Monday, January 28, 2013

န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ


န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ 

  ရှစ်လေးလုံး အရေးတော်ပုံ ကာလ ရန်ကုန်မြို့ မြင်ကွင်း
 
တချိန်က စစ်အစိုးရရဲ့ လက်စွဲ အမိန့်အမှတ် ၂/၈၈ ကို သမ္မတ ဦးသိန်းစိန်က လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပါ ဥပဒေ ပုဒ်မ ၄၄၇ နဲ့ ဆန့်ကျင်နေတဲ့အတွက် ဇန်န၀ါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ သမ္မတရဲ့ အမိန့်အမှတ် ၃/ ၂၀၁၃ နဲ့ ဖျက်သိမ်းလိုက်ပါပြီ။ 
ဒီအမိန့်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာပြီးနောက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ကချင်အရေး ဝအဖွဲ့ရဲ့ ဖိတ်ခေါ်ချက် အစိုးရလက်ခံ




ကချင်အရေး ဝအဖွဲ့ရဲ့ ဖိတ်ခေါ်ချက် အစိုးရလက်ခံ 

ဝ ဒေသ ပန်းဆန်း မြို့မှာ လာဆွေးနွေးဖို့ ကမ်းလှမ်းလိုက်တာ ဖြစ်တယ်လို့ UWSA က ပြောပါတယ်
BBC News, 28 January 2013  —-   ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA နယ်မြေထဲ လာပြီး၊ ကေအိုင်အိုနဲ့ အစိုးရ အကြား ပြန်လည် ဆွေးနွေး မှုတွေ ပြုလုပ် ကြဖို့ ဝအဖွဲ့ရဲ့ ဖိတ်ခေါ် ချက်ကို အစိုးရ ဘက်က လက်ခံ လိုက်ပါတယ်။
ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရ အကြား ရပ်တန့် နေတဲ့ ဆွေးနွေး မှုတွေ ပြန်စ နိုင်အောင်၊ UWSA ကနေ ပြီးခဲ့တဲ့ ၅ ရက်လောက်က နှစ်ဘက် စလုံးကို အခုလို ဖိတ်ခေါ် လိုက်တာ ဖြစ်တယ်လို့ UWSA အဖွဲ့က ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကို သောင်းကျန်းသူများဟု မခေါ်ရန် မေတ္တာရပ်ခံ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကို သောင်းကျန်းသူများဟု မခေါ်ရန် မေတ္တာရပ်ခံ 

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး လွှတ်တော် အတွင်း ဆွေးနွေး ပြောဆိုရာ မှာ ရောင်စုံသူပုန်၊ သောင်းကျန်းသူ စတဲ့ အသုံးအနှုန်း မျိုးတွေ မသုံးစွဲဖို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်။ ---

အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း


အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း 


RFA News, 28 January 2013  —-  အစိုးရနဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့တို့အကြား KIO အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို “၀”ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း “၀”ပြည် သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ဖက် စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။