Tuesday, February 19, 2013

လူတော်လူကောင်းပြဿနာနှင့် ဟီလရီကလင်တန်၏သင်္ခန်းစာ


လူတော်လူကောင်းပြဿနာနှင့် ဟီလရီကလင်တန်၏သင်္ခန်းစာ

by Bo K Nyein on Monday, February 18, 2013 at 9:44pm ·
ဒါဒီ မစ္ဇိမဂျာနယ် မှာ အပတ်ပါတဲ့ ဆောင်းပါးပါ
ရှေးဦးစွာစာရေးသူဟာ Classical Liberalism ကိုလက်ခံယုံကြည်သူ ၊ Social Liberalism ကိုလက်မခံသူမို့ သမ္မတကလင်တန်ကို မဲပေးခဲ့သူမဟုတ်ပါ။ ထို့ကြောင့် ဟီလရီ ကိုလည်းကြိုက်သူမဟုတ်ပါဟု ရှေးဦးစွာ ကြိုတင်ဝန်ခံပါရစေ။
သမ္မတကလင်တန် အိမ်ဖြူတော်တွင် အလုပ်သင်သူငယ်မနှင့်ရှုပ်ခဲ့စဉ်ကလည်း သမ္မတရာထူးကို မရိုသေသူ အဖြစ်ရွံမုန်းခဲ့ပါသည်။ သို့သော် သမ္မတကလင်တန် အပြီး တက်လာသော သမ္မတဘုရ် နှင့် သမ္မတအို ဘားမားတို့နှင့် ယှဉ်လိုက်သောအခါ သမ္မတကလင်တန်၏ လုပ်ဆောင်မှုများသည် များစွာခြားနားနေသည် ကိုတွေ့မြင်ရပါသည်။ အကြောင်းမှာ အမေရိကန်စနစ် သည် တဦးချင်းဦးစားပေးမှု (Individualism) ကို အားပေးသောစနစ်ဖြစ်၍ အတွေ့အကြုံ အရေအချင်းထက် ၊ Charisma ဟုခေါ်သော လူကြိုက်များမှု ၊ လူထု ကိုဆွဲဆောင်နိုင်မှု အပေါ်အခြေခံ၍ ရွေးချယ်ခြင်းဖြစ်ခြင်းကြောင့် ၊ သမ္မတအများစု သည် ရေထဲကန်ချ ခံရ သည်ပမာ အလုပ်တာဝန်ထမ်းဆောင်ရင်း အလုပ်ကသင်ပေးခြင်းကိုခံကြရပါသည်။

Monday, February 18, 2013

ငွေရှိတိုင်း မဖြစ်နှိင်သောအရာများ


ငွေရှိတိုင်း မဖြစ်နှိင်သောအရာများ 

ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက် …အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။  1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။  2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။  3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။  4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။  5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။  6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)ကို ဝယ်လို့မရဘူး။  7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကိုမင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။  8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကိုဝယ်လို့မရဘူး။  9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။  10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်(Time) ကို ဝယ်လို့မရဘူး။  11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်းဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။  12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်းဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။  13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်းထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့မရဘူး။  14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကိုဝယ်လို့မရဘူး။  15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကိုမင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။  16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။  17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီးသိက္ခာဆည်လို့မရဘူး။  18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်ပြန်ကာလို့မရဘူး။  19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။  20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။  (1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလိုသုံးချင်သူ။  (2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။  မှတ်ချက်။ ။ ဗဟုသုတ အဖြစ် မျှဝေပါသည်။  လိုတာလေးတွေရှိရင် Command မှာဖြည့်ပေးနော်....

ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက် …အောက်ကအချက် (၂၀) ကို ဖတ်ကြည့်ပေးပါ…………။

1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။

မြန်မာစာနဲ့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေကို အလေးမထားတဲ့ International School များ


မြန်မာစာနဲ့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေကို အလေးမထားတဲ့ International School များ 

  1. မြန်မာစာနဲ့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေကို အလေးမထားတဲ့ International School များ
    မြန်မာတစ်ယောက်ဟာ အင်္ဂလိပ်တစ်ယောက်လို အင်္ဂလိပ်စကားပြောတတ်ပေမဲ့ အင်္ဂလိပ်တော့ ဖြစ်မသွားပါဘူး။ မြန်မာဖြစ်ပြီး မြန်မာစာကို ကောင်းကောင်းမရေးတတ်မဖတ်တတ်လို့
    အင်္ဂလိပ်လည်းမဖြစ် မြန်မာလည်း မပီသနဲ့ ဟိုမရောက်ဒီမရောက် အောက်ကလိအာတွေ ပဲ ဖြစ်လာမှာပါ။မြန်မာပြည်မှာနေတဲ့ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာ စာ မရေးနိုင်မဖတ်နိုင်တာဟာ ရှက်တတ်ရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။
    မြန်မာပြည်မှာ ဖွင့်ထားတဲ့ ပိုက်ဆံတတ်နိုင်သူတွေရဲ့ သားသမီးတွေသာ တတ်နိုင်တဲ့ International school ကကျောင်းသားတွေဟာ မြန်မာစာကောင်းကောင်းရေးတတ်ဖတ်တတ်ခြင်းမရှိဘူးလို့ ကြားနေရတယ်။

SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံမေးမြန်းခြင်း


SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ဧရာဝတီ)
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီရေးအတွက် စစ်အာဏာရှင် အဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့သော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်များထဲတွင် တဖွဲ့အပါအဝင်ဖြစ်သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မဏာမ အပစ်အခတ် ရပ်စဲထားသည်။
SSA တောင်ပိုင်းအဖွဲ့သည် ယခင်က မူးယစ်ဆေးဝါး ကိစ္စနှင့် ဆက်နွယ်ကြောင်း စွပ်စွဲပြောဆိုခံ ရမှုများရှိခဲ့ပြီး ယခုအခါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စီမံကိန်းရေးဆွဲ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ယခင်က သတင်းမီဒီယာ ထိန်းချုပ်မှုများ ရှိခဲ့သော်လည်း ယခုနှစ် ၆၆ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနားတွင် သတင်းမီဒီယာများကို တံခါးဖွင့်ပေးခဲ့ပြီး ရှမ်းတပ် ခေါင်းဆောင်များက လွတ်လပ်စွာ သတင်း မှတ်တမ်း ယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်ပြုခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။