ ပြောချင်တယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူချည်းပုံချလို့မရဘူး လက်ရှိအစိုးရရဲ့ ဘယ်လောက် ဥပဒေကို လေးစားလိုက်နာလဲ ဆိုတဲ့ပေါ်လဲ အများချည်းမူတည်တယ်။ ဥပဒေမလေးစားတဲ့ရဲနဲံတရားရုံး မျက်နှာကြီးဟင်းဖတ်ပါ ငွေပေး အမှုပျောက်တွေ ရှိနေသမျှ တော့ ဒီပြသနာတွေ ဆက်ရှိနေဦးမှာပဲ။ အရပ်သား ဦးသန်းရွှေ မြေး ဖိုးလပြည့် ယဉ်ထိန်းရဲကို ဆွဲ ထိုးတာလဲ ဘာမှ အမှုမမြောက်ဘူးဆိုတော့ကာ..ဘယ်မှာလဲ သမ္မပြောတဲ့ တရားဥပဒေ.ပည်သူအချို့သည် ပြဿနာတစ်ရပ် ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနှင့် မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု မီးရှို့မှုများ ကျူးလွန်နေကြသောကြောင့် တိုင်းပြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အဆင့်အနေနဲ့ ရပ်ကွက်ဥက္ကဌ၊ရာအိမ်မှူးအဆင့်တို့ 
တောင်ပါဝင်ပါတယ်၊စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်တုံး
ကဝန်ကြီးချုပ်ရာထူး၊စစ်ခေါင်းဆောင်အဆင့်နံပါတ်လေး
အဆင့်ရှိတဲ့သူဟာအာဏာရှင်စနစ်တည်တံ့ရေးမှာဘယ်
လောက်ထိအရေးပါသလဲဆိုတာပြောစရာမလိုတော့ပါ
ဘူး၊မှန်ကန်ဖြောင့်မတ်တဲ့သူဟာ ယုတ်မာကောက်ကျစ်
တဲ့သူတွေနဲ့ ကြာကြာနေလို့ မရပါဘူး၊အခုလက်ရှိအချိန်
သမ္မတရာထူးကိုယူထားတဲ့သူဟာအခုပြဿနာတွေရဲ့ 
ဇစ်မြစ်ကို မသိဘူးဆိုတာဖြစ်နိုင်ပါ့မလား၊နိုင်ငံတော်ရဲ့ 
အလုံးစုံသောအာဏာတွေကလဲသူ့ လက်ထဲမှာရှိ မရှိ
ဆိုတာလဲသူကိုယ်တိုင်အသိဆုံးပါ။ဒီမိုကရေစီဆိုတာလူ
တယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါ။အခုဖြစ်နေ
တာကအခြေခံလူတန်းစားကအခွင့်အရေးတမျိုး၊အာဏာ
ရှင်လူတန်းစားက အခွင့်အရေးတမျိုးဖြစ်နေတာပါ။
ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်လို့ စကားလုံးအ
ကြီးတွေလျှောက်ပြောနေမှာလဲဗျာ။