Monday, February 18, 2013

မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ



မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ 

Hits:13,175
မန္တလေးတွင် တရားမ၀င် နေထိုင်ကြသူ အများစုသည် တရုတ်အနွယ်ဝင်များဖြစ်သည်ဟု မန္တလေးမြို့ခံများက ဆိုသည် (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရား မ၀င် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆယ်တန်းအောင်ပြီးသူများ SAT ရမှတ်မလိုပဲ အမေရိကန်ကျောင်း တက်ရောက်နိုင်

ဆယ်တန်းအောင်ပြီးသူများ SAT ရမှတ်မလိုပဲ အမေရိကန်ကျောင်း တက်ရောက်နိုင် 

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ SAT ရမှတ်တင်ပြရန်မလိုပဲ အမေရိကန်ရှိ University Pathway Program သို့ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရသည်။ မြန်မာနိုင်ငံမှအခြခံပညာအထက်တန်း(ဆယ်တန်း)အောင်မြင်ပြီးသူများ IELTS 5.5 ရရှိယုံဖြင့် University Pathway Program သို့ SAT/GMAT ရမှတ်များ တင်ပြရန် မလိုပဲ လျှောက် ထား နိုင်ခြင်းဖြစ်သည်။
 မြန်မာကျောင်းသားများအနေဖြင့် အမေရိကန်ကျောင်းများသို့ လျှောက်ထားရာ၌ SAT အား မဖြစ်မနေလုပ်ဆောင် ရမည်ဟုထားရှိသည့် ယူဆချက်မှာ မှားယွင်းကြောင်း၊ SAT မပါပဲ အမေရိကန်ကျောင်း ကျောင်းလျှောက် ထားနိုင်ကြောင်း Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က ဆိုသည်။

အရင်းပျောက် လူ့အဖွဲ့အစည်း


အရင်းပျောက် လူ့အဖွဲ့အစည်း

by Zeya Thu on Friday, February 15, 2013 at 11:02am ·
ကျွန်တော်တို့ရဲ့ ပြသနာက အရင်း ပြသနာဖြစ်ပါတယ်။ ဒီကိစ္စရှင်းနိုင်မှ တိုင်းပြည် ရှေ့ရောက်နိုင်မယ့်အကြောင်း ရေးထားတဲ့ ဆောင်းပါးပါ။ မနက်ဖြန် ထွက်မယ့် Voice အတွက် ရေးထားတာပါ။
အရင်းပျောက် လူ့အဖွဲ့အစည်း
မြန်မာ့ စီးပွားရေး အောက်ကျနောက်ကျနိုင်ရခြင်းကို အရင်းစစ်လိုက်သောအခါ အရင်းပျောက် နေကြောင်း တွေ့ရသည်။
ဖွံ့ဖြိုးမှုပန်းတိုင်သို့ မြန်မာနိုင်ငံ သွားနေသော လမ်းကြောင်းသည် ယနေ့ တစ်ကမ္ဘာလုံးနီးနီး ကျင့်သုံးနေသည့် ဈေးကွက် စီးပွားရေးစနစ်ဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်” ဟု အတိအလင်းဖော်ပြထားသည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာ capital ခေါ် အရင်းကို အခြေပြုပြီး စီးပွားရေးလုပ်ငန်းများ ထူထောင်ကာ လူအများလိုအပ်သည့် ကုန်ပစ္စည်းများထုတ်လုပ်၊ ၀န်ဆောင်မှုများ ပေးခြင်းဖြစ်သည့် အရင်းရှင်စနစ် (capitalism) ကိုပင် နားဝင်ပိုချိုမည့် နာမည် နောက်တစ်မျိုးဖြင့်ခေါ်ခြင်းဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။