Saturday, March 30, 2013

အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီဖွဲ့



အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီဖွဲ့

Saturday, March 30, 2013
သမ္မတ ဦးသိန်းစိန်ဟာ လတ်တလောဖြစ်နေတဲ့ မတည်ငြိမ်မှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင် တွယ် ဆောင်ရွက်ဖို့အတွက် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါ တယ်။ 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
အမိန့်ကြော်ငြာစာ အမှတ် ၊ ၃၄ /၂၀၁၃ 
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် 
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်) 
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း 
၁။      လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင် တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်ပါသည်-

         (က)      ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန -    ဥက္ကဋ္ဌ
         (ခ)       ဦးအောင်မင်း- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၄)                  -  ဒုတိယဥက္ကဋ္ဌ
         (ဂ)       ဦးအုန်းမြင့်- ပြည်ထောင်စုဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန        - အဖွဲ့ဝင်
         (ဃ)     ဦးခင်ရီ - ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန - အဖွဲ့ဝင်
         (င)      ဦးဝင်းမြင့် - ပြည်ထောင်စုဝန်ကြီး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  -  အဖွဲ့ဝင်
         (စ)      ဗိုလ်မှူးချုပ်အောင်သော်- ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန                      - အဖွဲ့ဝင်
         (ဆ)    ဗိုလ်ချုပ် ဇော်ဝင်း - ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန                           - အဖွဲ့ဝင်
         (ဇ)      ဦးရဲထွဋ် - ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန                                          - အဖွဲ့ဝင်
         (ဈ)     ဦးဘုန်းဆွေ -  ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး      ဝန်ကြီးဌာန                                                                                               - အဖွဲ့ဝင်
          (ည)     ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း - ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန        - အတွင်းရေးမှူး

၂။        အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ -
          (က)     အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။
          (ခ)      ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း  နိုင်ရေး (Rapid Response) စီမံပေးရန်။
          (ဂ)      လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။
          (ဃ)     နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန် အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူ နိုင်ရန်။
          (င)      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။
          (စ)      လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။

၃။       တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ပါသည်။ 
                                                                                             ပုံ 
                                                                                             (သိန်းစိန်) 
                                                                                             နိုင်ငံတော်သမ္မတ

အကြမ်းဖက်သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူ


အကြမ်းဖက်သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူ

Hits:11,072


မိတ္ထီလာတွင် အကြမ်းဖက် သတ်ဖြတ်ခံရသူ တဦး (ဓာတ်ပုံ – Reuters)
အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပါဝင်ပတ်သက်ခဲ့သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူနေပြီဖြစ်ကြောင်း  နေပြည်တော် မှုခင်းဋ္ဌာနမှ ဒုတိယ ရဲမှူးကြီးမင်းအောင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ပဋိပက္ခဖြစ်စဉ်များထဲတွင် မိတ္ထီလာမြို့မှ လူသတ်မှု ၁၁ မှု၊ မီးရှို့မှု ၇ မှု၊ လုယက်မှု ၁မှု နှင့် နာကျင်စေမှု ၁ မှု အပါအ၀င် နိုင်ငံတော် အဆောက်အဦ်ဖျက်ဆီးမှုတို့ဖြင့် အရေးယူထားကြောင်းလည်း ဆိုသည်။
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးလျက် ရှိသည်။
ဖမ်းဆီး အရေးယူထားသူများတွင် သံဃာများ ပါဝင်ခြင်း မရှိကြောင်း၊ မြို့ခံ ဒေသခံများသာ ပါဝင်ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များမှာ ဒေသအလိုက် သီးခြားဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဆက်စပ်မှု မရှိကြောင်း၊ ဆက်လက်ဖြစ်ပေါ်လာမည့် ဆူပူ အကြမ်းဖက်မှုများကို ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီးမင်းအောင်က ဆိုသည်။
”မြို့နားမှာနေတဲ့ ရွာက လူတွေပဲ လာလုပ်နေကြတာ။ ဒေသခံတွေပဲ လုပ်ကြတာ။ ကားနဲ့ တင်ခေါ်လာပြီး လာချသွားတယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အခု ဖမ်းထားတဲ့လူတွေက ရွာက လူတွေချည်းပဲ”ဟု ဆိုသည်။

Friday, March 29, 2013

အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ကွန်တိန်နာတစ်စီး ကျပ် ၄ဝဝဝ၊ ယာဉ်ငယ်တစ်စီး ကျပ် ၁၅ဝဝ ကို Asia World ကုမ္ပဏီမှ ဧပြီ ၁ ရက် စတင်ကောက်ခံမည်


အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ကွန်တိန်နာတစ်စီး ကျပ် ၄ဝဝဝ၊ ယာဉ်ငယ်တစ်စီး ကျပ် ၁၅ဝဝ ကို Asia World ကုမ္ပဏီမှ ဧပြီ ၁ ရက် စတင်ကောက်ခံမည် 

