ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို ပြသလိုက်တဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာ
DVB News, 14March 2013 —- လတ်တလော လက်မခံနိုင်တဲ့သူတွေ ရှိနေတဲ့တိုင် မတ်လ ၁၁ ရက်နေ့က သမ္မတဆီ တင်ပြီး အများပြည်သူကို ထုတ်ပြန်လိုက်တဲ့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းပြည့်မီသူတယောက်ဖြစ်ကြောင်း သက်သေပြလိုက်သ လို ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွား မယ် ဖြစ်ပါတယ်။
အစီရင်ခံစာမှာ ဒီ စီမံကိန်းကို ဒီအတိုင်း ဆက်လုပ်ရင် သဘာဝပတ်ဝန်းကျင် အတွက်ရော၊ ဒေသခံပြည် သူတွေနဲ့ နိုင်ငံအတွက်ပါ သိပ်အကျိုးမများတာကြောင့် ဒီနည်းလမ်းကို မရွေးသင့်ဘူးလို့ အကြံပြုခဲ့ပါတယ်။ အလားတူ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းလိုက်ရင် တရုတ်နဲ့ ပြဿနာပေါ်ရုံမက နိုင်ငံတကာမှာ မြန်မာနိုင်ငံ ပုံရိပ်မကောင်းဖြစ်မှာ၊ ပြည်သူတွေအတွက် အကျိုးမများမှာ၊ သဘာဝ ပတ်ဝန်းကျင် ပြန်လည် ပြုပြင်နိုင်ရေး အခက်အခဲ ရှိလာမှာဖြစ်တဲ့အတွက် ဒီ လမ်းကြောင်းကိုလည်း မရွေးချယ်သင့်ကြောင်း အကြံပေးပါတယ်။

