Sunday, February 24, 2013

ဗီယက်နမ်နိုင်ငံ MYSICO ကုမ္ပဏီမှ နေပူတောင် (မာဘယ်လ်) ကျောက်အား ၂၅ နှစ်ထုတ်ယူမည်


ဗီယက်နမ်နိုင်ငံ MYSICO ကုမ္ပဏီမှ နေပူတောင် (မာဘယ်လ်) ကျောက်အား ၂၅ နှစ်ထုတ်ယူမည် 


Arakan Times, 23February 2013  —-  ရခိုင်ပြည် တောင်ကုတ်မြို့မှ ၂၉ မိုင်၊ ၄ ဖာလုံခန့်အကွာ၊ ရခိုင်ရိုးမ တောင်ပေါ်ရှိ နေပူတောင်မှ အလှဆင် (မာဘယ်လ်) ကျောက်များအား ဗီယက်နမ်နိုင်ငံ (MYSICO) ကုမ္ပဏီမှ ၂၅ နှစ်ထုတ်ယူမည် ဖြစ်ကြောင်း သိရသည်။
MYSICO ကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ရေးစီမံကိန်းအား မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ လုပ်ငန်းလိုင်စင်ရရှိထားခဲ့ရာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ လုပ်ငန်း စတင်ခဲ့ပြီး မြန်ဆန်စွာ လုပ်ကိုင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှသံအမတ် Mr.NChu Cong Phung၊ MYSICO ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ Mr. Ngagen Cong Kun တို့မှာ ရခိုင်ပြည်နယ်အစိုးရနှင့် ဇန်နဝါရီလ (၂၈) ရက်နေ့ က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်း၏ ရိုက်ခံသံ


ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်း၏ ရိုက်ခံသံ 


Arakan Times, 19February 2013  —–
စီမံကိန်းရှိနေရာမှ ဒေသခံနေအိမ်များ
ပတ်ဝန်းကျင်မြင်ကွင်းတွေက ကျွန်မရဲ့စိတ်တွေကို ညိုးနွမ်းစေပါပြီ။ မြဒေးကျွန်းကို ပထမတစ်ကြိမ်ရောက်ရှိခဲ့စဉ် မြင်ကွင်းနှင့် ယခုရောက်ရှိစဉ်မြင်ကွင်းက ကွဲပြားနေတယ်။ ဒေသခံတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ၊ သဘာဝပတ်ဝန်းကျင်ကအစ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။
ရေနံနှင့်သဘာဝဓါတ်ငွေ့ကို တရုတ်နိုင်ငံသို့ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရန် ကုန်ယူဝင့်ကြွားစွာ နေ့မအား၊ ညမအား တည်ဆောက်နေချိန်၊ တဖက်မှာတော့ ဒေသခံပြည်သူတွေရဲ့ ရုပ်သဏ္ဍန်တွေက အားပျော့နွမ်းလျှနေပြီ၊ ခံစားချက်၊ နာကြီးချက်၊ ဒေါသစိတ်တွေက ပြည့်နှက်နေကြလေပြီ။
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ ရေခံ၊ မြေခံကောင်းသောမြဒေးကျွန်းရှိ ဥယျာဉ်ခြံမြေတွေဟာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့စီမံကိန်းကြီးကြောင့် ကွယ်ပျောက်ခဲ့ရပြီ။ ဒေသအခေါ် နတ်မကျွန်းမြစ်နှင့် သံစစ်မြစ်တွင်းရှိ မြဒေးကျွန်ဒေသခံများ၏ ထမင်းအိုးကြီး ကွဲခဲ့ရပါပြီ။

အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ




အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ

အီကြာကွေးမှာ အမိုးနီးယား ပါဝင်လို့ဆို
BBC News, 22February  2013  —-  မြန်မာနိုင်ငံမှာ လူတွေနေ့စဉ် စားသုံးနေတဲ့ ငရုတ်သီးမှုန့်၊ လက်ဖက်နဲ့ ငါးပိရည် ကအစ ဝက်အူချောင်း၊ ပုဇွန်ခြောက် စတဲ့ စားသောက်ကုန် တွေထဲက တံဆိပ် အချို့ မှာ စက်ရုံလုပ်ငန်းသုံး ဓာတု ပစ္စည်းတွေ ပါဝင်နေ တယ်လို့ အစိုးရက ကြေညာ ထားတာ ရှိပေမယ့် ထိရောက်တဲ့ စစ်ဆေး အရေးယူမှု တွေကို အခုထိ မလုပ်နိုင်ဘဲ ရှိနေပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။