Created on Saturday, 30 March 2013 11:59

AddThis Social Bookmark Button
အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ပေ ၂ဝ နှင့်အထက် ကွန်တိန်နာ တစ်စီး ကျပ် ၄ဝဝဝ၊ ၁၄ ပေ အောက် ယာဉ်ငယ်တစ်စီးလျှင် ကျပ် ၁၅ဝဝ နှုန်းဖြင့် Asia World ကုမ္ပဏီက တာဝန်ယူ၍ ဧပြီ ၁ ရက်မှ စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ သတင်းရရှိသည်။
ကမ်းနားလမ်းသစ်တွင် ဖြတ်သန်းမည့် ယာဉ်များအနေဖြင့် ယာဉ်ဖြတ်သန်းခ တစ်ကြိမ်ပေးထားရုံဖြင့် နံနက် ၆ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအထိ အကျုံးဝင်ပြီး ထပ်မံပေးဆောင်ရန် မလိုကြောင်း သိရသည်။
ကမ်းနားလမ်းသစ်ပေါ်တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ယာဉ်များဖြတ်သန်းခွင့် ပေးခဲ့ပြီး ဖေဖော်ဝါရီ လကုန်မှစတင်၍ လမ်းအသုံးပြုခအဖြစ် ၁၄ ပေအောက် ယာဉ်ငယ်များကို ကျပ် ၁၅ဝဝ နှင့် ၁၄ ပေအထက် ယာဉ်ကြီးများကို ကျပ် ၄ဝဝဝ ကောက်ခံရန် စီစဉ်ခဲ့သည်။
သို့သော် ယင်းနှုန်းထားအား ပြန်လည်ညှိနှိုင်းခဲ့ခြင်းနှင့် လမ်းသစ်ပေါ်တွင် မီးပွိုင့်အချို့ ပြုလုပ်ပေးရန် ကျန်ရှိနေသောကြောင့် ယာဉ်ဖြတ်သန်းခကို ဖေဖော်ဝါရီလတွင် ကောက်ခံရန် စီစဉ်ခဲ့ရာမှ ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ယခု ဧပြီ ၁ ရက်နေ့တွင်မူ ယခင်သတ်မှတ် နှုန်းထားအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ပြီး ယာဉ်ဖြတ်သန်းခ ကောက်ခံရေး ဂိတ်နှစ်ခုထားရှိကာ ကောက်ခံသွားမည် ဖြစ်သည်။

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်


ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

AddThis Social Bookmark Button
3.30.1
မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။ အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများအတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက “ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို၊ ရဲချုပ်တို့ရဲ့ မိန့်မှာချက်တွေကို ကျွန်တော် လာပြောပြတာပါ။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။ မိုးညိုနဲ့ ကြို့ပင်ကောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ အဲဒီမြို့နယ်တွေမှာ သံဃာတော်တွေ ဦးဆောင်တဲ့ သံဃာတော်တွေရဲ့ ကာကွယ် ပေးမှုကြောင့် ကျွန်တော်တို့ ရဲတွေ လုပ်ရကိုင်ရ ခက်ပါတယ်။ ကြို့ပင်ကောက်မှာ ဘုန်းကြီးအပါး ၄၀ လောက်က ကုလားအိမ်တွေကို ဖျက်နေတယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ ချက်ချင်း ရောက်ပါတယ်။ သို့သော် သံဃာတော်တွေက မင်းတို့ ရဲတွေနဲ့ မီးသတ်တွေ အနား ကပ်လာရင် ငါတို့ မီးရှို့ရလိမ့်မယ်လို့ ပြောလို့ ကျွန်တော်တို့ လက်ခံပြီး နောက်ဆုတ် ပေးခဲ့ပါတယ်။ အဲဒီနောက် သံဃာတော် ၁၅၀ လောက် ဖြစ်လာပြီး လူက အယောက် ၂၀၀ လောက် ဖြစ်လာတယ်။ မိုးလင်းသည်အထိ ဖျက်ဆီးမှုတွေ ဖြစ်သွားခဲ့တယ်။ မိုးညိုမှာလည်း အလားတူပါပဲ။ ကျွန်တော်တို့ ဘာသာမှာ ဝိနည်း စည်းကမ်းနှင့်အညီ နေထိုင်နေတဲ့ ဆရာတော်၊ သံဃာတော်များသည် ယခုလို ဥပဒေမဲ့ လုပ်နေလားလို့ နိုင်ငံတကာက မေးလာရင် အဖြေ မရှိပါဘူး။ မလျှော်ညီပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်ကြီးများလည်း ဆင်းလာပြီး မိန့်ပါမယ်။ ဖြစ်ရင် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်ပါမယ်။ ဒါ့အတွက် ကျွန်တော် လက်ပံတန်းမြို့ကို စိုးရိမ်ပါတယ်။ အခုချိန်စပြီး အဖျက် လုပ်ငန်းလုပ်ရင် ကျွန်တော်တို့ ပြင်းပြင်ထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့နေနဲ့ အတတ်နိုင်ဆုံး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့နဲ့ ကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ အခု အချိန်မှာ ကျွန်တော်တို့ သမ္မတကြီးရဲ့ ညွန်ကြားချက် အရ တရားဥပဒေ စိုးမိုးဖို့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခု ချိန်ကစပြီး မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား လုပ်ပါမယ်။ လမ်းပေါ်မှာ ဖွဲ့ရင် သည်းခံမယ်။ ဗလီနဲ့ လူနေအိမ်တွေ ဖျက်ပြီဆိုရင်တော့ မည်သူ့ကိုမဆို ကျွန်တော်တို့ ပစ်ခတ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ပြစ်မှု ကျူးလွန်သူ ၁၀ ဦး၊ ပေါင်းတည်မြို့နယ်တွင် ၁၀ ဦး၊ သနပ်ပင် မြို့နယ်တွင် ၃ ဦး၊ နတ္တလင်းမြို့နယ်တွင် ၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်းနှင့် လက်ပံတန်း မြို့နယ်တွင် သံသယဖြစ်ဖွယ် လူ ၂ ဦးကို ဖမ်းဆီးခဲ့သော်လည်း မကြာမီ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။