ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ
by သစ်ထူးလွင်
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော
ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက
၅ နာရီမှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့်
မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထားတယ်”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။
နန်းခင်ဇေယျာကို မြန်မာဘောလုံး အဖွဲ့ချုပ် သံတမန် ခန့်အပ်
by Nyatasay
ဂျပန်နိုင်ငံ၌
ကျင်းပခဲ့သည့် Miss International 2012 တွင် ထင်ရှားလာပြီး
“ပရိသတ်ရွေးချယ်မှုဆု” နှင့် “မစ္စ အင်တာနက် ဆု” ရခဲ့သူ အလှမယ်
နန်းခင်ဇေယျာကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) ၏ သံတမန်တဦးအဖြစ်
ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
MFF အနေဖြင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို အားပေးသည့် ပရိသတ်
လျော့ကျနေမှုကို ပြန်လည် မြင့်တက်လာစေရန် အဓိကထား၍ နန်းခင်ဇေယျာကို
ခန့်အပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး
တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။
ကြွက်လည်း ကြောက်ရ … အထက်လည်း ကြောက်ရ ရန်ကုန်ရဲတို့ ဘဝ
by Nyatasay
ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်က ကျောက်တံတား ရဲစခန်း ဝန်ထမ်းလိုင်းခန်းများကို မြင်ရစဉ် (ဓာတ်ပုံ – စတိဗ် တစ်က်နာ / ဧရာဝတီ)
အခွံနွှာပြီးသား အုန်းသီးလုံး အရွယ်အစားရှိတဲ့ အမွှေးထူထူ အနက်ရောင်
မြို့ကြွက်တွေကို လူတယောက် ဝင်ရုံသာဆံ့တဲ့ တန်းလျား ရေချိုးခန်းမှာ
သိုင်းကွက်နင်းသလို ရှောင်နေရတာက အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက်
မထူးဆန်းတော့။
ဒါ့အပြင် ကိုလိုနီခေတ် အချိန်ဝန်းကျင်ကတည်းက ဆောက်လုပ်ထားခဲ့တယ်လို့
မသေမချာ ကြားဖူးနားဝ သူသိထားတဲ့ မိသားစု ၄ ယောက် နေသာရုံ ဆယ်ပေပတ်လည်
အခန်းထဲမှာ အနှစ် ၃၀ နီးပါး နေခဲ့ရတာ ဟာ လည်း သူ့အတွက် နေသားကျနေပါပြီ။
မြန်မာ့စီးပွားရေး ဦးမော့ရန် အများကြီး လုပ်စရာလို
by Nyatasay
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်အတွင်း မြန်မာနိုင်ငံ ပါဝင်လာနိုင်ရေး အချိန်များစွာ ဖြေရှင်းယူရဦးမည် (ဓာတ်ပုံ – Reuters)
နိုင်ငံတကာမှ မျှော်လင့်ထားသည်ထက် မြန်မာ့စီးပွားရေး
ပြုပြင်ပြောင်းလဲရေး အရှိန်ပိုမြန်နေခြင်းနှင့်အတူ တိုင်းပြည်စီးပွား
ပြန်လည်ဦးမော့စေရေး ခိုင်မာသော အခြေခံကောင်းများ ချမှတ် ဆောင်ရွက်ရာ တွင်
နေပြည်တော်အစိုးရ၏ သန္နိဌာန်နှင့် အားထုတ်မှုများအပေါ် အမေရိကန်နှင့်
အိုင်အမ်အက်ဖ်ရှိ ကျွမ်းကျင်သူတို့က ချီးမွမ်းကြသော်လည်း လုပ်စရာ
မြောက်မြားစွာ ကျန်နေသေးကြောင်း ပြော ဆိုကြသည်။
ပုံနှိပ်ဥပဒေကြမ်း စာနယ်ဇင်းအသင်းများ ကန့်ကွက်
by Nyatasay
၂၀၁၂ ခုနှစ်အတွင်းက သတင်းလွတ်လပ်ခွင့်အတွက် စာနယ်ဇင်းသမားများ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ပြန်ကြားရေးဝန်ကြီးဌာနက အတည်ပြုရေးထားသော
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အစိုးရပိုင်
သတင်းစာများတွင် ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ရာ ယင်းဥပဒေကြမ်းသည်
သတင်း လွတ်လပ်ခွင့်ကို ပြန်လည် ထိန်းချုပ်ရာ ကျသောကြောင့် စာနယ်ဇင်းအသင်း
၃ခုက တရားဝင်ကန့်ကွက် မည် ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ ဦးမျိုးမင်းထိုက်၊ မြန်မာသတင်းသမဂ္ဂမှ
ဦးဇော်သက်ထွေးနှင့် မြန်မာ ဂျာနယ်လစ်ကွန်ရက်မှ တာဝန်ရှိသူများက လာမည့်
ရက်အနည်းငယ်အတွင်း အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို တရားဝင် ကန့်ကွက်သော
ကြေညာချက်များ ထုတ်ပြန်သွားရန်ရှိကြောင်း၊ ယင်းဥပဒေကြမ်းသည်
စာနယ် ဇင်းလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်နေသဖြင့်
ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြော ဆိုကြ သည်။
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလား
by Nyatasay
မလက်တို အဓိကရုဏ်း ဖြစ်ပြီးနောက် လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း မအူပင် မြို့နယ်
မလက်တိုရွာမှာ လယ်သိမ်းခံ လယ်သမားများနဲ့ လုံခြုံရေး ယူတဲ့ ရဲတို့ ပဋိပက္ခ
ဖြစ်ပွားရာမှာ အပြန်အလှန် ရိုက်နှက်မှုနဲ့ ရဲက ခြောက်လှန့်
ပစ်ခတ် မှုတွေကြောင့် ဒေသခံနဲ့ ရဲတပ်ဖွဲ့ဝင် အများအပြား ဆေးရုံတက်ရပြီး
ရဲတပ်သား တဦး သေဆုံးခဲ့ပါ တယ်။ ကြောက်ရွံ့ပြီး ပုန်းရှောင်နေရတဲ့
ဒေသခံတွေလည်း ရှိပါတယ်။
ဒီဖြစ်ရပ် မတိုင်ခင်ကလေးတင်ပဲ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်
နှစ်ကျပ်ခွဲရွာမှာ ကိုယ်ထူ ကိုယ်ထ လျှပ်စစ်မီးကို လာဖြတ်တောက်လို့
ကန့်ကွက်တဲ့ရွာခံတွေကို ရဲတွေက ကြမ်းကြမ်းတမ်း တမ်း နှိမ်နင်းပြီး
ကန့်ကွက်မှုကို ဦးဆောင်တဲ့ သံဃာတော် တပါးကိုလည်း ဖမ်းဆီးထားပါတယ်။