Wednesday, February 13, 2013

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်၊ စည်းကမ်း ဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူမည်


ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်၊ စည်းကမ်း ဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူမည်  

မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များမှ လုပ်ပိုင်ခွင့်အား အလွဲသုံးစား ပြုလုပ်မှုနှင့် အဂတိ လိုက်စားမှုများကို သိရှိ၍ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက ပြည်သူလူထုမှ တိုင်ကြားနိုင်ပြီး စည်းကမ်းဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး သန်းမြင့်က Eleven Media Group ၏ မေးမြန်ချက်အပေါ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်စီးပွားရေးဦးပိုင်လီမိတက်ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော်


စစ်တပ်စီးပွားရေးဦးပိုင်လီမိတက်ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော် 


စစ်အုပ်စု ပါးစပ်ဟလိုက်တာနဲ့ သွားဘယ်နှစ်ချောင်း ကျိုးနေတယ်ဆိုတာ ဗကပ သိနေတယ်။ ဒီဆောင်းပါး အနှစ် ၂၀ ကျော်ခဲ့ပြီ။
----

စစ်တပ်စီးပွားရေးဦးပိုင်လီမိတက
်
(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော်
ပြည်သူ့အာဏာဂျာနယ် အမှတ် ၆ (၁၉၉၀ ခုနှစ်၊ မေ၊ ၉)
တွင်ပါရှိသောဆောင်းပါး)
ပြီးခဲ့သည့် ၁၉၉၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငြိမ်၊ပိအစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings limited) ဆိုသည်ကို ဖွဲ့စည်း လိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် ၇/၉၀ ဖြင့် ကြေငြာသွားသည်။ အမှတ်တမဲ့ဆိုလျင်တော့ အခုတလော စစ်အစိုးရကြေငြာနေသည့် ကုမ္ပဏီတည်ထောင်ခြင်းစသည့် သတင်းမျိုးများထဲက တခုဟုသာထင်စရာရှိသည်။ သို့ သော် ဂရုပြုနားထောင်လိုက်သူများအဖို့မူ ရေဒီယိုသတင်းကြားလိုက်သည့်နှင့်ပင် အောက်ပါထူးခြားချက် နှစ်ချက် ကို သတိပြုမိလိုက်သည်။

Tuesday, February 12, 2013

ထိုင်း နိုင်ငံမှာ အရွယ် မရောက်သေးတဲ့ ၁၂ နှစ် အရွယ် မြန်မာ နိုင်ငံသား ကရင်မိန်ကလေး အိမ်ရှင် ဇနှီးမောင်နှံ ရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်


ထိုင်း နိုင်ငံမှာ အရွယ် မရောက်သေးတဲ့ ၁၂ နှစ် အရွယ် မြန်မာ နိုင်ငံသား ကရင်မိန်ကလေး အိမ်ရှင် ဇနှီးမောင်နှံ ရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက် 

အိမ်ရှင် အလိုကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ်မှာ လှောင်ထားပြီး ရေနွေးပူ နဲ့ လောင်းခြင်း၊ နားရွက် ဖြတ်ပေးခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ ရှိပါသတဲ့။ တခါထွက်ပြေးဖူးသော်လဲ ရဲက အဲဒီ အိမ်ကို ပြန်ပို့ပေးခဲ့တယ်။
နောက်ဆုံးတော့ နီးစပ်ရာ ကူညီသူများ အကူအညီ နဲ့ ထိုင်း လူမှု ကယ်ဆယ်ရေး အဖွဲ့ကို အပ်နှံခဲ့တယ်။ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာ အစိုးရ ရဲ့ အကူအညီ မရသေးပါဘူး။
နိုင်ငံတကာမှာ ဘယ်နိုင်ငံ မဆို ကိုယ့် နိုင်ငံသား တစ်ယောက် အခြား နိုင်ငံမှာ ဒုက္ခ ရောက်နေရင် အစိုးရ ကိုယ်တိုင် ၀င်ပြီး အရေးတယူ လုပ်တတ်ကြပါတယ်။ ဒါကြောင့်လဲ သူများနိုင်ငံသားတွေဟာ လုံခြုံမှု နဲ့ ကိုယ့် အစိုးရ အပေါ် ယုံကြည်မှု တွေ ရှိနေတာပါ။

ထိုင်း အလုပ်ရှင်က ကရင်မိန်းကလေးကို ရေနွေးပူ နဲ့ လောင်း ၊ ထိုင်းသံရုံးကို တယ်လီဖုန်းခေါ် ရှုံ့ ချကန့် ကွက်ကြပါ။

ထိုင်း အလုပ်ရှင်က ကရင်မိန်းကလေးကို ရေနွေးပူ နဲ့ လောင်း ၊ ထိုင်းသံရုံးကို တယ်လီဖုန်းခေါ် ရှုံ့ ချကန့် ကွက်ကြပါ။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက် (အင်္ဂါနေ့)

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း  ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက  ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။                   

ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့  လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက  ဒီဗွီဘီကို ပြောပါတယ်။

အလုပ်ရှင် အမျိုးသမီးဖြစ်သူက  ဒီမိန်းကလေးကို  ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး  ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က   မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက  ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက  ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး  အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ  အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက်  ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ  ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက  ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က  ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။  

ကလေးရဲ့ မိဘတွေကတော့  ကလေးခေါ်သွားတာ သိနေပေမယ့်  အလုပ်ရှင်ရဲ့ သြဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ  အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို  ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ  တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက်  အမှတ် ၁၉၃  မှာ နေထိုင်သူ နန်းရတ်နာ့ကန်  အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန်  အသက်  ၃၅   ကို ဖမ်းဆီးခဲ့ပါတယ်။  

ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး   ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ  ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ  လင်မယား ၂ ဦးကို  အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု  စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို ပြောကြား သွားပါတယ်။

Photo courtesy: Thairath
ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။