Friday, March 29, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၌ သေဆုံးသူ ၄၂ ဦးနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ၆၈ ဦးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

Created on Friday, 29 March 2013 11:53

AddThis Social Bookmark Button
မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ မတ်လ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၂ ဦး၊ အမှုဖြင့် ဖမ်းဆီးထားသူ ၆၈ ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီအထိ ဖြစ်ပွားခဲ့သော နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံး စာရင်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် သေဆုံးသူ ၄၂ ဦး၊ ဆေးရုံတက်ရောက် ကုသသူ ၉၃ ဦး၊ ဆေးရုံမှ ဆင်းသွားသူ ၆၃ ဦးနှင့် ကုသဆဲ ၃ဝ ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ၆၈ ဦးနှင့် မသင်္ကာ၍ စစ်ဆေးနေသူ ၁၅ ဦးရှိကြောင်း သိရသည်။
ယင်းပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက်သူများက နေအိမ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် အခြားပစ္စည်းများအား မီရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် ၁၂၂၇ လုံး၊ ဈေးဆိုင်ခန်း ၇၇ ခန်း၊ ရုံး ၁ ရုံး၊ ဘာသာရေး အဆောက်အဦ ၃၇ လုံး၊ ဆန်စက်/ဂိုဒေါင် ၄ လုံး၊ ကား/ထော်လာဂျီ ၂၁ စီး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီးဆိုင်ကယ် ၃ စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကောလာဟလ သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် နေခဲ့ကြရာမှမတ် ၂၉ ရက် ယနေ့တွင် တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေလူထု ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီဖြစ်

ကောလာဟလ သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် နေခဲ့ကြရာမှမတ် ၂၉ ရက် ယနေ့တွင် တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေလူထု ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီဖြစ်

AddThis Social Bookmark Button
3.29.1
ယုဇနပလာဇာ အနီးဝန်းကျင်အား မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်းတို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့ရာမှ ယနေ့ မတ် ၂၉ ရက်တွင်တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေ လူထုလည်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီ ဖြစ်ကြောင်း သိရသည်။
မတ် ၂၄ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင်ဆောင် အခြေအနေများ ဖြစ်ပေါ်စေရန် ဆူပူလှုံ့ဆော်မှုများ ရှိနေခြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ ဆိုင်ခန်းအားလုံးကို ည ၉ နာရီမတိုင်မီ ပိတ်သိမ်းရန်နှင့် အခြားလုံခြုံရေးဆိုင်ရာ ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ရသည်။ ထို့အတူ မတ် ၂၅ ရက်က မင်္ဂလာဈေးအနီး ဆူပူမည်ဟူသော ကောလာဟလ သတင်းများကြောင့် ညနေပိုင်းတွင် မင်္ဂလာဈေးနှင့် သိမ်ဖြူလမ်းပေါ်ရှိ ဈေးဆိုင်များကို ပိတ်သိမ်းခဲ့ကြပြီး ပြည်သူများမှာလည်း အထိတ်တလန့်နှင့် အသွားအလာ နည်းပါးသွားခဲ့ရသည်။
ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး လက်ရှိရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော စုရုံးလှုံ့ဆော်မှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်မှု ရှိနေသည့်အပေါ် ထိန်းသိမ်းပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ထက် လုံခြုံရေးယူထားမှုများကို ရှင်းပြခဲ့သည်။
ယင်းနောက်မတ် ၂၅ ရက်ညပိုင်းမှစကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင်း လုံခြုံရေးအခြေအနေကို တိုးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ အသီးသီးတွင်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရပ်ကွက်တွင်း သီးသန့်လုံခြုံရေးများ လုပ်ဆောင်လာကြသည်ဟု သိရသည်။
သို့သော် မတ် ၂၈ ရက်ညပိုင်းအထိ လုံခြုံရေး ဆောင်ရွက်မှုများ ရှိနေခဲ့သည့် နည်းတူ ည ၉ နာရီမတိုင်မီ ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

Wednesday, March 27, 2013

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀...န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက်။။ ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

Photo: ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး 

မှတ်ချက်။။  ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

Thursday, March 28, 2013

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

Hits:2,212

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
လက်ရှိ ဖြစ်ပေါ်လျှက်ရှိသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှုများ အဆုံးသတ်နိုင်ရေးအ တွက် ပြည်သူ အားလုံး မေတ္တာရှေ့ထား၍ သည်းခံကြရန် ဘာသာရေးခေါင်းဆောင်များက ယနေ့ စုပေါင်း တိုက်တွန်းလိုက်သည်။
ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ YMCAခန်းမ တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ကြပြီး ဘာသာအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ တဦးနှင့်တဦး မေတ္တာထားကြရန် လိုအပ်ကြောင်း၊ ဘာသာအားလုံး အတူတကွ စည်းလုံးမှသာလျှင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မည် ဖြစ်ကြောင်း ဘာသာရေးေ ခါင်းဆောင်များက ပြောဆိုကြသည်။
မြန်မာပြည်အတွက် ဆုတောင်းခြင်း (PRAY FOR MYANMAR) ဟု အမည်တပ်ကာ ကျင်းပသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ရန်ကုန်မြို့ အခြေစိုက် ဘာသာပေါင်းစုံ ပါဝင်သော လူငယ်များက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
“လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပြေလည်သွားဖို့ ဒီဆုတောင်းပွဲလေးကနေ ဆက်လက် ကျယ်ပြန့်ပြီးတော့ တတိုင်းပြည်လုံးကနေ ဒါမျိုးလေးတွေလုပ်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်” ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို စီစဉ်သူ ကိုသစ်ဆွေဝင်းက ပြောသည်။
ဒေါသကိုရှောင်၍ အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် မေတ္တာတရား ထားပါက တိုင်းပြည် ကြီးပွားတိုးတက် မည် ဖြစ်ကြောင်း၊လူမျိုးဘာသာ မရွေး အတူတကွ ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ကြရန် တိုက်တွန်း လိုကြောင်း မင်းကွန်းတောရ ဆရာတော် တိပိဋကဓရ ဦးကောပညာက မိန့်သည်။
“လူ အချင်းချင်းမေတ္တာ ထားနိုင်ရင် ဒီပြဿနာမျိုး ဖြစ်ပါ့မလား၊ အခုတော့ မသိတရားတွေနဲ့ အချင်းချင်းချကြတော့ အခုကာလ အိမ်တလုံး ဖြစ်ဖို့ လွယ်ရဲ့လား၊ အခုလို လုပ်တော့ လူဖြစ်ကျိုး မနပ်တော့ဘူး။ လူ့ အသိရှိကြဖို့လိုတယ်” ဟု ဆရာတော်က ဆိုသည်။
ယခုကိစ္စသည် အစ္စလမ် ဘာသာဝင်များသာမက တိုင်းရင်းသား လူမျိုးအားလုံးနှင့်ပါ သက်ဆိုင်ကြောင်း၊ တိုင်းပြည်ကို မီးလောင်တိုက်သွင်းရန် ကြံစည်မှုဖြစ်ကြောင်း၊ ပြည်သူလူထုက ပညာဉာဏ်ဖြင့် ဖြေရှင်းမှသာလျှင် ပြေလည်နိုင်မည် ဖြစ်ကြောင်း အစ္စလမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က ပြောသည်။

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

Hits:1,184

မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။
SHDA မှ ဒါရိုက်တာ ဦးရာဇာက“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”ဟု ပြော သည်။
နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာအဲ့သ၀ါ က“HIV ဖြစ်နှုန်းက တိုးလာတယ်။ ဒါပေမယ့် တချို့ပြောင်းရွှေ့လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့ ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက် အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးတာတွေတော့ လုပ်တယ်”ဟု ပြော သည်။
မယ်တော်ဆေးခန်း ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုရယူသည့် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစု မှာ အမျိုးသမီးများဖြစ်ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏ ဆေးဝါးကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သ၀ါ က ပြောသည်။

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆုတောင်း

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆုတောင်း

ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မပာာဗန္ဓုလ လမ်းထောင့်ရှိ YMCA ခန်းမန့၌ ယနေ့ မွန်းလွဲ နှစ်နာရီ အချိန်က ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေး တရားဟောပြောကာ ငြိမ်းချမ်းရေး ဆုမွန်ကောင်းများ သက်ဆိုင်ရာဘုရား အသီးသီးတွင် တောင်းဆိုခဲ့သည်။
ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆုတောင်း
ရန်ကုန်မြို့  YMCA ခန်းမ၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားတွင် ယောဆရာတော် တက်ရာက်၍ လူ့အသိစိတ်ဓါတ်ရှိမှ လူပီသကြောင်း ငြိမ်းချမ်းရေးတရား ဟောကြားခဲ့သည်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ)
ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ အစရှိသည့် ဘာသာလေးမျိုးမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
ထိုဆုတောင်းပွဲတွင် ဗုဒ္စဘာသာမှ ယောဆရာတော်ကြီး တက်ရောက်ကာ ဘုရားဟော ငြိမ်းချမ်းရေး တရားများနှင့် ဆုတောင်းခဲ့သည်။ ထို့အပြင် ဗုဒ္ဒဘာသာဝင်များအား “လူအသိစိတ်ဓါတ်ရှိမှ လူဖြစ်တာပါ” ဟု ဆုံးမ သြ၀ါဒ ချီးမြှင့်သွား ခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။